[Unicode]

Vinsmart ကုမ္ပဏီသည် လက်ရှိ အသုံးပြုနေသည့် ကမ္ဘာ့အဆင့် ထုတ်လုပ်မှုနှင့် တပ်ဆင်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဆင့်မြင့်နည်းပညာများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမှ ၎င်း၏ အရောင်းကိုယ်စားလှယ်များနှင့် မီဒီယာ မိတ်ဆွေများအား ဗီယက်နမ်နိုင်ငံရှိ Vsmart စမတ်ဖုန်း ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လည်ပတ်နိုင်စေရန် စီစဉ်ပေးခဲ့သည်။ ထိုသို့သွားရောက်လည်ပတ်ရာတွင် စက်ရုံ၏ Head of QA ဖြစ်သူ Mr. Phan Toan Thang မှ ကြိုဆို၍ စက်ရုံ အတွင်း သုံးစွဲထားသော အဆင့်မြင့် စက်ကိရိယာများနှင့် ထုတ်လုပ်မှု အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့သည်။

Vsmart စမတ်ဖုန်းစက်ရုံသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Hoa Lac Hi-Tech Park အတွင်းရှိ စုစုပေါင်း မြေနေရာ အကျယ်အဝန်း ၁၅ ဟက်တာ (၁၅၀,၀၀၀ စတုရန်းမီတာ) ပေါ်တွင် တည်ရှိသည်။ လက်ရှိတွင် ပထမအဆင့်စက်ရုံသည် ၂၁,၅၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိသော ၂ ထပ် အဆောက်အဦးဖြစ်ပြီး မြေညီထပ်တွင် မိုဘိုင်းဖုန်း ထုတ်လုပ် တပ်ဆင်ရေး လုပ်ငန်းများနှင့် ဒုတိယထပ်တွင် တီဗီနှင့်လေအေးပေးစက် ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းများအား လုပ်ဆောင်လျက် ရှိသည်။ လက်ရှိတွင် ပထမအဆင့်စက်ရုံသည် တစ်နှစ်လျှင် ထုတ်ကုန်အရေအတွက် ၂၃ သန်းအထိ ထုတ်လုပ်နေနိုင်ပြီ ဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ၄၅,၀၀၀ စတုရန်းမီတာ အကျယ်အဝန်း ရှိသည့် အထပ် ၃ ထပ်ပါဝင်သော ဒုတိယအဆင့် စက်ရုံကိုလည်း တည်ဆောက်လျက် ရှိပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးမည် ဟု မျှော်မှန်းထားသည်။ အဆိုပါ ဒုတိယအဆင့် စက်ရုံ တည်ဆောက်ပြီးစီးပါက အဆိုပါ Vsmart စက်ရုံ ၂ ရုံသည် တစ်နှစ်လျှင် စုစုပေါင်း ထုတ်ကုန် အရေအတွက် ၁၂၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည် ဖြစ်သည်။

ထိုသို့သွားရောက်လည်ပတ်ရာတွင် အရောင်းကိုယ်စားလှယ်များနှင့် မီဒီယာများသည် စက်ရုံအတွင်း အသုံးပြုလျက် ရှိသည့် အဆင့်မြင့် စက်ကိရိယာများနှင့် ထုတ်လုပ်မှု အဆင့်ဆင့်တို့ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့် ရရှိခဲ့သည်။ VinSmart သည် အမေရိကန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံများမှ နည်းပညာများအား အသုံးပြုထားသည့် SMT နည်းပညာ အစရှိသည့် ကမ္ဘာ့အဆင့်မီ နည်းပညာများအား ၎င်း၏ စက်ရုံတွင် ထည့်သွင်းတည်ဆောက်ထားသည့်အပြင် အမေရိကန် အခြေစိုက် Qualcomm ကုမ္ပဏီမှ အရည်အသွေး စစ်ဆေးမှုပိုင်းဆိုင်ရာ ဆော့ဖ်ဝဲများကို အသုံးပြု၍လည်း ထုတ်ကုန်များ၏ အရည်အသွေးများအား အစဉ်မပြတ် စစ်ဆေးလျက် ရှိသည်။ ထို့အပြင် VinSmart သည် အရည်အသွေး စစ်ဆေးမှုလုပ်ဆောင်ခြင်း လုပ်ငန်းစဉ်များ အားလုံးနှင့် ထုတ်လုပ်မှုအဆင့်ဆင့်၏ ၇၀% ကျော်အား စက်ကိရိယာများကို အသုံးပြု၍ အလိုအလျောက် လုပ်ဆောင်နိုင်စေရန် ပြုလုပ်ထားပြီး ဖြစ်သည်။

အကောင်းမွန်ဆုံးသောထုတ်ကုန်များအား ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် Vsmart စမတ်ဖုန်း စက်ရုံသည် အီလက်ထရောနစ်နှင့် ဆက်သွယ်ရေး ကိရိယာထုတ်လုပ်မှု စက်ရုံများအားလုံး လိုက်နာဆောင်ရွက်ရသည့် IPC-A-610, TL 9000 အစရှိသော နိုင်ငံတကာ အဆင့်မီ စံချိန်စံနှုန်းများအား အတိအကျ လိုက်နာဆောင်ရွက်လျက် ရှိသည့်နည်းတူ စက်ရုံအတွင်းရှိ လေထုအရည်အသွေး၊ ရေငွေ့ရာခိုင်နှုန်း၊ လျှပ်စစ်စီးဆင်းမှုနှင့် အပူချိန်ပမာဏတို့ကိုလည်း အတိအကျ ထိန်းချုပ်၍ ထုတ်လုပ်လျက် ရှိသည်။

ထိပ်တန်းနည်းပညာကုမ္ပဏီ တစ်ခု ဖြစ်သည်နှင့်အညီ VinSmart သည် ထုတ်ကုန်များအားလုံး၏ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းစဉ်တစ်လျှောက်တွင် အရည်အသွေးစစ်ဆေးမှုများအား အဆင့်မြင့် စစ်ဆေးရေးလုပ်ငန်းစဉ် ၄ မျိုး ဖြစ်သည့် Endurance Test (ကြာရှည်ခံနိုင်မှု စစ်ဆေးခြင်း)၊ Hardware Test (ဟာ့ဒ်ဝဲလ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း)၊ Environmental Test (ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း) နှင့် Mechanical Test (စက်ပစ္စည်းပိုင်းဆိုင်ရာ စစ်ဆေးခြင်း) များဖြင့် စစ်ဆေးလျက် ရှိသည်။

VinSmart သည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy2+ တို့အား မကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည်။ Vsmart စမတ်ဖုန်းများနှင့် ပတ်သက်သည့် ဒီဇိုင်း၊ လုပ်ဆောင်ချက်များ၊ လုပ်ဆောင်နိုင်မှုများနှင့် ဈေးနှုန်းများစသည့် အသေးစိတ်အချက်အလက်များအား https://vsmart.net/mm-mm/ တွင် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။

ထို့အပြင် Vsmart သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်း ဆောင်းရာသီ အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု ကိုလည်း ပြုလုပ်လျက် ရှိပြီး အဆိုပါ ပရိုမိုးရှင်းကာလအတွင်း သတ်မှတ်ထားသော Vsmart စမတ်ဖုန်းများအား ဝယ်ယူအားပေးသူတိုင်းသည် အောက်ပါအတိုင်း လက်ဆောင်ပစ္စည်းများ ရရှိသွားမည် ဖြစ်သည်။

[Zawgyi]

ဗီယက္နမ္ႏိုင္ငံရွိ Vsmart စမတ္ဖုန္း ထုတ္လုပ္ေရးစက္႐ုံသို႔ ျမန္မာႏိုင္ငံမွ Vsmart အေရာင္း ကိုယ္စားလွယ္မ်ားႏွင့္ မီဒီယာမ်ား သြားေရာက္လည္ပတ္

Vinsmart ကုမၸဏီသည္ လက္ရွိ အသုံးျပဳေနသည့္ ကမာၻ႔အဆင့္ ထုတ္လုပ္မႈႏွင့္ တပ္ဆင္မႈဆိုင္ရာ လုပ္ငန္းစဥ္မ်ား၊ အဆင့္ျမင့္နည္းပညာမ်ားအား ကိုယ္တိုင္ကိုယ္က် သြားေရာက္ ေလ့လာႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံမွ ၎၏ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ မီဒီယာ မိတ္ေဆြမ်ားအား ဗီယက္နမ္ႏိုင္ငံရွိ Vsmart စမတ္ဖုန္း ထုတ္လုပ္ေရးစက္႐ုံသို႔ သြားေရာက္လည္ပတ္ႏိုင္ေစရန္ စီစဥ္ေပးခဲ့သည္။ ထိုသို႔သြားေရာက္လည္ပတ္ရာတြင္ စက္႐ုံ၏ Head of QA ျဖစ္သူ Mr. Phan Toan Thang မွ ႀကိဳဆို၍ စက္႐ုံ အတြင္း သုံးစြဲထားေသာ အဆင့္ျမင့္ စက္ကိရိယာမ်ားႏွင့္ ထုတ္လုပ္မႈ အဆင့္ဆင့္အား ရွင္းလင္းျပသခဲ့သည္။

Vsmart စမတ္ဖုန္းစက္႐ုံသည္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕၊ Hoa Lac Hi-Tech Park အတြင္းရွိ စုစုေပါင္း ေျမေနရာ အက်ယ္အဝန္း ၁၅ ဟက္တာ (၁၅၀,၀၀၀ စတုရန္းမီတာ) ေပၚတြင္ တည္ရွိသည္။ လက္ရွိတြင္ ပထမအဆင့္စက္႐ုံသည္ ၂၁,၅၀၀ စတုရန္းမီတာ အက်ယ္အဝန္းရွိေသာ ၂ ထပ္ အေဆာက္အဦးျဖစ္ၿပီး ေျမညီထပ္တြင္ မိုဘိုင္းဖုန္း ထုတ္လုပ္ တပ္ဆင္ေရး လုပ္ငန္းမ်ားႏွင့္ ဒုတိယထပ္တြင္ တီဗီႏွင့္ေလေအးေပးစက္ ထုတ္လုပ္တပ္ဆင္ေရး လုပ္ငန္းမ်ားအား လုပ္ေဆာင္လ်က္ ရွိသည္။ လက္ရွိတြင္ ပထမအဆင့္စက္႐ုံသည္ တစ္ႏွစ္လွ်င္ ထုတ္ကုန္အေရအတြက္ ၂၃ သန္းအထိ ထုတ္လုပ္ေနႏိုင္ၿပီ ျဖစ္သည္။ ထို႔အျပင္ လက္ရွိတြင္ ၄၅,၀၀၀ စတုရန္းမီတာ အက်ယ္အဝန္း ရွိသည့္ အထပ္ ၃ ထပ္ပါဝင္ေသာ ဒုတိယအဆင့္ စက္႐ုံကိုလည္း တည္ေဆာက္လ်က္ ရွိၿပီး ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလတြင္ ၿပီးစီးမည္ ဟု ေမွ်ာ္မွန္းထားသည္။ အဆိုပါ ဒုတိယအဆင့္ စက္႐ုံ တည္ေဆာက္ၿပီးစီးပါက အဆိုပါ Vsmart စက္႐ုံ ၂ ႐ုံသည္ တစ္ႏွစ္လွ်င္ စုစုေပါင္း ထုတ္ကုန္ အေရအတြက္ ၁၂၅ သန္းအထိ တိုးျမႇင့္ထုတ္လုပ္သြားႏိုင္မည္ ျဖစ္သည္။

ထိုသို႔သြားေရာက္လည္ပတ္ရာတြင္ အေရာင္းကိုယ္စားလွယ္မ်ားႏွင့္ မီဒီယာမ်ားသည္ စက္႐ုံအတြင္း အသုံးျပဳလ်က္ ရွိသည့္ အဆင့္ျမင့္ စက္ကိရိယာမ်ားႏွင့္ ထုတ္လုပ္မႈ အဆင့္ဆင့္တို႔ကို ကိုယ္တိုင္ကိုယ္က် ေလ့လာခြင့္ ရရွိခဲ့သည္။ VinSmart သည္ အေမရိကန္၊ ဂ်ာမနီႏွင့္ ဂ်ပန္ႏိုင္ငံမ်ားမွ နည္းပညာမ်ားအား အသုံးျပဳထားသည့္ SMT နည္းပညာ အစရွိသည့္ ကမာၻ႔အဆင့္မီ နည္းပညာမ်ားအား ၎၏ စက္႐ုံတြင္ ထည့္သြင္းတည္ေဆာက္ထားသည့္အျပင္ အေမရိကန္ အေျခစိုက္ Qualcomm ကုမၸဏီမွ အရည္အေသြး စစ္ေဆးမႈပိုင္းဆိုင္ရာ ေဆာ့ဖ္ဝဲမ်ားကို အသုံးျပဳ၍လည္း ထုတ္ကုန္မ်ား၏ အရည္အေသြးမ်ားအား အစဥ္မျပတ္ စစ္ေဆးလ်က္ ရွိသည္။ ထို႔အျပင္ VinSmart သည္ အရည္အေသြး စစ္ေဆးမႈလုပ္ေဆာင္ျခင္း လုပ္ငန္းစဥ္မ်ား အားလုံးႏွင့္ ထုတ္လုပ္မႈအဆင့္ဆင့္၏ ၇၀% ေက်ာ္အား စက္ကိရိယာမ်ားကို အသုံးျပဳ၍ အလိုအေလ်ာက္ လုပ္ေဆာင္ႏိုင္ေစရန္ ျပဳလုပ္ထားၿပီး ျဖစ္သည္။

အေကာင္းမြန္ဆုံးေသာထုတ္ကုန္မ်ားအား ထုတ္လုပ္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ Vsmart စမတ္ဖုန္း စက္႐ုံသည္ အီလက္ထေရာနစ္ႏွင့္ ဆက္သြယ္ေရး ကိရိယာထုတ္လုပ္မႈ စက္႐ုံမ်ားအားလုံး လိုက္နာေဆာင္႐ြက္ရသည့္ IPC-A-610, TL 9000 အစရွိေသာ ႏိုင္ငံတကာ အဆင့္မီ စံခ်ိန္စံႏႈန္းမ်ားအား အတိအက် လိုက္နာေဆာင္႐ြက္လ်က္ ရွိသည့္နည္းတူ စက္႐ုံအတြင္းရွိ ေလထုအရည္အေသြး၊ ေရေငြ႕ရာခိုင္ႏႈန္း၊ လွ်ပ္စစ္စီးဆင္းမႈႏွင့္ အပူခ်ိန္ပမာဏတို႔ကိုလည္း အတိအက် ထိန္းခ်ဳပ္၍ ထုတ္လုပ္လ်က္ ရွိသည္။

ထိပ္တန္းနည္းပညာကုမၸဏီ တစ္ခု ျဖစ္သည္ႏွင့္အညီ VinSmart သည္ ထုတ္ကုန္မ်ားအားလုံး၏ တပ္ဆင္ထုတ္လုပ္ေရး လုပ္ငန္းစဥ္တစ္ေလွ်ာက္တြင္ အရည္အေသြးစစ္ေဆးမႈမ်ားအား အဆင့္ျမင့္ စစ္ေဆးေရးလုပ္ငန္းစဥ္ ၄ မ်ိဳး ျဖစ္သည့္ Endurance Test (ၾကာရွည္ခံႏိုင္မႈ စစ္ေဆးျခင္း)၊ Hardware Test (ဟာ့ဒ္ဝဲလ္ပိုင္းဆိုင္ရာ စစ္ေဆးျခင္း)၊ Environmental Test (ပတ္ဝန္းက်င္အေပၚ ထိခိုက္မႈ ရွိ/မရွိ စစ္ေဆးျခင္း) ႏွင့္ Mechanical Test (စက္ပစၥည္းပိုင္းဆိုင္ရာ စစ္ေဆးျခင္း) မ်ားျဖင့္ စစ္ေဆးလ်က္ ရွိသည္။

VinSmart သည္ ၎၏ ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းေမာ္ဒယ္မ်ား ျဖစ္သည့္ Vsmart Live, Vsmart Bee, Vsmart Star ႏွင့္ Vsmart Joy2+ တို႔အား မၾကာေသးမီက ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း စတင္မိတ္ဆက္ခဲ့သည္။ Vsmart စမတ္ဖုန္းမ်ားႏွင့္ ပတ္သက္သည့္ ဒီဇိုင္း၊ လုပ္ေဆာင္ခ်က္မ်ား၊ လုပ္ေဆာင္ႏိုင္မႈမ်ားႏွင့္ ေဈးႏႈန္းမ်ားစသည့္ အေသးစိတ္အခ်က္အလက္မ်ားအား https://vsmart.net/mm-mm/ တြင္ ၾကည့္ရႈေလ့လာႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ Vsmart သည္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွ ဒီဇင္ဘာလ ၁၀ ရက္ေန႔အတြင္း ေဆာင္းရာသီ အထူးပ႐ိုမိုးရွင္း အစီအစဥ္တစ္ခု ကိုလည္း ျပဳလုပ္လ်က္ ရွိၿပီး အဆိုပါ ပ႐ိုမိုးရွင္းကာလအတြင္း သတ္မွတ္ထားေသာ Vsmart စမတ္ဖုန္းမ်ားအား ဝယ္ယူအားေပးသူတိုင္းသည္ ေအာက္ပါအတိုင္း လက္ေဆာင္ပစၥည္းမ်ား ရရွိသြားမည္ ျဖစ္သည္။