[Zawgyi]

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ဦးတင္ေမာင္ထြန္းႏွင့္အဖြဲ႕ဝင္မ်ားသည္ဗီယက္နမ္ႏိုင္ငံHoa Lac အဆင့္ျမင့္နည္းပညာဇုန္တြင္တည္ရွိေသာVsmart ဖုန္းစက္႐ုံသို႔ သြားေရာက္လည္ပတ္ခဲ့သည္။

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ဦးတင္ေမာင္ထြန္းႏွင့္အဖြဲ႕ဝင္မ်ားသည္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၉ ရက္ေန႔တြင္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕၊Hoa Lac Hi-Tech Park ရွိ VinSmart ကုမၸဏီ၏ Vsmart စမတ္ဖုန္းစက္႐ုံ သို႔ သြားေရာက္လည္ပတ္ခဲ့ရာ စက္႐ုံ၏အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ Mr. Hoang Anh မွႀကိဳဆိုႏႈတ္ခြန္းဆက္သ၍စက္႐ုံအတြင္းသုံးစြဲထားေသာအဆင့္ျမင့္စက္ကိရိယာမ်ားႏွင့္ထုတ္လုပ္မႈအဆင့္ဆင့္ကိုလိုက္လံရွင္းလင္းျပသခဲ့ပါသည္။

ထိုသို႔ သြားေရာက္လည္ပတ္ရာတြင္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ႏွင့္အဖြဲ႕သည္ ျမန္မာႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ၌ စတင္ေရာင္းခ်သြားမည့္ ေနာက္ဆုံးေပၚVsmart ဖုန္းေမာ္ဒယ္မ်ားအား စမ္းသပ္ အသုံးျပဳခြင့္ ရရွိခဲ့သည့္နည္းတူ စက္႐ုံအတြင္းရွိ ထုတ္လုပ္မႈ အဆင့္ဆင့္ကိုလည္း ကိုယ္တိုင္ကိုယ္က် ေလ့လာႏိုင္ခဲ့ၾကသည္။

လက္ရွိတြင္စက္႐ုံမွာ၂၁,၅၀၀စတုရန္းမီတာအက်ယ္ရွိ၂ထပ္အေဆာက္အဦးျဖစ္သည္။ေျမညီထပ္တြင္ SMT (Surface Mount Technology) စနစ္ျဖင့္စမတ္ဖုန္းမ်ားကိုထုတ္လုပ္တပ္ဆင္မႈမ်ား၊ အရည္အေသြး စစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ ရွိၿပီးအေဆာက္အဦး၏ပထမထပ္တြင္မူစမတ္တီဗီႏွင့္အဲယားကြန္းမ်ားကိုထုတ္လုပ္လ်က္ ရွိသည္။

VinSmart ကုမၸဏီသည္ထုတ္လုပ္မႈအဆင့္ဆင့္တြင္နည္းပညာပိုင္းဆိုင္ရာပိုမိုျမင့္မားလာေစရန္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားထပ္မံျပဳလုပ္ထားၿပီးျဖစ္ကာလက္ရွိတြင္ထုတ္လုပ္မႈအဆင့္ဆင့္၏၇၀% ေက်ာ္အားစက္ကိရိယာမ်ားကိုအသုံးျပဳ၍ထုတ္လုပ္ေနၿပီျဖစ္သည္။လက္ရွိတြင္VinSmart ၏ပထမစက္႐ုံသည္တစ္ႏွစ္လွ်င္ထုတ္ကုန္အေရအတြက္၅သန္းအထိထုတ္လုပ္ေနႏိုင္ၿပီျဖစ္ကာ၂၀၁၉ခုႏွစ္၊စက္တင္ဘာလတြင္တစ္ႏွစ္လွ်င္ထုတ္ကုန္အေရအတြက္၂၃သန္းအထိတိုးျမႇင့္ထုတ္လုပ္သြားႏိုင္မည္ျဖစ္သည္။၂၀၁၉ခုႏွစ္ဇြန္လတြင္VinSmart သည္ဒုတိယေျမာက္Vsmart စမတ္ဖုန္းစက္႐ုံအားHoa Lac Hi-Tech Park တြင္စတင္တည္ေဆာက္ခဲ့ၿပီး၂၀၂၀ျပည့္ႏွစ္အေစာပိုင္းတြင္Vsmart စက္႐ုံ၂႐ုံသည္စုစုေပါင္းတစ္ႏွစ္လွ်င္ထုတ္ကုန္အေရအတြက္၁၂၅သန္းအထိတိုးျမႇင့္ထုတ္လုပ္သြားႏိုင္မည္ျဖစ္သည္။

အေကာင္းမြန္ဆုံးေသာထုတ္ကုန္မ်ားအားထုတ္လုပ္ႏိုင္ရန္ရည္႐ြယ္ခ်က္ျဖင့္Vsmart စမတ္ဖုန္းစက္႐ုံသည္အီလက္ထေရာနစ္ႏွင့္ဆက္သြယ္ေရးကိရိယာထုတ္လုပ္မႈစက္႐ုံမ်ားအားလုံးလိုက္နာေဆာင္႐ြက္ရသည့္IPC-A-610, TL 9000 အစရွိေသာႏိုင္ငံတကာအဆင့္မီစံခ်ိန္စံႏႈန္းမ်ားကိုအတိအက် လိုက္နာေဆာင္႐ြက္လ်က္ ရွိသည့္နည္းတူစက္႐ုံအတြင္းရွိေလထုအရည္အေသြး၊ေရေငြ႕ရာခိုင္ႏႈန္း၊ လွ်ပ္စစ္စီးဆင္းမႈႏွင့္အပူခ်ိန္တို႔ကိုလည္းအတိအက်ထိန္းခ်ဳပ္၍ထုတ္လုပ္လ်က္ရွိသည္။

VinSmart သည္ အေမရိကန္၊ ဂ်ာမနီႏွင့္ ဂ်ပန္ႏိုင္ငံမ်ားမွ နည္းပညာမ်ားအား အသုံးျပဳထားသည့္SMT နည္းပညာ အစရွိေသာ ကမာၻ႔အဆင့္မီ နည္းပညာမ်ားအား ၎၏ စက္႐ုံတြင္ ထည့္သြင္းတည္ေဆာက္ ထားသည့္ အျပင္ အေမရိကန္ အေျခစိုက္Qualcomm ကုမၸဏီမွ အရည္အေသြးစစ္ေဆးမႈပိုင္းဆိုင္ရာ ေဆာ့ဖ္ဝဲလ္ကို အသုံးျပဳ၍လည္း ထုတ္ကုန္မ်ား၏ အရည္အေသြးမ်ားအား အစဥ္မျပတ္ စစ္ေဆးလ်က္ ရွိသည္။ ထိုသို႔ အရည္အေသြး စစ္ေဆးမႈ လုပ္ေဆာင္ရာတြင္လည္း ပိုမိုတိက်ေသခ်ာမႈ ရွိေစရန္အတြက္ စက္ကိရိယာမ်ားအား အသုံးျပဳ၍ အလိုအေလ်ာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေစခဲ့သည္။

၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတြင္VinSmart ကုမၸဏီသည္၎၏ပထမဦးဆုံးVsmart စမတ္ဖုန္းအားအသုံးျပဳသူမ်ားထံမိတ္ဆက္ခဲ့ၿပီး၂၀၁၉ခုႏွစ္၊မတ္လတြင္၎၏စမတ္ဖုန္းအားစပိန္ႏိုင္ငံ၌တရားဝင္မိတ္ဆက္ခဲ့သည္။အလားတူပင္၂၀၁၉ခုႏွစ္၊ေမလကုန္တြင္လည္းVsmart သည္၎၏ထုတ္ကုန္မ်ားအားျမန္မာႏိုင္ငံတြင္ပထမဦးဆုံးအႀကိမ္တရားဝင္မိတ္ဆက္ခဲ့သည္။

၂၀၁၈ ခုႏွစ္၊ဒီဇင္ဘာလတြင္Joy 1 , Joy 1+, Active 1, Active 1+ စေသာစမတ္ဖုန္း၄မ်ိဳးကိုVinsmartမွတရားဝင္မိတ္ဆက္ခဲ့သည္။၂၀၁၉ ခုႏွစ္စက္တင္ဘာလတြင္ဒုတိယမ်ိဳးဆက္အျဖစ္Star, Bee, Joy 2 ႏွင့္Live ဟူေသာ စမတ္ဖုန္းအမ်ိဳးအစား၄မ်ိဳးကိုမိတ္ဆက္သြားရန္ရည္႐ြယ္ထားၿပီး ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ တြင္ အသုံးျပဳသူမ်ားထံ မိတ္ဆက္ျဖန႔္ခ်ိသြားမည္ ျဖစ္သည္။

စမတ္ဖုန္းမ်ားအျပင္VinSmartသည္အျခားစမတ္အီလက္ထေရာနစ္ထုတ္ကုန္မ်ား၊SmartHomeႏွင့္စမတ္တီဗြီအစရွိေသာIoT နည္းပညာအသုံးျပဳထုတ္ကုန္မ်ားအားထုတ္လုပ္ရန္အတြက္လည္းစက္႐ုံမ်ားအားတိုးခ်ဲ႕တည္ေဆာက္သြားရန္ရည္႐ြယ္ထားသည္။ထို႔အျပင္VinSmart သည္၎၏ထုတ္ကုန္မ်ားအတြက္လိုအပ္ေသာchipset မ်ားႏွင့္အျခားပါဝင္ပစၥည္းမ်ားအားလုံးကိုရရွိႏိုင္ေစရန္ျပည္တြင္း၊ျပည္ပမွကုမၸဏီမ်ားႏွင့္ခ်ိတ္ဆက္လုပ္ေဆာင္ေနၿပီး၎၏စမတ္အီလက္ထေရာနစ္ထုတ္ကုန္မ်ားေဈးကြက္အတြင္းသို႔ျဖန႔္ခ်ိမႈမျပဳလုပ္မီလိုအပ္သည့္အရည္အေသြးစစ္ေဆးမႈအဆင့္ဆင့္အားတိက်ေသခ်ာစြာလုပ္ေဆာင္လ်က္ရွိသည္။

ဤသို႔ ႏိုင္ငံတကာအဆင့္မီVsmart စမတ္ဖုန္းစက္႐ုံသို႔လာေရာက္လည္ပတ္ခဲ့ၾကေသာရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ဦးတင္ေမာင္ထြန္းႏွင့္အဖြဲ႕ဝင္မ်ားကိုVsmart မွေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ ၂ ႏိုင္ငံ အၾကား နည္းပညာပိုင္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုျမင့္မားလာေစရန္ အတြက္ လည္း ေမွ်ာ္လင့္မိေၾကာင္း မွတ္တမ္းတင္ ဂုဏ္ျပဳလိုက္ရပါသည္။

[Unicode]

Vsmart စမတ်ဖုန်းထုတ်လုပ်ရေးစက်ရုံသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသွားရောက်လည်ပတ်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့်အဖွဲ့ဝင်များသည်ဗီယက်နမ်နိုင်ငံHoa Lac အဆင့်မြင့်နည်းပညာဇုန်တွင်တည်ရှိသောVsmart ဖုန်းစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့်အဖွဲ့ဝင်များသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊Hoa Lac Hi-Tech Park ရှိ VinSmart ကုမ္ပဏီ၏ Vsmart စမတ်ဖုန်းစက်ရုံ သို့ သွားရောက်လည်ပတ်ခဲ့ရာ စက်ရုံ၏အုပ်ချုပ်မှုဒါရိုက်တာ Mr. Hoang Anh မှကြိုဆိုနှုတ်ခွန်းဆက်သ၍စက်ရုံအတွင်းသုံးစွဲထားသောအဆင့်မြင့်စက်ကိရိယာများနှင့်ထုတ်လုပ်မှုအဆင့်ဆင့်ကိုလိုက်လံရှင်းလင်းပြသခဲ့ပါသည်။

ထိုသို့ သွားရောက်လည်ပတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌ စတင်ရောင်းချသွားမည့် နောက်ဆုံးပေါ်Vsmart ဖုန်းမော်ဒယ်များအား စမ်းသပ် အသုံးပြုခွင့် ရရှိခဲ့သည့်နည်းတူ စက်ရုံအတွင်းရှိ ထုတ်လုပ်မှု အဆင့်ဆင့်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ခဲ့ကြသည်။

လက်ရှိတွင်စက်ရုံမှာ၂၁,၅၀၀စတုရန်းမီတာအကျယ်ရှိ၂ထပ်အဆောက်အဦးဖြစ်သည်။မြေညီထပ်တွင် SMT (Surface Mount Technology) စနစ်ဖြင့်စမတ်ဖုန်းများကိုထုတ်လုပ်တပ်ဆင်မှုများ၊ အရည်အသွေး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီးအဆောက်အဦး၏ပထမထပ်တွင်မူစမတ်တီဗီနှင့်အဲယားကွန်းများကိုထုတ်လုပ်လျက် ရှိသည်။

VinSmart ကုမ္ပဏီသည်ထုတ်လုပ်မှုအဆင့်ဆင့်တွင်နည်းပညာပိုင်းဆိုင်ရာပိုမိုမြင့်မားလာစေရန်ရင်းနှီးမြှုပ်နှံမှုများထပ်မံပြုလုပ်ထားပြီးဖြစ်ကာလက်ရှိတွင်ထုတ်လုပ်မှုအဆင့်ဆင့်၏၇၀% ကျော်အားစက်ကိရိယာများကိုအသုံးပြု၍ထုတ်လုပ်နေပြီဖြစ်သည်။လက်ရှိတွင်VinSmart ၏ပထမစက်ရုံသည်တစ်နှစ်လျှင်ထုတ်ကုန်အရေအတွက်၅သန်းအထိထုတ်လုပ်နေနိုင်ပြီဖြစ်ကာ၂၀၁၉ခုနှစ်၊စက်တင်ဘာလတွင်တစ်နှစ်လျှင်ထုတ်ကုန်အရေအတွက်၂၃သန်းအထိတိုးမြှင့်ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။၂၀၁၉ခုနှစ်ဇွန်လတွင်VinSmart သည်ဒုတိယမြောက်Vsmart စမတ်ဖုန်းစက်ရုံအားHoa Lac Hi-Tech Park တွင်စတင်တည်ဆောက်ခဲ့ပြီး၂၀၂၀ပြည့်နှစ်အစောပိုင်းတွင်Vsmart စက်ရုံ၂ရုံသည်စုစုပေါင်းတစ်နှစ်လျှင်ထုတ်ကုန်အရေအတွက်၁၂၅သန်းအထိတိုးမြှင့်ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။

အကောင်းမွန်ဆုံးသောထုတ်ကုန်များအားထုတ်လုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့်Vsmart စမတ်ဖုန်းစက်ရုံသည်အီလက်ထရောနစ်နှင့်ဆက်သွယ်ရေးကိရိယာထုတ်လုပ်မှုစက်ရုံများအားလုံးလိုက်နာဆောင်ရွက်ရသည့်IPC-A-610, TL 9000 အစရှိသောနိုင်ငံတကာအဆင့်မီစံချိန်စံနှုန်းများကိုအတိအကျ လိုက်နာဆောင်ရွက်လျက် ရှိသည့်နည်းတူစက်ရုံအတွင်းရှိလေထုအရည်အသွေး၊ရေငွေ့ရာခိုင်နှုန်း၊ လျှပ်စစ်စီးဆင်းမှုနှင့်အပူချိန်တို့ကိုလည်းအတိအကျထိန်းချုပ်၍ထုတ်လုပ်လျက်ရှိသည်။

VinSmart သည် အမေရိကန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံများမှ နည်းပညာများအား အသုံးပြုထားသည့်SMT နည်းပညာ အစရှိသော ကမ္ဘာ့အဆင့်မီ နည်းပညာများအား ၎င်း၏ စက်ရုံတွင် ထည့်သွင်းတည်ဆောက် ထားသည့် အပြင် အမေရိကန် အခြေစိုက်Qualcomm ကုမ္ပဏီမှ အရည်အသွေးစစ်ဆေးမှုပိုင်းဆိုင်ရာ ဆော့ဖ်ဝဲလ်ကို အသုံးပြု၍လည်း ထုတ်ကုန်များ၏ အရည်အသွေးများအား အစဉ်မပြတ် စစ်ဆေးလျက် ရှိသည်။ ထိုသို့ အရည်အသွေး စစ်ဆေးမှု လုပ်ဆောင်ရာတွင်လည်း ပိုမိုတိကျသေချာမှု ရှိစေရန်အတွက် စက်ကိရိယာများအား အသုံးပြု၍ အလိုအလျောက် စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်။

၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတွင်VinSmart ကုမ္ပဏီသည်၎င်း၏ပထမဦးဆုံးVsmart စမတ်ဖုန်းအားအသုံးပြုသူများထံမိတ်ဆက်ခဲ့ပြီး၂၀၁၉ခုနှစ်၊မတ်လတွင်၎င်း၏စမတ်ဖုန်းအားစပိန်နိုင်ငံ၌တရားဝင်မိတ်ဆက်ခဲ့သည်။အလားတူပင်၂၀၁၉ခုနှစ်၊မေလကုန်တွင်လည်းVsmart သည်၎င်း၏ထုတ်ကုန်များအားမြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်တရားဝင်မိတ်ဆက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလတွင်Joy 1 , Joy 1+, Active 1, Active 1+ စသောစမတ်ဖုန်း၄မျိုးကိုVinsmartမှတရားဝင်မိတ်ဆက်ခဲ့သည်။၂၀၁၉ ခုနှစ်စက်တင်ဘာလတွင်ဒုတိယမျိုးဆက်အဖြစ်Star, Bee, Joy 2 နှင့်Live ဟူသော စမတ်ဖုန်းအမျိုးအစား၄မျိုးကိုမိတ်ဆက်သွားရန်ရည်ရွယ်ထားပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ တွင် အသုံးပြုသူများထံ မိတ်ဆက်ဖြန့်ချိသွားမည် ဖြစ်သည်။

စမတ်ဖုန်းများအပြင်VinSmartသည်အခြားစမတ်အီလက်ထရောနစ်ထုတ်ကုန်များ၊SmartHomeနှင့်စမတ်တီဗွီအစရှိသောIoT နည်းပညာအသုံးပြုထုတ်ကုန်များအားထုတ်လုပ်ရန်အတွက်လည်းစက်ရုံများအားတိုးချဲ့တည်ဆောက်သွားရန်ရည်ရွယ်ထားသည်။ထို့အပြင်VinSmart သည်၎င်း၏ထုတ်ကုန်များအတွက်လိုအပ်သောchipset များနှင့်အခြားပါဝင်ပစ္စည်းများအားလုံးကိုရရှိနိုင်စေရန်ပြည်တွင်း၊ပြည်ပမှကုမ္ပဏီများနှင့်ချိတ်ဆက်လုပ်ဆောင်နေပြီး၎င်း၏စမတ်အီလက်ထရောနစ်ထုတ်ကုန်များဈေးကွက်အတွင်းသို့ဖြန့်ချိမှုမပြုလုပ်မီလိုအပ်သည့်အရည်အသွေးစစ်ဆေးမှုအဆင့်ဆင့်အားတိကျသေချာစွာလုပ်ဆောင်လျက်ရှိသည်။

ဤသို့ နိုင်ငံတကာအဆင့်မီVsmart စမတ်ဖုန်းစက်ရုံသို့လာရောက်လည်ပတ်ခဲ့ကြသောရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့်အဖွဲ့ဝင်များကိုVsmart မှကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ် ၂ နိုင်ငံ အကြား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင့်မားလာစေရန် အတွက် လည်း မျှော်လင့်မိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။