[Unicode]

Vsmart မှ လူငယ်များအတွက် ရည်ရွယ်၍ သပ်ရပ်လှပပြီး ကျယ်ပြန့်သော မျက်နှာပြင် ပါရှိသည့် စမတ်ဖုန်းအား ထုတ်လုပ်သည်။ Vsmart Joy 2+ စမတ်ဖုန်းတွင် fast charging လုပ်ဆောင်ချက်နှင့် 4,500 mAh ဘက်ထရီပမာဏ ပါရှိသည့်အတွက် အချိန်ပြည့် စမတ်ဖုန်း အသုံးပြုနေရသူများအတွက် အသင့်တော်ဆုံးဖြစ်မည်။ ပတ်ဝန်းကျင် အနေအထားပေါ်မူတည်၍ အသင့်တော်ဆုံး ရိုက်ကူးမှုစနစ်အား ချိန်ညှိပေးနိုင်မည့် AI စနစ် ပါရှိသည့် 13 MP + 5 MP ကင်မရာ ၂ လုံးလည်း ပါရှိသည်။

Vsmart သည် မြန်မာနိုင်ငံဈေးကွက်နှင့် ကိုက်ညီမှုရှိစေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းမော်ဒယ်အသစ် ၄ မျိုးအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ စမတ်ဖုန်းမော်ဒယ် ၄ မျိုးအနက် Vsmart Joy 2+ စမတ်ဖုန်းသည် တက်ကြွမှု အပြည့်ရှိသော လူငယ်များအတွက် သီးသန့် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် စမတ်ဖုန်းတစ်မျိုး ဖြစ်သည်။ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များအား ထည့်သွင်းပေးထားသည့် Vsmart Joy 2+ စမတ်ဖုန်းသည် လူငယ်များ၏ နေ့စဉ်ဘဝအတွက် အသင့်တော်ဆုံး မိတ်ဖက်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ကို မဝင်ရောက်ခင်မှာ မြန်မာနိုင်ငံက အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေကို အသေအချာနားထောင်ခဲ့ပြီး အခု Vsmart Joy 2+ စမတ်ဖုန်းဟာ အဲဒီလိုအပ်ချက်တွေ၊ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးစမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ Vsmart Joy 2+ စမတ်ဖုန်းမှာ ကြာရှည်ခံတဲ့ဘက်ထရီသက်တမ်း၊ ကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ပုံရိပ်ရဲ့ အရောင်အသွေး၊ အလင်းအမှောင်နဲ့ contrast တွေကို ချိန်ညှိပေးနိုင်မယ့် AI နည်းပညာပါဝင်တဲ့ ကင်မရာ အစရှိတဲ့ အသုံးပြုသူတွေအတွက် အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေမယ့် အဆင့်အမြင့်ဆုံး နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။” ဟု Vingroup Myanmar ၏ Marketing Director ဖြစ်သူ မဆင့်စန္ဒာက ပြောကြားခဲ့သည်။

မည့်သည့်အနေအထားတွင်မဆို အရောင်အသွေးချိန်ညှိမှု အလိုအလျောက် လုပ်ဆောင်ပေးနိုင်သည့် AI စနစ်ပါဝင်သည့် ကင်မရာ

Vsmart Joy2+ စမတ်ဖုန်းတွင် AI စနစ်ပါဝင်သည့် 13 MP နှင့် 5 MP ကင်မရာများ တပ်ဆင်ပေးထားသည့်အတွက် ပုံရိပ်များ ရိုက်ကူးရာတွင် ပတ်ဝန်းကျင်၏ အလင်းအမှောင် အနေအထားအပေါ်မူတည်ပြီး ပုံရိပ်၏ အရောင်အသွေးနှင့် contrast များအား အလိုအလျောက် ချိန်ညှိပေးသွားမည် ဖြစ်သည်။ ထို့အပြင် အလင်းရောင် အားနည်းသော နေရာများတွင် အရည်အသွေး ကောင်းမွန်သော ဗီဒီယိုများနှင့် ဓာတ်ပုံများအား ရိုက်ကူးသွားနိုင်မည့် low light HDR လုပ်ဆောင်ချက်၊ အကောင်းမွန်ဆုံးသော selfie ရုပ်ပုံများအား ရရှိစေမည့် Selfie Galore AI လုပ်ဆောင်ချက်နှင့် လူငယ်များသဘောကျ နှစ်သက်စေမည့် AR sticker လုပ်ဆောင်ချက်များကိုလည်း Vsmart Joy2+ တွင် ထည့်သွင်းပေးထားသည်။

 

ဖုန်းမျက်နှာပြင်နှင့် ဖုန်းကိုယ်ထည် အမျိုးအစား ၁၉:၉ အထိ ရှိသည့် ကျယ်ပြန့်သော ၆.၂” မျက်နှာပြင်

Vsmart Joy 2+ စမတ်ဖုန်းတွင် ဖုန်းမျက်နှာပြင်နှင့် ဖုန်းကိုယ်ထည် အမျိုးအစား ၁၉:၉ နှင့် ကျယ်ပြန့်သော ၆.၂” water drop မျက်နှာပြင် ပါရှိသည့် အတွက် ဂိမ်းကစားရာတွင်ဖြစ်စေ၊ ဗီဒီယိုများကြည့်ရှုရာတွင် ဖြစ်စေ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။

အချိန်ပြည့် စမတ်ဖုန်းအသုံးပြုနေရသူများအတွက် အသင့်တော်ဆုံး ဖြစ်စေမည့် 4,500 mAh ဘက်ထရီ

Vsmart Joy 2+ စမတ်ဖုန်းတွင် 4,500 mAh ပမာဏ ရှိသော ဘက်ထရီ ပါရှိသည့်အတွက် တစ်နေ့တာလုံး အပူအပင် မရှိ အသုံးပြုနိုင်မည် ဖြစ်ပြီး အချိန်ပြည့် စမတ်ဖုန်း အသုံးပြုနေရသူများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ ထို့အပြင် Vsmart Joy 2+ တွင် Qualcomm quick charge 3.0 အားသွင်းစနစ် ပါရှိသည့် အတွက် မိနစ် ၃၀ ခန့် အချိန်အတွင်း ဖုန်းအားပမာဏ ၀ % မှ ၅၀ % အထိ လျင်မြန်စွာ ဖြည့်သွင်းသွားနိုင်မည် ဖြစ်သည်။

Snapdragon 450 Octa core processor

ထို့အပြင် Vsmart Joy 2+ စမတ်ဖုန်းတွင် Snapdragon 450 Octa core processor အား ထည့်သွင်းထားသည့်အတွက် ဘက်ထရီအား ကုန်ဆုံးမှု ၃၀% ပိုမိုသက်သာခြင်း၊ CPU စွမ်းဆောင်ရည် ၂၅% ပိုမိုမြင့်မားလာခြင်း၊ GPU စွမ်းဆောင်ရည် ၂၈% ပိုမိုမြင့်မားလာခြင်းစသည့် အကောင်းမွန်ဆုံးသော ဘက်ထရီသက်တမ်း၊ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များအား ရရှိစေမည် ဖြစ်သည်။Snapdragon 450 processor ပါရှိသည့်အတွက် အသုံးပြုသူများ အနေနှင့် PUBG ကဲ့သို့သော graphic ကောင်းမွန်သည့် ဂိမ်းအမျိုးအစားများကိုလည်း အနှောင့်အယှက်ကင်းကင်းနှင့် ကစားနိုင်မည် ဖြစ်သည်။

Vsmart Joy 2+ အား Viridian Blue, Sunset Pink နှင့် Borealis အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပြီး 2GB RAM + 32GB ROM အမျိုးအစားအား မြန်မာငွေကျပ် ၁၈၉,၉၀၀၊ 3GB RAM + 32GB ROM အမျိုးအစားအား မြန်မာငွေကျပ် ၂၂၉,၉၀၀ ဖြင့် အသီးသီး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် Vsmart သည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်း ဆောင်းရာသီ အထူးပရိုမိုးရှင်း အစီအစဉ်တစ်ခု ကိုလည်း ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ ပရိုမိုးရှင်းကာလအတွင်း သတ်မှတ်ထားသော Vsmart စမတ်ဖုန်းများအား ဝယ်ယူအားပေးသူတိုင်းသည် အောက်ပါအတိုင်း လက်ဆောင်ပစ္စည်းများ ရရှိသွားမည် ဖြစ်သည်။

[Zawgyi]

သင့္တင့္ေသာေဈးႏႈန္းႏွင့္ ဝယ္ယူရရွိႏိုင္မည့္ သပ္ရပ္လွပ၍ စတိုင္က်နေသာ Vsmart Joy 2+ စမတ္ဖုန္း

Vsmart မွ လူငယ္မ်ားအတြက္ ရည္႐ြယ္၍ သပ္ရပ္လွပၿပီး က်ယ္ျပန႔္ေသာ မ်က္ႏွာျပင္ ပါရွိသည့္ စမတ္ဖုန္းအား ထုတ္လုပ္သည္။ Vsmart Joy 2+ စမတ္ဖုန္းတြင္ fast charging လုပ္ေဆာင္ခ်က္ႏွင့္ 4,500 mAh ဘက္ထရီပမာဏ ပါရွိသည့္အတြက္ အခ်ိန္ျပည့္ စမတ္ဖုန္း အသုံးျပဳေနရသူမ်ားအတြက္ အသင့္ေတာ္ဆုံးျဖစ္မည္။ ပတ္ဝန္းက်င္ အေနအထားေပၚမူတည္၍ အသင့္ေတာ္ဆုံး ႐ိုက္ကူးမႈစနစ္အား ခ်ိန္ညႇိေပးႏိုင္မည့္ AI စနစ္ ပါရွိသည့္ 13 MP + 5 MP ကင္မရာ ၂ လုံးလည္း ပါရွိသည္။

Vsmart သည္ ျမန္မာႏိုင္ငံေဈးကြက္ႏွင့္ ကိုက္ညီမႈရွိေစရန္ ဒီဇိုင္းေရးဆြဲထုတ္လုပ္ထားသည့္ ၎၏ ေနာက္ဆုံးေပၚ စမတ္ဖုန္းေမာ္ဒယ္အသစ္ ၄ မ်ိဳးအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္ေန႔တြင္ စတင္မိတ္ဆက္ခဲ့ၿပီး အဆိုပါ စမတ္ဖုန္းေမာ္ဒယ္ ၄ မ်ိဳးအနက္ Vsmart Joy 2+ စမတ္ဖုန္းသည္ တက္ႂကြမႈ အျပည့္ရွိေသာ လူငယ္မ်ားအတြက္ သီးသန႔္ ရည္႐ြယ္၍ ဒီဇိုင္းေရးဆြဲထုတ္လုပ္ထားသည့္ စမတ္ဖုန္းတစ္မ်ိဳး ျဖစ္သည္။ အေကာင္းမြန္ဆုံးလုပ္ေဆာင္ခ်က္မ်ားႏွင့္ စြမ္းေဆာင္ရည္မ်ားအား ထည့္သြင္းေပးထားသည့္ Vsmart Joy 2+ စမတ္ဖုန္းသည္ လူငယ္မ်ား၏ ေန႔စဥ္ဘဝအတြက္ အသင့္ေတာ္ဆုံး မိတ္ဖက္တစ္ဦး ျဖစ္လာႏိုင္မည္ ျဖစ္သည္။

“ကြၽန္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ စမတ္ဖုန္းေဈးကြက္ကို မဝင္ေရာက္ခင္မွာ ျမန္မာႏိုင္ငံက အသုံးျပဳသူေတြရဲ႕ လိုအပ္ခ်က္ေတြ၊ လိုလားခ်က္ေတြကို အေသအခ်ာနားေထာင္ခဲ့ၿပီး အခု Vsmart Joy 2+ စမတ္ဖုန္းဟာ အဲဒီလိုအပ္ခ်က္ေတြ၊ လိုလားခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မယ့္ အေကာင္းဆုံးစမတ္ဖုန္းတစ္လုံးပဲ ျဖစ္ပါတယ္။ Vsmart Joy 2+ စမတ္ဖုန္းမွာ ၾကာရွည္ခံတဲ့ဘက္ထရီသက္တမ္း၊ က်ယ္ျပန႔္တဲ့မ်က္ႏွာျပင္နဲ႔ ပတ္ဝန္းက်င္အေပၚမူတည္ၿပီး ပုံရိပ္ရဲ႕ အေရာင္အေသြး၊ အလင္းအေမွာင္နဲ႔ contrast ေတြကို ခ်ိန္ညႇိေပးႏိုင္မယ့္ AI နည္းပညာပါဝင္တဲ့ ကင္မရာ အစရွိတဲ့ အသုံးျပဳသူေတြအတြက္ အဆင္ေျပလြယ္ကူမႈ အျပည့္အဝ ရရွိေစမယ့္ အဆင့္အျမင့္ဆုံး နည္းပညာေတြကို ထည့္သြင္းေပးထားပါတယ္။” ဟု Vingroup Myanmar ၏ Marketing Director ျဖစ္သူ မဆင့္စႏၵာက ေျပာၾကားခဲ့သည္။

မည့္သည့္အေနအထားတြင္မဆို အေရာင္အေသြးခ်ိန္ညႇိမႈ အလိုအေလ်ာက္ လုပ္ေဆာင္ေပးႏိုင္သည့္ AI စနစ္ပါဝင္သည့္ ကင္မရာ

Vsmart Joy2+ စမတ္ဖုန္းတြင္ AI စနစ္ပါဝင္သည့္ 13 MP ႏွင့္ 5 MP ကင္မရာမ်ား တပ္ဆင္ေပးထားသည့္အတြက္ ပုံရိပ္မ်ား ႐ိုက္ကူးရာတြင္ ပတ္ဝန္းက်င္၏ အလင္းအေမွာင္ အေနအထားအေပၚမူတည္ၿပီး ပုံရိပ္၏ အေရာင္အေသြးႏွင့္ contrast မ်ားအား အလိုအေလ်ာက္ ခ်ိန္ညႇိေပးသြားမည္ ျဖစ္သည္။ ထို႔အျပင္ အလင္းေရာင္ အားနည္းေသာ ေနရာမ်ားတြင္ အရည္အေသြး ေကာင္းမြန္ေသာ ဗီဒီယိုမ်ားႏွင့္ ဓာတ္ပုံမ်ားအား ႐ိုက္ကူးသြားႏိုင္မည့္ low light HDR လုပ္ေဆာင္ခ်က္၊ အေကာင္းမြန္ဆုံးေသာ selfie ႐ုပ္ပုံမ်ားအား ရရွိေစမည့္ Selfie Galore AI လုပ္ေဆာင္ခ်က္ႏွင့္ လူငယ္မ်ားသေဘာက် ႏွစ္သက္ေစမည့္ AR sticker လုပ္ေဆာင္ခ်က္မ်ားကိုလည္း Vsmart Joy2+ တြင္ ထည့္သြင္းေပးထားသည္။

ဖုန္းမ်က္ႏွာျပင္ႏွင့္ ဖုန္းကိုယ္ထည္ အမ်ိဳးအစား ၁၉:၉ အထိ ရွိသည့္ က်ယ္ျပန႔္ေသာ ၆.၂” မ်က္ႏွာျပင္

Vsmart Joy 2+ စမတ္ဖုန္းတြင္ ဖုန္းမ်က္ႏွာျပင္ႏွင့္ ဖုန္းကိုယ္ထည္ အမ်ိဳးအစား ၁၉:၉ ႏွင့္ က်ယ္ျပန႔္ေသာ ၆.၂” water drop မ်က္ႏွာျပင္ ပါရွိသည့္ အတြက္ ဂိမ္းကစားရာတြင္ျဖစ္ေစ၊ ဗီဒီယိုမ်ားၾကည့္ရႈရာတြင္ ျဖစ္ေစ စိတ္ေက်နပ္မႈ အျပည့္အဝ ရရွိေစမည္ ျဖစ္သည္။

အခ်ိန္ျပည့္ စမတ္ဖုန္းအသုံးျပဳေနရသူမ်ားအတြက္ အသင့္ေတာ္ဆုံး ျဖစ္ေစမည့္ 4,500 mAh ဘက္ထရီ

Vsmart Joy 2+ စမတ္ဖုန္းတြင္ 4,500 mAh ပမာဏ ရွိေသာ ဘက္ထရီ ပါရွိသည့္အတြက္ တစ္ေန႔တာလုံး အပူအပင္ မရွိ အသုံးျပဳႏိုင္မည္ ျဖစ္ၿပီး အခ်ိန္ျပည့္ စမတ္ဖုန္း အသုံးျပဳေနရသူမ်ား အတြက္ အသင့္ေတာ္ဆုံး စမတ္ဖုန္းတစ္လုံး ျဖစ္သည္။ ထို႔အျပင္ Vsmart Joy 2+ တြင္ Qualcomm quick charge 3.0 အားသြင္းစနစ္ ပါရွိသည့္ အတြက္ မိနစ္ ၃၀ ခန႔္ အခ်ိန္အတြင္း ဖုန္းအားပမာဏ ၀ % မွ ၅၀ % အထိ လ်င္ျမန္စြာ ျဖည့္သြင္းသြားႏိုင္မည္ ျဖစ္သည္။

Snapdragon 450 Octa core processor

ထို႔အျပင္ Vsmart Joy 2+ စမတ္ဖုန္းတြင္ Snapdragon 450 Octa core processor အား ထည့္သြင္းထားသည့္အတြက္ ဘက္ထရီအား ကုန္ဆုံးမႈ ၃၀% ပိုမိုသက္သာျခင္း၊ CPU စြမ္းေဆာင္ရည္ ၂၅% ပိုမိုျမင့္မားလာျခင္း၊ GPU စြမ္းေဆာင္ရည္ ၂၈% ပိုမိုျမင့္မားလာျခင္းစသည့္ အေကာင္းမြန္ဆုံးေသာ ဘက္ထရီသက္တမ္း၊ စြမ္းေဆာင္ရည္ႏွင့္ လုပ္ေဆာင္ခ်က္မ်ားအား ရရွိေစမည္ ျဖစ္သည္။Snapdragon 450 processor ပါရွိသည့္အတြက္ အသုံးျပဳသူမ်ား အေနႏွင့္ PUBG ကဲ့သို႔ေသာ graphic ေကာင္းမြန္သည့္ ဂိမ္းအမ်ိဳးအစားမ်ားကိုလည္း အေႏွာင့္အယွက္ကင္းကင္းႏွင့္ ကစားႏိုင္မည္ ျဖစ္သည္။

Vsmart Joy 2+ အား Viridian Blue, Sunset Pink ႏွင့္ Borealis အေရာင္ ၃ မ်ိဳးျဖင့္ ရရွိႏိုင္မည္ ျဖစ္ၿပီး 2GB RAM + 32GB ROM အမ်ိဳးအစားအား ျမန္မာေငြက်ပ္ ၁၈၉,၉၀၀၊ 3GB RAM + 32GB ROM အမ်ိဳးအစားအား ျမန္မာေငြက်ပ္ ၂၂၉,၉၀၀ ျဖင့္ အသီးသီး ဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ Vsmart သည္ ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွ ဒီဇင္ဘာလ ၁၀ ရက္ေန႔အတြင္း ေဆာင္းရာသီ အထူးပ႐ိုမိုးရွင္း အစီအစဥ္တစ္ခု ကိုလည္း ျပဳလုပ္သြားမည္ ျဖစ္ၿပီး အဆိုပါ ပ႐ိုမိုးရွင္းကာလအတြင္း သတ္မွတ္ထားေသာ Vsmart စမတ္ဖုန္းမ်ားအား ဝယ္ယူအားေပးသူတိုင္းသည္ ေအာက္ပါအတိုင္း လက္ေဆာင္ပစၥည္းမ်ား ရရွိသြားမည္ ျဖစ္သည္။