[Zawgyi]

Vingroup လုပ္ငန္းစု၏ အဖြဲ႕ဝင္ ကုမၸဏီတစ္ခုျဖစ္ေသာ VinSmart သည္ စမတ္ဖုန္းေမာ္ဒယ္ အမ်ိဳးအစားအသစ္ ၄ မ်ိဳးအား ျမန္မာႏိုင္ငံ၌ တရားဝင္ စတင္မိတ္ဆက္ခဲ့သည္။ VinSmart သည္ သုံးစြဲသူမ်ားအတြက္ အေကာင္းမြန္ဆုံးေသာ အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားအား ေပးအပ္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ေနာက္ဆုံးေပၚ Android ပလက္ေဖာင္းအား အေျခခံ၍ တီထြင္ဆန္းသစ္ထားသည့္ ကိုယ္ပိုင္ VOS 2.0 အား အဆိုပါ ဒုတိယ မ်ိဳးဆက္ Vsmart စမတ္ဖုန္းမ်ားတြင္ ထည့္သြင္းေပးထားသည္။

ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည့္ Vsmart စမတ္ဖုန္းေမာ္ဒယ္ အမ်ိဳးအစားအသစ္ ၄ မ်ိဳးမွာ Vsmart Live, Vsmart Bee, Vsmart Star ႏွင့္ Vsmart Joy 2+ တို႔ျဖစ္ၾကသည္။

Vsmart Live – သက္ဝင္လွပေသာစတိုင္၊ ထူးျခားဆန္းသစ္ေသာ အသြင္အျပင္.

Vsmart Live သည္ VinSmart ၏ ေနာက္ဆုံးထုတ္ စမတ္ဖုန္း ေမာ္ဒယ္ ၄ မ်ိဳးအနက္ အဆင့္အျမင့္မားဆုံးေသာ စမတ္ဖုန္း အမ်ိဳးအစား ျဖစ္ၿပီး Qualcomm® Snapdragon ™ 675 chipset ပါရွိသည့္အတြက္ အေကာင္းမြန္ဆုံးေသာ စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ Vsmart Live တြင္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ စနစ္(on-screen fingerprint recognition) ပါရွိသည့္ ၆.၂” FHD+ AMOLED infinity မ်က္ႏွာျပင္ႏွင့္ fast charging စနစ္ပါဝင္သည့္ 4,000 mAh ဘက္ထရီမ်ားလည္း ပါရွိသည္။ Vsmart Live တြင္ အျခားေသာ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ား အျပင္ wide-angle ဓာတ္ပုံမ်ား ႐ိုက္ကူးရန္8 MP၊ ၾကည္လင္ျပတ္သားမႈ အရွိဆုံး အနီးကပ္ဓာတ္ပုံမ်ား ႐ိုက္ကူးရန္5 MP ႏွင့္ ညဖက္ဓာတ္ပုံမ်ား ႐ိုက္ကူးရန္48 MP ပါရွိသည့္ ပေရာ္ဖက္ရွင္နယ္ အဆင့္ ကင္မရာ ၃ လုံးပါဝင္သည္။ ဤ Vsmart Live စမတ္ဖုန္း အားMidnight Black၊Ocean Blue ႏွင့္White Pearl အေရာင္ ၃ မ်ိဳးျဖင့္ ရရွိႏိုင္မည္ ျဖစ္သည္။

Vsmart Joy 2+ – စြမ္းေဆာင္ရည္ျမင့္ ဘက္ထရီ၊ လ်င္ျမန္ေသာ fast charging စနစ္.

Vsmart Joy 2+ တြင္ ႀကီးမားေသာ ၆.၂” HD+ မ်က္ႏွာျပင္၊Qualcomm Snapdragon 450 chipset၊2 GB သို႔မဟုတ္3 GB RAM၊ 32 GB ROM၊ ပိုမို ၾကာရွည္ခံသည့္4,500 mAh ဘက္ထရီႏွင့္Quick Charge ™ 3.0 စနစ္တို႔ ပါဝင္သည္။ ကင္မရာပိုင္းဆိုင္ရာတြင္လည္း Vsmart Live တြင္ပါဝင္သည့္ အဆင့္ျမင့္ ကင္မရာလုပ္ေဆာင္ခ်က္မ်ားအား Joy 2+ တြင္ ထည့္သြင္းေပးထားသည့္ အတြက္ ဓာတ္ပုံ႐ိုက္ကူးရာတြင္ ပတ္ဝန္းက်င္ အေျခအေနအေပၚ မူတည္၍ shooting mode အား အလိုအေလ်ာက္ ခ်ိန္ဆ႐ိုက္ကူး ေပးသြားမည့္ မွတ္ဉာဏ္တုစနစ္ႏွင့္ ၾကည္လင္ျပတ္သားမႈ အရွိဆုံး အနီးကပ္ဓာတ္ပုံမ်ား ႐ိုက္ကူးႏိုင္မည့္ 13 MP + 5 MP ကင္မရာမ်ားလည္း ပါဝင္မည္ ျဖစ္သည္။ Vsmart Joy 2+ စမတ္ဖုန္းအား Borealis, Viridian Blue ႏွင့္ Sunset Pink အေရာင္ ၃ မ်ိဳးျဖင့္ ရရွိႏိုင္မည္ ျဖစ္သည္။

Vsmart Star – စမတ္က်ေသာ လူေနမႈဘဝပုံစံ.

Vsmart Star စမတ္ဖုန္းသည္ ကမာၻေပၚတြင္ Qualcomm Snapdragon 215 chip အား ပထမဦးဆုံး ထည့္သြင္းအသုံးျပဳထားသည့္ အီလက္ထေရာနစ္ပစၥည္းအမ်ိဳးအစားမ်ား အနက္ တစ္ခုအပါအဝင္ ျဖစ္သည္။ ဤစမတ္ဖုန္းတြင္ ၅.၇” HD+ resolution waterdrop LCD မ်က္ႏွာျပင္၊ 2 GB RAM၊ 16 GB ROM ႏွင့္ fast charging စနစ္ပါဝင္သည့္ 3,000 mAh ဘက္ထရီ ပါဝင္သည္။ ေရွ႕ႏွင့္ေနာက္ ကင္မရာ ၂ ခုလုံးတြင္ bokeh လုပ္ေဆာင္ခ်က္ ပါရွိသည့္အတြက္ စတိုင္က်နလွပေသာ စမတ္ဖုန္း အေတြ႕အႀကဳံအား ရရွိေစမည့္Vsmart Star စမတ္ဖုန္းအားLiving Coral, Phamtom Black ႏွင့္Lapis Blue အေရာင္မ်ားျဖင့္ ရရွိႏိုင္မည္ ျဖစ္သည္။

Vsmart Bee – ေပ်ာ္႐ႊင္စြာ ဆက္သြယ္ခ်ိတ္ဆက္လိုက္ပါ.

အေကာင္းမြန္ဆုံး စမတ္ဖုန္း အေတြ႕အႀကဳံမ်ားအား အသက္သာဆုံးေသာ ေဈးႏႈန္းျဖင့္ ရရွိအသုံးျပဳလိုသည့္ သုံးစြဲသူမ်ား အတြက္Vsmart Bee သည္ အသင့္ေတာ္ဆုံး မိတ္ဖက္တစ္ဦးျဖစ္လာမည္ ျဖစ္သည္။ Vsmart Bee တြင္ ၅.၄၅” HD+ resolution မ်က္ႏွာျပင္၊ ၾကည္လင္ျပတ္သားေသာ အေရာင္ေပါင္းစပ္မႈမ်ား၊ 8 MP ေနာက္ကင္မရာႏွင့္ 5 MP ေရွ႕ကင္မရာမ်ားပါဝင္မည္ ျဖစ္ၿပီး Graphite Black ႏွင့္ Indigo Blue အေရာင္ ၂ မ်ိဳးျဖင့္ ရရွိႏိုင္မည္ ျဖစ္သည္။

ဘက္ထရီႏွင့္ ကင္မရာပိုင္းအျပင္ ဒုတိယမ်ိဳးဆက္ Vsmart ထုတ္ကုန္မ်ားတြင္ အျခားေသာ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္ တစ္ခု အေနႏွင့္ အေကာင္းမြန္ဆုံး အေတြ႕အႀကဳံမ်ားအား ရရွိႏိုင္ေစမည့္ အဆင့္ျမႇင့္တင္ထားေသာ VOS 2.0 operating system ကိုလည္း ထည့္သြင္းေပးထားသည္။ Vsmart ၏ ေဆာ့ဖ္ဝဲလ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္သူမ်ားႏွင့္ အင္ဂ်င္နီယာမ်ားသည္ ဖုန္း၏ အသြင္အျပင္အား မတူကြဲျပားဆန္းသစ္ေနေစရန္ ေျပာင္းလဲေပးထားသည့္အျပင္ သမ႐ိုးက် navigation ခလုတ္မ်ား မပါဝင္သည့္ အဆင့္ျမႇင့္တင္ထားေသာ gesture control စနစ္၊ backup၊ restore ႏွင့္ sync user data စသည့္ လုပ္ေဆာင္ခ်က္မ်ားကိုလည္း ထည့္သြင္းေပးထားသည္။

အထူးသျဖင့္ အရည္အေသြးပိုင္းဆိုင္ရာႏွင့္ ပတ္သက္၍လည္းVinSmart သည္ ၎၏ေနာက္ဆုံးထုတ္Vsmart စမတ္ဖုန္းေမာ္ဒယ္ ၄ မ်ိဳးလုံးအား အဆင့္ျမင့္နည္းပညာမ်ား အသုံးျပဳ၍ ဟာ့ဒ္ဝဲလ္ပိုင္း၊ စက္ပစၥည္းပိုင္း၊ ေဆာ့ဖဲဝဲလ္ပိုင္းအစရွိသည့္ အရည္အေသြး စစ္ေဆးမႈေပါင္း ၂,၅၀၀ နီးပါးျဖင့္လည္း စစ္ေဆးထားၿပီးျဖစ္သည္။ ထို႔အျပင္ စမတ္ဖုန္းမ်ားအား Vinsmart စက္႐ုံႏွင့္ ကမာၻ႔အေကာင္းမြန္ဆုံးေသာsemiconductor chip မ်ားအား ထုတ္လုပ္သည့္ ကုမၸဏီ တစ္ခုျဖစ္သည့္Qualcomm တို႔တြင္လည္း အရည္အေသြး စစ္ေဆးမႈမ်ား ျပဳလုပ္ထားၿပီးျဖစ္သည္။

စက္တင္ဘာလ ၂၅ ရက္ေန႔ ေနာက္ပိုင္းမွစတင္၍ Vsmart ၏ ေနာက္ဆုံးေပၚ စမတ္ဖုန္းမ်ားအား ျမန္မာႏိုင္ငံတဝန္းရွိ အေရာင္းဆိုင္ေပါင္း ၁၀၀၀ ခန႔္တြင္ ေအာက္ပါႏႈန္းထားမ်ားျဖင့္ ဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

“ျမန္မာႏိုင္ငံရဲ႕ ဆက္သြယ္ေရးက႑ဟာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ တိုးတက္ေနၿပီး ဒီလိုေဈးကြက္ အတြင္းမွာ ကြၽန္ေတာ္တို႔VinSmart ရဲ႕ ေနာက္ဆုံးထုတ္ စမတ္ဖုန္း ၄ မ်ိဳးျဖစ္တဲ့Bee, Star, Joy2+ နဲ႔Live တို႔ကို ဒီေန႔ မိတ္ဆက္ေပးႏိုင္ခဲ့တဲ့အတြက္ အရမ္းကို ဂုဏ္ယူမိပါတယ္။ ေနာက္ၿပီး ျမန္မာႏိုင္ငံရဲ႕ အံ့အားသင့္ဖြယ္ ဒစ္ဂ်စ္တယ္ ခရီးလမ္းမွာ တစ္စိတ္တစ္ပိုင္း ပါဝင္ခြင့္ရတဲ့ အတြက္လည္း တစ္ကယ့္ကို စိတ္လႈပ္ရွားမိပါတယ္။ ကြၽန္ေတာ္တို႔ VinSmart အေနနဲ႔ လိုအပ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြကိုလည္း ျပဳလုပ္သြားမွာ ျဖစ္ၿပီး အနာဂတ္မွာ အသုံးျပဳသူေတြဆီကို အဆင့္အျမင့္မားဆုံး နည္းပညာေတြ၊ အရည္အေသြး အေကာင္းမြန္ဆုံး ထုတ္ကုန္ေတြကို ေပးအပ္သြားႏိုင္ဖို႔အတြက္ နည္းဗ်ဴဟာက်က် လုပ္ကိုင္ေဆာင္႐ြက္သြား မွာ ျဖစ္ပါတယ္” ဟုVinSmart ၏ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ Mr. Tran Minh Trung ကေျပာၾကားသည္။

VinSmart အမွတ္တံဆိပ္အား စတင္တည္ေထာင္ခဲ့ခ်ိန္မွစ၍ ယခုအခ်ိန္အထိ တစ္ႏွစ္ေက်ာ္ၾကာကာလအတြင္း VinSmart သည္ ေဈးကြက္အတြင္း၌ မိုဘိုင္းဖုန္း အမ်ိဳးအစားေပါင္း ၈ မ်ိဳးအား တရားဝင္ မိတ္ဆက္ခဲ့ၿပီး ျဖစ္သည့္အျပင္ ၂၀၁၉ ခုႏွစ္၊ ႏွစ္ကုန္ပိုင္းမတိုင္မီတြင္ အျခားေသာ ထုတ္ကုန္မ်ားကိုလည္း ထပ္မံမိတ္ဆက္သြားႏိုင္ရန္ ေမွ်ာ္လင့္ထားသည္။ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ေမလတြင္ VinSmart သည္ ၎၏ ထုတ္ကုန္မ်ားအား ျမန္မာႏိုင္ငံတြင္ ျဖန႔္ခ်ိေရးမိတ္ဖက္ SSCL ကုမၸဏီ၏ အကူအညီျဖင့္ စတင္မိတ္ဆက္ခဲ့သည္။ ဤသို႔ အာရွေဈးကြက္အတြင္း ဗီယက္နမ္ႏိုင္ငံမွ နည္းပညာဆိုင္ရာ ထုတ္ကုန္မ်ားအား စတင္မိတ္ဆက္ခဲ့ျခင္းသည္ ဗီယက္နမ္ႏိုင္ငံမွ ကုန္ပစၥည္း အမွတ္တံဆိပ္မ်ားအား ႏိုင္ငံတကာအဆင့္သို႔ ေရာက္ရွိေစရန္ဟူသည့္ Vingroup ၏ ရည္မွန္းခ်က္ ျပည့္မွီေစရန္ အေရးပါေသာ ပထမအဆင့္ေျခလွမ္းတစ္ရပ္ပင္ ျဖစ္သည္။

[Unicode]

VINGROUP လုပ်ငန်းစုမှ VSMART စမတ်ဖုန်းမော်ဒယ် အမျိုးအစားအသစ် ၄ မျိုးအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Vingroup လုပ်ငန်းစု၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခုဖြစ်သော VinSmart သည် စမတ်ဖုန်းမော်ဒယ် အမျိုးအစားအသစ် ၄ မျိုးအား မြန်မာနိုင်ငံ၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ VinSmart သည် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နောက်ဆုံးပေါ် Android ပလက်ဖောင်းအား အခြေခံ၍ တီထွင်ဆန်းသစ်ထားသည့် ကိုယ်ပိုင် VOS 2.0 အား အဆိုပါ ဒုတိယ မျိုးဆက် Vsmart စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားသည်။

မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည့် Vsmart စမတ်ဖုန်းမော်ဒယ် အမျိုးအစားအသစ် ၄ မျိုးမှာ Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy 2+ တို့ဖြစ်ကြသည်။

Vsmart Live – သက်ဝင်လှပသောစတိုင်၊ ထူးခြားဆန်းသစ်သော အသွင်အပြင်.

Vsmart Live သည် VinSmart ၏ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ် ၄ မျိုးအနက် အဆင့်အမြင့်မားဆုံးသော စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး Qualcomm® Snapdragon ™ 675 chipset ပါရှိသည့်အတွက် အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် Vsmart Live တွင် မျက်နှာပြင်အောက် လက်ဗွေရာ စနစ်(on-screen fingerprint recognition) ပါရှိသည့် ၆.၂” FHD+ AMOLED infinity မျက်နှာပြင်နှင့် fast charging စနစ်ပါဝင်သည့် 4,000 mAh ဘက်ထရီများလည်း ပါရှိသည်။ Vsmart Live တွင် အခြားသော အဆင့်မြင့် လုပ်ဆောင်ချက်များ အပြင် wide-angle ဓာတ်ပုံများ ရိုက်ကူးရန်8 MP၊ ကြည်လင်ပြတ်သားမှု အရှိဆုံး အနီးကပ်ဓာတ်ပုံများ ရိုက်ကူးရန်5 MP နှင့် ညဖက်ဓာတ်ပုံများ ရိုက်ကူးရန်48 MP ပါရှိသည့် ပရော်ဖက်ရှင်နယ် အဆင့် ကင်မရာ ၃ လုံးပါဝင်သည်။ ဤ Vsmart Live စမတ်ဖုန်း အားMidnight Black၊Ocean Blue နှင့်White Pearl အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Vsmart Joy 2+ – စွမ်းဆောင်ရည်မြင့် ဘက်ထရီ၊ လျင်မြန်သော fast charging စနစ်.

Vsmart Joy 2+ တွင် ကြီးမားသော ၆.၂” HD+ မျက်နှာပြင်၊Qualcomm Snapdragon 450 chipset၊2 GB သို့မဟုတ်3 GB RAM၊ 32 GB ROM၊ ပိုမို ကြာရှည်ခံသည့်4,500 mAh ဘက်ထရီနှင့်Quick Charge ™ 3.0 စနစ်တို့ ပါဝင်သည်။ ကင်မရာပိုင်းဆိုင်ရာတွင်လည်း Vsmart Live တွင်ပါဝင်သည့် အဆင့်မြင့် ကင်မရာလုပ်ဆောင်ချက်များအား Joy 2+ တွင် ထည့်သွင်းပေးထားသည့် အတွက် ဓာတ်ပုံရိုက်ကူးရာတွင် ပတ်ဝန်းကျင် အခြေအနေအပေါ် မူတည်၍ shooting mode အား အလိုအလျောက် ချိန်ဆရိုက်ကူး ပေးသွားမည့် မှတ်ဉာဏ်တုစနစ်နှင့် ကြည်လင်ပြတ်သားမှု အရှိဆုံး အနီးကပ်ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် 13 MP + 5 MP ကင်မရာများလည်း ပါဝင်မည် ဖြစ်သည်။ Vsmart Joy 2+ စမတ်ဖုန်းအား Borealis, Viridian Blue နှင့် Sunset Pink အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Vsmart Star – စမတ်ကျသော လူနေမှုဘဝပုံစံ.

Vsmart Star စမတ်ဖုန်းသည် ကမ္ဘာပေါ်တွင် Qualcomm Snapdragon 215 chip အား ပထမဦးဆုံး ထည့်သွင်းအသုံးပြုထားသည့် အီလက်ထရောနစ်ပစ္စည်းအမျိုးအစားများ အနက် တစ်ခုအပါအဝင် ဖြစ်သည်။ ဤစမတ်ဖုန်းတွင် ၅.၇” HD+ resolution waterdrop LCD မျက်နှာပြင်၊ 2 GB RAM၊ 16 GB ROM နှင့် fast charging စနစ်ပါဝင်သည့် 3,000 mAh ဘက်ထရီ ပါဝင်သည်။ ရှေ့နှင့်နောက် ကင်မရာ ၂ ခုလုံးတွင် bokeh လုပ်ဆောင်ချက် ပါရှိသည့်အတွက် စတိုင်ကျနလှပသော စမတ်ဖုန်း အတွေ့အကြုံအား ရရှိစေမည့်Vsmart Star စမတ်ဖုန်းအားLiving Coral, Phamtom Black နှင့်Lapis Blue အရောင်များဖြင့် ရရှိနိုင်မည် ဖြစ်သည်။

Vsmart Bee – ပျော်ရွှင်စွာ ဆက်သွယ်ချိတ်ဆက်လိုက်ပါ.

အကောင်းမွန်ဆုံး စမတ်ဖုန်း အတွေ့အကြုံများအား အသက်သာဆုံးသော ဈေးနှုန်းဖြင့် ရရှိအသုံးပြုလိုသည့် သုံးစွဲသူများ အတွက်Vsmart Bee သည် အသင့်တော်ဆုံး မိတ်ဖက်တစ်ဦးဖြစ်လာမည် ဖြစ်သည်။ Vsmart Bee တွင် ၅.၄၅” HD+ resolution မျက်နှာပြင်၊ ကြည်လင်ပြတ်သားသော အရောင်ပေါင်းစပ်မှုများ၊ 8 MP နောက်ကင်မရာနှင့် 5 MP ရှေ့ကင်မရာများပါဝင်မည် ဖြစ်ပြီး Graphite Black နှင့် Indigo Blue အရောင် ၂ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။

ဘက်ထရီနှင့် ကင်မရာပိုင်းအပြင် ဒုတိယမျိုးဆက် Vsmart ထုတ်ကုန်များတွင် အခြားသော အဆင့်မြင့် လုပ်ဆောင်ချက် တစ်ခု အနေနှင့် အကောင်းမွန်ဆုံး အတွေ့အကြုံများအား ရရှိနိုင်စေမည့် အဆင့်မြှင့်တင်ထားသော VOS 2.0 operating system ကိုလည်း ထည့်သွင်းပေးထားသည်။ Vsmart ၏ ဆော့ဖ်ဝဲလ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများသည် ဖုန်း၏ အသွင်အပြင်အား မတူကွဲပြားဆန်းသစ်နေစေရန် ပြောင်းလဲပေးထားသည့်အပြင် သမရိုးကျ navigation ခလုတ်များ မပါဝင်သည့် အဆင့်မြှင့်တင်ထားသော gesture control စနစ်၊ backup၊ restore နှင့် sync user data စသည့် လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းပေးထားသည်။

အထူးသဖြင့် အရည်အသွေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်းVinSmart သည် ၎င်း၏နောက်ဆုံးထုတ်Vsmart စမတ်ဖုန်းမော်ဒယ် ၄ မျိုးလုံးအား အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ဟာ့ဒ်ဝဲလ်ပိုင်း၊ စက်ပစ္စည်းပိုင်း၊ ဆော့ဖဲဝဲလ်ပိုင်းအစရှိသည့် အရည်အသွေး စစ်ဆေးမှုပေါင်း ၂,၅၀၀ နီးပါးဖြင့်လည်း စစ်ဆေးထားပြီးဖြစ်သည်။ ထို့အပြင် စမတ်ဖုန်းများအား Vinsmart စက်ရုံနှင့် ကမ္ဘာ့အကောင်းမွန်ဆုံးသောsemiconductor chip များအား ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည့်Qualcomm တို့တွင်လည်း အရည်အသွေး စစ်ဆေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်းမှစတင်၍ Vsmart ၏ နောက်ဆုံးပေါ် စမတ်ဖုန်းများအား မြန်မာနိုင်ငံတဝန်းရှိ အရောင်းဆိုင်ပေါင်း ၁၀၀၀ ခန့်တွင် အောက်ပါနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိုးတက်နေပြီး ဒီလိုဈေးကွက် အတွင်းမှာ ကျွန်တော်တို့VinSmart ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း ၄ မျိုးဖြစ်တဲ့Bee, Star, Joy2+ နဲ့Live တို့ကို ဒီနေ့ မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အံ့အားသင့်ဖွယ် ဒစ်ဂျစ်တယ် ခရီးလမ်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့ အတွက်လည်း တစ်ကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ VinSmart အနေနဲ့ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အနာဂတ်မှာ အသုံးပြုသူတွေဆီကို အဆင့်အမြင့်မားဆုံး နည်းပညာတွေ၊ အရည်အသွေး အကောင်းမွန်ဆုံး ထုတ်ကုန်တွေကို ပေးအပ်သွားနိုင်ဖို့အတွက် နည်းဗျူဟာကျကျ လုပ်ကိုင်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟုVinSmart ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Tran Minh Trung ကပြောကြားသည်။

VinSmart အမှတ်တံဆိပ်အား စတင်တည်ထောင်ခဲ့ချိန်မှစ၍ ယခုအချိန်အထိ တစ်နှစ်ကျော်ကြာကာလအတွင်း VinSmart သည် ဈေးကွက်အတွင်း၌ မိုဘိုင်းဖုန်း အမျိုးအစားပေါင်း ၈ မျိုးအား တရားဝင် မိတ်ဆက်ခဲ့ပြီး ဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမတိုင်မီတွင် အခြားသော ထုတ်ကုန်များကိုလည်း ထပ်မံမိတ်ဆက်သွားနိုင်ရန် မျှော်လင့်ထားသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလတွင် VinSmart သည် ၎င်း၏ ထုတ်ကုန်များအား မြန်မာနိုင်ငံတွင် ဖြန့်ချိရေးမိတ်ဖက် SSCL ကုမ္ပဏီ၏ အကူအညီဖြင့် စတင်မိတ်ဆက်ခဲ့သည်။ ဤသို့ အာရှဈေးကွက်အတွင်း ဗီယက်နမ်နိုင်ငံမှ နည်းပညာဆိုင်ရာ ထုတ်ကုန်များအား စတင်မိတ်ဆက်ခဲ့ခြင်းသည် ဗီယက်နမ်နိုင်ငံမှ ကုန်ပစ္စည်း အမှတ်တံဆိပ်များအား နိုင်ငံတကာအဆင့်သို့ ရောက်ရှိစေရန်ဟူသည့် Vingroup ၏ ရည်မှန်းချက် ပြည့်မှီစေရန် အရေးပါသော ပထမအဆင့်ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။