[Zawgyi]

VinSmart သည္ မၾကာေသးမီက ၎၏ စမတ္ဖုန္း ေမာ္ဒယ္အမ်ိဳးအစားအသစ္ ၄ မ်ိဳးအား ျမန္မာႏိုင္ငံ ေဈးကြက္သို႔ ေအာင္ျမင္စြာ မိတ္ဆက္ခဲ့သည္။ အဆိုပါ စမတ္ဖုန္း ေမာ္ဒယ္အမ်ိဳးအစားသစ္ ၄ မ်ိဳးအနက္ အဆင့္အျမင့္ဆုံး စမတ္ဖုန္း အမ်ိဳးအစားမွာ Vsmart Live ျဖစ္ၿပီး ယခုအခ်ိန္တြင္ ႏိုင္ငံတဝန္းရွိ ဖုန္းဆိုင္မ်ား ႏွင့္ mytel အေရာင္းဆိုင္ႀကီးမ်ားတြင္ ဝယ္ယူ ရရွိေနၿပီ ျဖစ္သည္။ အဆိုပါ စမတ္ဖုန္းသည္ အဆင့္ျမင့္မားေသာ လူေနမႈဘဝကို ရယူပိုင္ဆိုင္လိုေသာ အသုံးျပဳသူမ်ားအတြက္ ရည္႐ြယ္၍ ဒီဇိုင္း ေရးဆြဲထုတ္လုပ္ထားျခင္း ျဖစ္ၿပီး အေကာင္းမြန္ဆုံးေသာ စမတ္ဖုန္း အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားအား ရယူ သုံးစြဲလိုသည့္ အသုံးျပဳသူမ်ားအတြက္ Vsmart Live အား အဆင့္အျမင့္မားဆုံးေသာ နည္းပညာမ်ားျဖင့္ ဖြဲ႕စည္း တည္ေဆာက္ထားသည္။

“Vsmart Live ကို ေက်ာ့ရွင္းလွပမႈ အျပည့္ရွိေစဖို႔ ဒီဇိုင္းေရးဆြဲ ထုတ္လုပ္ထားပါတယ္။ လွပတဲ့ ဖုန္းကိုယ္ထည္ ဒီဇိုင္းကို ေတာက္ပတဲ့ အေရာင္အေသြးနဲ႔ ေပါင္းစပ္ထားတဲ့ အတြက္ ေဈးကြက္အတြင္းက ေဈးႏႈန္းတူညီတဲ့ အျခား စမတ္ဖုန္းေတြ နဲ႔ မတူညီတဲ့ သာလြန္ေကာင္းမြန္တဲ့ ခံစားမႈမ်ိဳးကို ေပးစြမ္းႏိုင္မွာပါ။ ေနာက္ၿပီး Vsmart Live မွာ အသုံးျပဳသူေတြရဲ႕ ေန႔စဥ္ဘဝအတြက္ အေထာက္အကူအျဖစ္ဆုံး လုပ္ေဆာင္ခ်က္ေတြျဖစ္တဲ့ အရည္အေသြးျမင့္ triple camera၊ အေကာင္းမြန္ဆုံး လုံၿခဳံေရးစနစ္၊ ၾကာရွည္ခံတဲ့ ဘက္ထရီသက္တမ္းနဲ႔ အေရာင္အေသြး အစုံလင္ဆုံး ဖုန္းမ်က္ႏွာျပင္ေတြကို ထည့္သြင္းတည္ေဆာက္ထား ပါတယ္” ဟု [Hsint Sanda, Marketing Director] က ေျပာၾကားသည္။

အေကာင္းမြန္ဆုံးလုပ္ေဆာင္ႏိုင္စြမ္းမ်ား ေပးစြမ္းႏိုင္မည့္ ကင္မရာ ၃ လုံး ပါဝင္မႈ

Vsmart Live တြင္ အေကာင္းမြန္ဆုံးေသာ ညဖက္ဓာတ္ပုံမ်ား အပါအဝင္ အရည္အေသြးအျမင့္မားဆုံးေသာ ပုံရိပ္မ်ားအား ႐ိုက္ကူးႏိုင္မည့္ 48 MP ကင္မရာ၊ ေနာက္ခံပုံရိပ္မ်ားအား မႈန္ဝါး၍ ဓာတ္ပုံတြင္ ပါဝင္သူ၏ မ်က္ႏွာအား ပိုမိုၾကည္လင္ျပတ္သားေစမည့္ အနီးကပ္ပုံရိပ္မ်ားအား႐ိုက္ကူးႏိုင္မည့္ 5 MP ကင္မရာႏွင့္ ၁၂၀ ဒီဂရီအထိ လွည့္လည္၍ panoramic ပုံရိပ္မ်ားအား ႐ိုက္ကူးႏိုင္မည့္ ultra wide လုပ္ေဆာင္ခ်က္ပါရွိသည့္ 8 MP ကင္မရာမ်ား ပါဝင္မည္ ျဖစ္သည္။ ထို ကင္မရာ ၃ လုံးအား ေပါင္းစပ္ထားသည့္ Vsmart Live သည္ စမတ္ဖုန္း အသုံးျပဳသူမ်ားအား ပေရာ္ဖက္ရွင္နယ္ အဆင့္ ဓာတ္ပုံမ်ားအား ႐ိုက္ကူးႏိုင္ေစရန္ မ်ားစြာ အေထာက္အကူျဖစ္ေစမည္ ျဖစ္သည္။

Pixel binning နည္းပညာပါဝင္သည့္ Night Mode (ညဖက္ကင္မရာ႐ိုက္ကူးႏိုင္စြမ္း)

Vsmart Live အား အသုံးျပဳသူမ်ားသည္ ညဖက္တြင္လည္း အရည္အေသြးျမင့္ ပုံရိပ္မ်ားအား လြယ္ကူစြာ ႐ိုက္ကူးႏိုင္မည္ ျဖစ္သည္။ အဓိက ကင္မရာ ျဖစ္သည့္ 48 MP ကင္မရာသည္ aperture f/1.7၊ pixel binning နည္းပညာႏွင့္ pixel ဆိုဒ္ 1.6 µm (micrometers) ပါဝင္သည့္အတြက္ ၾကည္လင္ျပတ္သားမႈ အရွိဆုံး အေသးစိတ္ ဓာတ္ပုံမ်ားအား ႐ိုက္ကူးႏိုင္မည္ ျဖစ္သည္။ အလားတူပင္ ညဖက္ဓာတ္ပုံမ်ား ႐ိုက္ကူးရာတြင္လည္း အဆိုပါ နည္းပညာသည္ ပုံရိပ္ေပါင္းမ်ားစြာအား တစ္ခ်ိန္တည္းတြင္ ႐ိုက္ကူး၍ ဓာတ္ပုံ ၁ ပုံတည္း အေနႏွင့္ ျပန္လည္ ေပါင္းစပ္လိုက္ျခင္းျဖင့္ ပိုမိုတိက်ျပတ္သားေသာ ပုံရိပ္မ်ားအား ရရွိသြားႏိုင္မည္ ျဖစ္သည္။

ဖုန္းမ်က္ႏွာျပင္ႏွင့္ဖုန္းကိုယ္ထည္ အခ်ိဳးအစား ၉၀.၃%

Vsmart Live တြင္ က်ယ္ဝန္း၍ ေတာက္ပၾကည္လင္ေသာ ၆.၂” FHD+ AMOLED infinity မ်က္ႏွာျပင္ပါရွိၿပီး contrast ratio 100,000:1 ပါရွိသည္။ ထို႔အျပင္ Vsmart Live ၏ ဖုန္းမ်က္ႏွာျပင္သည္ ၾကည္လင္ျပတ္သားမႈ အရွိဆုံးေသာ ပုံရိပ္မ်ားအား ဘက္ထရီမ်ားစြာ ကုန္ဆုံးျခင္းမရွိပဲ ျပသေပးသြားႏိုင္မည္ ျဖစ္သည့္အျပင္ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာစနစ္ (on-screen fingerprint sensor) ပါရွိသည့္အတြက္ လုံၿခဳံစိတ္ခ်မႈ အျပည့္အဝ ေပးစြမ္းႏိုင္မည္ ျဖစ္သည္။

ၾကာရွည္ခံမႈအရွိဆုံးေသာ ဘက္ထရီ သိုေလွာင္ႏိုင္စြမ္း

အေကာင္းမြန္ဆုံးေသာ စြမ္းေဆာင္ရည္မ်ားအား ရရွိႏိုင္ေစရန္အတြက္ Vsmart Live တြင္ အဆင့္အျမင့္မားဆုံးေသာ နည္းပညာ ၂ ခု အား ထည့္သြင္းေပးထားသည္။ အဆိုပါ နည္းပညာ ၂ ခုမွာ အရည္အေသြး အျမင့္မားဆုံးေသာ လုပ္ေဆာင္ခ်က္မ်ားအတြက္ Qualcomm Snapdragon 675 octa-core processor (of up to 2.0 GHz) ႏွင့္ အက္ပလီေကးရွင္းမ်ားစြာအား တစ္ၿပိဳင္နက္တည္း အထစ္အေငါ့မရွိ အသုံးျပဳႏိုင္မည့္ 6GB ပမာဏ RAM တို႔ျဖစ္ၾကသည္။ ေဈးကြက္အတြင္းရွိ ေဈးႏႈန္းအျမင့္မားဆုံးေသာ စမတ္ဖုန္းမ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္ေစရန္ ထိုသို႔ အေကာင္းမြန္ဆုံးေသာ အဆင့္အျမင့္ဆုံးနည္းပညာမ်ားအား အသုံးျပဳထားသည့္ နည္းတူ အသုံးျပဳသူမ်ားအေနႏွင့္ ဖုန္း ဘက္ထရီ သိုေလွာင္ႏိုင္စြမ္း အေပၚ စိုးရိမ္မႈ တစ္စုံတစ္ရာ မရွိပဲ အသုံးျပဳႏိုင္ရန္အတြက္လည္း Kyro နည္းပညာအား ထည့္သြင္းေပးထားသည္။ 4,000 mAh ပမာဏရွိသည့္ ဘက္ထရီသိုေလွာင္ႏိုင္စြမ္းသည္ ၁၉ နာရီၾကာ အင္တာနက္ အသုံးျပဳျခင္း (သို႔) အြန္လိုင္းမွ ဗီဒီယိုႏွင့္ေတးသီခ်င္းမ်ားအား အား ၁၅ နာရီၾကာ ၾကည့္ရႈနားဆင္ျခင္း (သို႔) ၆ နာရီၾကာ ဂိမ္းကစားျခင္း (သို႔) ဖုန္းတြင္ထည့္သြင္းထားေသာ ေတးသီခ်င္းမ်ားအား ၆၃ နာရီၾကာ နားဆင္ႏိုင္ျခင္း စသည္တို႔အား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ Qualcomm Quick Charge 3.0 စနစ္ပါရွိသည့္အတြက္ ဘက္ထရီသက္တမ္း ၀ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းအထိအား မိနစ္ ၃၀ ဝန္းက်င္ခန႔္ျဖင့္ ျပန္လည္အားျဖည့္သြင္းနိင္မည္ ျဖစ္သည္။

Vsmart Live အား Midnight Black၊ Ocean Blue ႏွင့္ White Pearl အေရာင္ ၃ မ်ိဳးျဖင့္ ရရွိႏိုင္မည္ ျဖစ္ၿပီး 4GB RAM, 64 GB ROM version အား ျမန္မာေငြက်ပ္ ၄၃၉,၉၀၀ ႏွင့္ 6GB RAM, 64 GB ROM version အား ျမန္မာေငြက်ပ္ ၄၉၉,၉၀၀ ျဖင့္ အသီးသီး ဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

[Unicode]

အဆင့်မြင့်မားသော လူနေမှုဘဝကို ကြိုက်နှစ်သက်သူများအတွက် Vingroup မှ အဆင့် အမြင့်မားဆုံး စမတ်ဖုန်းအား စတင်မိတ်ဆက်

VinSmart သည် မကြာသေးမီက ၎င်း၏ စမတ်ဖုန်း မော်ဒယ်အမျိုးအစားအသစ် ၄ မျိုးအား မြန်မာနိုင်ငံ ဈေးကွက်သို့ အောင်မြင်စွာ မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်း မော်ဒယ်အမျိုးအစားသစ် ၄ မျိုးအနက် အဆင့်အမြင့်ဆုံး စမတ်ဖုန်း အမျိုးအစားမှာ Vsmart Live ဖြစ်ပြီး ယခုအချိန်တွင် နိုင်ငံတဝန်းရှိ ဖုန်းဆိုင်များ နှင့် mytel အရောင်းဆိုင်ကြီးများတွင် ဝယ်ယူ ရရှိနေပြီ ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းသည် အဆင့်မြင့်မားသော လူနေမှုဘဝကို ရယူပိုင်ဆိုင်လိုသော အသုံးပြုသူများအတွက် ရည်ရွယ်၍ ဒီဇိုင်း ရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်ပြီး အကောင်းမွန်ဆုံးသော စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ရယူ သုံးစွဲလိုသည့် အသုံးပြုသူများအတွက် Vsmart Live အား အဆင့်အမြင့်မားဆုံးသော နည်းပညာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။

“Vsmart Live ကို ကျော့ရှင်းလှပမှု အပြည့်ရှိစေဖို့ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပါတယ်။ လှပတဲ့ ဖုန်းကိုယ်ထည် ဒီဇိုင်းကို တောက်ပတဲ့ အရောင်အသွေးနဲ့ ပေါင်းစပ်ထားတဲ့ အတွက် ဈေးကွက်အတွင်းက ဈေးနှုန်းတူညီတဲ့ အခြား စမတ်ဖုန်းတွေ နဲ့ မတူညီတဲ့ သာလွန်ကောင်းမွန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာပါ။ နောက်ပြီး Vsmart Live မှာ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝအတွက် အထောက်အကူအဖြစ်ဆုံး လုပ်ဆောင်ချက်တွေဖြစ်တဲ့ အရည်အသွေးမြင့် triple camera၊ အကောင်းမွန်ဆုံး လုံခြုံရေးစနစ်၊ ကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ အရောင်အသွေး အစုံလင်ဆုံး ဖုန်းမျက်နှာပြင်တွေကို ထည့်သွင်းတည်ဆောက်ထား ပါတယ်” ဟု [Hsint Sanda, Marketing Director] က ပြောကြားသည်။

အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်စွမ်းများ ပေးစွမ်းနိုင်မည့် ကင်မရာ ၃ လုံး ပါဝင်မှု

Vsmart Live တွင် အကောင်းမွန်ဆုံးသော ညဖက်ဓာတ်ပုံများ အပါအဝင် အရည်အသွေးအမြင့်မားဆုံးသော ပုံရိပ်များအား ရိုက်ကူးနိုင်မည့် 48 MP ကင်မရာ၊ နောက်ခံပုံရိပ်များအား မှုန်ဝါး၍ ဓာတ်ပုံတွင် ပါဝင်သူ၏ မျက်နှာအား ပိုမိုကြည်လင်ပြတ်သားစေမည့် အနီးကပ်ပုံရိပ်များအားရိုက်ကူးနိုင်မည့် 5 MP ကင်မရာနှင့် ၁၂၀ ဒီဂရီအထိ လှည့်လည်၍ panoramic ပုံရိပ်များအား ရိုက်ကူးနိုင်မည့် ultra wide လုပ်ဆောင်ချက်ပါရှိသည့် 8 MP ကင်မရာများ ပါဝင်မည် ဖြစ်သည်။ ထို ကင်မရာ ၃ လုံးအား ပေါင်းစပ်ထားသည့် Vsmart Live သည် စမတ်ဖုန်း အသုံးပြုသူများအား ပရော်ဖက်ရှင်နယ် အဆင့် ဓာတ်ပုံများအား ရိုက်ကူးနိုင်စေရန် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်သည်။

Pixel binning နည်းပညာပါဝင်သည့် Night Mode (ညဖက်ကင်မရာရိုက်ကူးနိုင်စွမ်း)

Vsmart Live အား အသုံးပြုသူများသည် ညဖက်တွင်လည်း အရည်အသွေးမြင့် ပုံရိပ်များအား လွယ်ကူစွာ ရိုက်ကူးနိုင်မည် ဖြစ်သည်။ အဓိက ကင်မရာ ဖြစ်သည့် 48 MP ကင်မရာသည် aperture f/1.7၊ pixel binning နည်းပညာနှင့် pixel ဆိုဒ် 1.6 µm (micrometers) ပါဝင်သည့်အတွက် ကြည်လင်ပြတ်သားမှု အရှိဆုံး အသေးစိတ် ဓာတ်ပုံများအား ရိုက်ကူးနိုင်မည် ဖြစ်သည်။ အလားတူပင် ညဖက်ဓာတ်ပုံများ ရိုက်ကူးရာတွင်လည်း အဆိုပါ နည်းပညာသည် ပုံရိပ်ပေါင်းများစွာအား တစ်ချိန်တည်းတွင် ရိုက်ကူး၍ ဓာတ်ပုံ ၁ ပုံတည်း အနေနှင့် ပြန်လည် ပေါင်းစပ်လိုက်ခြင်းဖြင့် ပိုမိုတိကျပြတ်သားသော ပုံရိပ်များအား ရရှိသွားနိုင်မည် ဖြစ်သည်။

ဖုန်းမျက်နှာပြင်နှင့်ဖုန်းကိုယ်ထည် အချိုးအစား ၉၀.၃%

Vsmart Live တွင် ကျယ်ဝန်း၍ တောက်ပကြည်လင်သော ၆.၂” FHD+ AMOLED infinity မျက်နှာပြင်ပါရှိပြီး contrast ratio 100,000:1 ပါရှိသည်။ ထို့အပြင် Vsmart Live ၏ ဖုန်းမျက်နှာပြင်သည် ကြည်လင်ပြတ်သားမှု အရှိဆုံးသော ပုံရိပ်များအား ဘက်ထရီများစွာ ကုန်ဆုံးခြင်းမရှိပဲ ပြသပေးသွားနိုင်မည် ဖြစ်သည့်အပြင် မျက်နှာပြင်အောက် လက်ဗွေရာစနစ် (on-screen fingerprint sensor) ပါရှိသည့်အတွက် လုံခြုံစိတ်ချမှု အပြည့်အဝ ပေးစွမ်းနိုင်မည် ဖြစ်သည်။

ကြာရှည်ခံမှုအရှိဆုံးသော ဘက်ထရီ သိုလှောင်နိုင်စွမ်း

အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်များအား ရရှိနိုင်စေရန်အတွက် Vsmart Live တွင် အဆင့်အမြင့်မားဆုံးသော နည်းပညာ ၂ ခု အား ထည့်သွင်းပေးထားသည်။ အဆိုပါ နည်းပညာ ၂ ခုမှာ အရည်အသွေး အမြင့်မားဆုံးသော လုပ်ဆောင်ချက်များအတွက် Qualcomm Snapdragon 675 octa-core processor (of up to 2.0 GHz) နှင့် အက်ပလီကေးရှင်းများစွာအား တစ်ပြိုင်နက်တည်း အထစ်အငေါ့မရှိ အသုံးပြုနိုင်မည့် 6GB ပမာဏ RAM တို့ဖြစ်ကြသည်။ ဈေးကွက်အတွင်းရှိ ဈေးနှုန်းအမြင့်မားဆုံးသော စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်စေရန် ထိုသို့ အကောင်းမွန်ဆုံးသော အဆင့်အမြင့်ဆုံးနည်းပညာများအား အသုံးပြုထားသည့် နည်းတူ အသုံးပြုသူများအနေနှင့် ဖုန်း ဘက်ထရီ သိုလှောင်နိုင်စွမ်း အပေါ် စိုးရိမ်မှု တစ်စုံတစ်ရာ မရှိပဲ အသုံးပြုနိုင်ရန်အတွက်လည်း Kyro နည်းပညာအား ထည့်သွင်းပေးထားသည်။ 4,000 mAh ပမာဏရှိသည့် ဘက်ထရီသိုလှောင်နိုင်စွမ်းသည် ၁၉ နာရီကြာ အင်တာနက် အသုံးပြုခြင်း (သို့) အွန်လိုင်းမှ ဗီဒီယိုနှင့်တေးသီချင်းများအား အား ၁၅ နာရီကြာ ကြည့်ရှုနားဆင်ခြင်း (သို့) ၆ နာရီကြာ ဂိမ်းကစားခြင်း (သို့) ဖုန်းတွင်ထည့်သွင်းထားသော တေးသီချင်းများအား ၆၃ နာရီကြာ နားဆင်နိုင်ခြင်း စသည်တို့အား ပြုလုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Qualcomm Quick Charge 3.0 စနစ်ပါရှိသည့်အတွက် ဘက်ထရီသက်တမ်း ၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိအား မိနစ် ၃၀ ဝန်းကျင်ခန့်ဖြင့် ပြန်လည်အားဖြည့်သွင်းနိင်မည် ဖြစ်သည်။

Vsmart Live အား Midnight Black၊ Ocean Blue နှင့် White Pearl အရောင် ၃ မျိုးဖြင့် ရရှိနိုင်မည် ဖြစ်ပြီး 4GB RAM, 64 GB ROM version အား မြန်မာငွေကျပ် ၄၃၉,၉၀၀ နှင့် 6GB RAM, 64 GB ROM version အား မြန်မာငွေကျပ် ၄၉၉,၉၀၀ ဖြင့် အသီးသီး ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။