[Unicode]

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် VinSmart သည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy2+ တို့အား မကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းများ အနက် Vsmart Star သည် သင့်တင့်သော ဈေးနှုန်းနှင့် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ယူဆောင်လာပေးနိုင်မည့် စမတ်ဖုန်း အမျိုးအစားသစ် တစ်မျိုးဖြစ်ပြီး လူကြိုက်များပြီး လှပသောဒီဇိုင်းပိုင်းနှင့် အဆင့် မြင့်မားသော လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည်။

Qualcomm 215 Processor အား အသုံးပြုထားသည့် ကမ္ဘာ့ပထမဦးဆုံး စမတ်ဖုန်း

VSmart သည် Qualcomm® 215 64-bit processor အမျိုးအစားအား Vsmart Star တွင် ထည့်သွင်းပေးထားသည့် အတွက် အဆိုပါ processor အမျိုးအစားအား ကမ္ဘာပေါ်တွင် ပထမဦးဆုံး ထည့်သွင်းအသုံးပြုထားသည့် စမတ်ဖုန်း ဖြစ်လာခဲ့သည်။ ဤ Qualcomm® 215 64-bit processor အား ထည့်သွင်းပေးထားသည့်အတွက် Vsmart Star စမတ်ဖုန်းသည် စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်လာပြီး ( အရင်မျိူးဆက်ထက် CPU စွမ်းဆောင်ရည် ၄၅% အထိ ပိုမိုမြင့်မားလာပြီး GPU စွမ်းဆောင်ရည် ၂၈% အထိ ပိုမိုမြင့်မားလာသည်) ဘက်ထရီ၏ ကြာရှည်ခံမှုကိုလည်း ပိုမိုကောင်းမွန်လာစေသည့် အတွက် ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် ဂိမ်းများကစားခြင်းတို့ကို စိတ်ကြိုက်ပြုလုပ်နိုင်မည်ဟု ပြောကြားသည်။

ပြီးပြည့်စုံသော အတွေ့အကြုံများအား ရရှိနိုင်မည့် water drop မျက်နှာပြင်ပါဝင်သည့် လူကြိုက်များသော ဒီဇိုင်း

ပြီးပြည့်စုံသော ရုပ်ထွက်အရည်အသွေးအား ရရှိနိုင်စေရန် Vsmart Star စမတ်ဖုန်းတွင် ကျယ်ပြန့်သော ၅.၇၁” ultra-wide waterdrop HD+ မျက်နှာပြင် ပါရှိသည့်အပြင် ဖုန်းမျက်နှာပြင်နှင့် ဖုန်းကိုယ်ထည် အချိုးအစားကိုလည်း ၁၉:၉ အထိ ရရှိစေရန် တည်ဆောက်ပေးထားသည်။ Vsmart Star စမတ်ဖုန်းအား စတိုင်ကျနလှပပြီး လူကြိုက်များသည့် Phamtom Black, Living Coral နှင့် Lapis Blue အရောင်များဖြင့် ရရှိနိင်မည် ဖြစ်သည့်အတွက် နေရာတိုင်းတွင် သိသာထင်ရှားနေစေမည် ဖြစ်သည်။

ယုံကြည်မှု အပြည့်ရှိစေမည့် အဆင့်မြင့် dual ကင်မရာ

Vsmart Star စမတ်ဖုန်းတွင် 8 MP f/2.0 + 2 MP f/2.4 နောက်ကင်မရာ ၂ လုံးနှင့် 5 MP f/2.4 ရှေ့ကင်မရာ ပါဝင်ပြီး ရှေ့နှင့်နောက်ကင်မရာ ၂ ခုလုံးတွင် bokeh လုပ်ဆောင်ချက်နှင့် integrated Face Beauty mode ထည့်သွင်းပေးထား သည့်အတွက် portrait နှင့် selfie ရိုက်ကူးမှု ၂ မျိုးလုံးအတွက် ပိုမိုကြည်လင်ပြတ်သား၍ ပိုမိုတောက်ပသော ရုပ်ထွက် အရည်အသွေးကို ရရှိစေမည် ဖြစ်သည်။ ထို့အပြင် Vsmart Star စမတ်ဖုန်းသည် 1080p@30fps အရည်အသွေးရှိ ဗီဒီယို များကိုလည်း ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

ပိုမိုအဆင်ပြေလွယ်ကူမှုရှိပြီး ကောင်းမွန်သောစွမ်းဆောင်ရည်ကောင်းများ ရရှိစေမည့် အဆင့်မြင့် လုပ်ဆောင်ချက်များ

ဈေးကွက်အတွင်းရှိ အခြားသောစမတ်ဖုန်းများနှင့် မတူညီသည့် နောက်ဆုံးပေါ် လုပ်ဆောင်ချက်များ အပြင် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် VSmart Star စမတ်ဖုန်း တွင် နောက်ဆုံးပေါ် Android ပလက်ဖောင်းအား အခြေခံ၍ တီထွင်ဆန်းသစ်ထားသည့် ကိုယ်ပိုင် operating system VOS 2.0 ကိုလည်းထည့်သွင်းပေးထားသည်။ ထို့အပြင် Vsmart Star စမတ်ဖုန်းတွင် 2 GB RAM, 16 GB ROM နှင့် 10 W fast charging စနစ်ပါဝင်သည့် 3,000 mAh ဘက်ထရီလည်း ပါဝင်သည်။

Vsmart Star အား မြန်မာငွေကျပ် ၁၁၉,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

Vsmart စမတ်ဖုန်းများနှင့် ပတ်သက်သည့် ဒီဇိုင်း၊ လုပ်ဆောင်ချက်များ၊ လုပ်ဆောင်နိုင်မှုများနှင့် ဈေးနှုန်းများစသည့် အသေးစိတ်အချက်အလက်များအား https://vsmart.net/mm-mm/ တွင် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။

[Zawgyi]

ကမာၻ႔ပထမဦးဆုံး Qualcomm 215 64-bit processor ကို ထည့္သြင္းအသုံးျပဳထားတဲ့ Vsmart Star

ဗီယက္နမ္ႏိုင္ငံ၏ ထိပ္တန္းစမတ္ဖုန္း ကုမၸဏီတစ္ခု ျဖစ္သည့္ VinSmart သည္ ၎၏ ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းေမာ္ဒယ္မ်ား ျဖစ္သည့္ Vsmart Live, Vsmart Bee, Vsmart Star ႏွင့္ Vsmart Joy2+ တို႔အား မၾကာေသးမီက ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း စတင္မိတ္ဆက္ခဲ့သည္။ အဆိုပါ စမတ္ဖုန္းမ်ား အနက္ Vsmart Star သည္ သင့္တင့္ေသာ ေဈးႏႈန္းႏွင့္ အေကာင္းမြန္ဆုံးေသာ အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားအား ယူေဆာင္လာေပးႏိုင္မည့္ စမတ္ဖုန္း အမ်ိဳးအစားသစ္ တစ္မ်ိဳးျဖစ္ၿပီး လူႀကိဳက္မ်ားၿပီး လွပေသာဒီဇိုင္းပိုင္းႏွင့္ အဆင့္ ျမင့္မားေသာ လုပ္ေဆာင္ခ်က္မ်ားအား ထည့္သြင္းေပးထားသည္။

Qualcomm 215 Processor အား အသုံးျပဳထားသည့္ ကမာၻ႔ပထမဦးဆုံး စမတ္ဖုန္း

VSmart သည္ Qualcomm® 215 64-bit processor အမ်ိဳးအစားအား Vsmart Star တြင္ ထည့္သြင္းေပးထားသည့္ အတြက္ အဆိုပါ processor အမ်ိဳးအစားအား ကမာၻေပၚတြင္ ပထမဦးဆုံး ထည့္သြင္းအသုံးျပဳထားသည့္ စမတ္ဖုန္း ျဖစ္လာခဲ့သည္။ ဤ Qualcomm® 215 64-bit processor အား ထည့္သြင္းေပးထားသည့္အတြက္ Vsmart Star စမတ္ဖုန္းသည္ စြမ္းေဆာင္ရည္ပိုင္း ပိုမိုေကာင္းမြန္လာၿပီး ( အရင္မ်ိဴးဆက္ထက္ CPU စြမ္းေဆာင္ရည္ ၄၅% အထိ ပိုမိုျမင့္မားလာၿပီး GPU စြမ္းေဆာင္ရည္ ၂၈% အထိ ပိုမိုျမင့္မားလာသည္) ဘက္ထရီ၏ ၾကာရွည္ခံမႈကိုလည္း ပိုမိုေကာင္းမြန္လာေစသည့္ အတြက္ ဗီဒီယိုမ်ား ၾကည့္ရႈျခင္းႏွင့္ ဂိမ္းမ်ားကစားျခင္းတို႔ကို စိတ္ႀကိဳက္ျပဳလုပ္ႏိုင္မည္ဟု ေျပာၾကားသည္။

ၿပီးျပည့္စုံေသာ အေတြ႕အႀကဳံမ်ားအား ရရွိႏိုင္မည့္ water drop မ်က္ႏွာျပင္ပါဝင္သည့္ လူႀကိဳက္မ်ားေသာ ဒီဇိုင္း

ၿပီးျပည့္စုံေသာ ႐ုပ္ထြက္အရည္အေသြးအား ရရွိႏိုင္ေစရန္ Vsmart Star စမတ္ဖုန္းတြင္ က်ယ္ျပန႔္ေသာ ၅.၇၁” ultra-wide waterdrop HD+ မ်က္ႏွာျပင္ ပါရွိသည့္အျပင္ ဖုန္းမ်က္ႏွာျပင္ႏွင့္ ဖုန္းကိုယ္ထည္ အခ်ိဳးအစားကိုလည္း ၁၉:၉ အထိ ရရွိေစရန္ တည္ေဆာက္ေပးထားသည္။ Vsmart Star စမတ္ဖုန္းအား စတိုင္က်နလွပၿပီး လူႀကိဳက္မ်ားသည့္ Phamtom Black, Living Coral ႏွင့္ Lapis Blue အေရာင္မ်ားျဖင့္ ရရွိနိင္မည္ ျဖစ္သည့္အတြက္ ေနရာတိုင္းတြင္ သိသာထင္ရွားေနေစမည္ ျဖစ္သည္။

ယုံၾကည္မႈ အျပည့္ရွိေစမည့္ အဆင့္ျမင့္ dual ကင္မရာ

Vsmart Star စမတ္ဖုန္းတြင္ 8 MP f/2.0 + 2 MP f/2.4 ေနာက္ကင္မရာ ၂ လုံးႏွင့္ 5 MP f/2.4 ေရွ႕ကင္မရာ ပါဝင္ၿပီး ေရွ႕ႏွင့္ေနာက္ကင္မရာ ၂ ခုလုံးတြင္ bokeh လုပ္ေဆာင္ခ်က္ႏွင့္ integrated Face Beauty mode ထည့္သြင္းေပးထား သည့္အတြက္ portrait ႏွင့္ selfie ႐ိုက္ကူးမႈ ၂ မ်ိဳးလုံးအတြက္ ပိုမိုၾကည္လင္ျပတ္သား၍ ပိုမိုေတာက္ပေသာ ႐ုပ္ထြက္ အရည္အေသြးကို ရရွိေစမည္ ျဖစ္သည္။ ထို႔အျပင္ Vsmart Star စမတ္ဖုန္းသည္ 1080p@30fps အရည္အေသြးရွိ ဗီဒီယို မ်ားကိုလည္း ႐ိုက္ကူးသြားႏိုင္မည္ ျဖစ္သည္။

ပိုမိုအဆင္ေျပလြယ္ကူမႈရွိၿပီး ေကာင္းမြန္ေသာစြမ္းေဆာင္ရည္ေကာင္းမ်ား ရရွိေစမည့္ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ား

ေဈးကြက္အတြင္းရွိ အျခားေသာစမတ္ဖုန္းမ်ားႏွင့္ မတူညီသည့္ ေနာက္ဆုံးေပၚ လုပ္ေဆာင္ခ်က္မ်ား အျပင္ သုံးစြဲသူမ်ားအတြက္ အေကာင္းမြန္ဆုံးေသာ အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားအား ေပးအပ္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ VSmart Star စမတ္ဖုန္း တြင္ ေနာက္ဆုံးေပၚ Android ပလက္ေဖာင္းအား အေျခခံ၍ တီထြင္ဆန္းသစ္ထားသည့္ ကိုယ္ပိုင္ operating system VOS 2.0 ကိုလည္းထည့္သြင္းေပးထားသည္။ ထို႔အျပင္ Vsmart Star စမတ္ဖုန္းတြင္ 2 GB RAM, 16 GB ROM ႏွင့္ 10 W fast charging စနစ္ပါဝင္သည့္ 3,000 mAh ဘက္ထရီလည္း ပါဝင္သည္။

Vsmart Star အား ျမန္မာေငြက်ပ္ ၁၁၉,၀၀၀ ျဖင့္ ဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

Vsmart စမတ္ဖုန္းမ်ားႏွင့္ ပတ္သက္သည့္ ဒီဇိုင္း၊ လုပ္ေဆာင္ခ်က္မ်ား၊ လုပ္ေဆာင္ႏိုင္မႈမ်ားႏွင့္ ေဈးႏႈန္းမ်ားစသည့္ အေသးစိတ္အခ်က္အလက္မ်ားအား https://vsmart.net/mm-mm/ တြင္ ၾကည့္ရႈေလ့လာႏိုင္မည္ ျဖစ္သည္။