Zawgyi

VU အေနနဲ႔ လက္ရွိေစ်းကြက္ထဲမွာ အႀကီးဆုံးအ႐ြယ္အစား ျဖစ္တဲ့ 4K TV ႀကီးကို အိႏၵိယႏိုင္ငံမွာ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ TV ႀကီးဟာ 4K LCD Display အမ်ိဴးအစားျဖစ္တဲ့အတြက္ Resolution က 3840 x 2160 pixels ရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ HDR10 နဲ႔ WCG (Wide Color Gamut) တို႔ကို ေထာက္ပံ့ေပးႏိုင္ၿပီး Dynamic Contrast, Local Dimming, Ultra Smooth Motion Control နဲ႔ MPEG noise reduction စတဲ့ Features ေတြ ပါဝင္မွာပါ။ Audio အပိုင္းအတြက္ JBL Speakers ေတြကို အသုံးျပဳထားတဲ့ Sound bar ပါရွိမွာ ျဖစ္ၿပီး Dolby Atmos နဲ႔ DTS တို႔ရဲ႕ အသံပိုင္းဆိုင္ရာ ေထာက္ပံ့မႈေတြကိုလည္း ရရွိမွာ ျဖစ္ပါတယ္။

VU 100 4K TV ႀကီးရဲ႕ Operating System အပိုင္းအတြက္ Android 8.0 Oreo ကို ထည့္သြင္း ေမာင္းႏွင္ေပးထားမွာ ျဖစ္ပါတယ္။ Quad-core CPU ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 2.5GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 16GB ထည့္သြင္းေပးထားပါတယ္။ ေရပန္းစားေနတဲ့ မီဒီယာ Apps ေတြျဖစ္တဲ့ Netflix, Amazon Prime Video နဲ႔ Hotstar Apps ေတြကို အရံသင့္ ထည့္သြင္းေပးထားၿပီး မိမိ ႀကိဳက္ႏွစ္သက္ရာ Apps မ်ားကို Download ျပဳလုပ္ႏိုင္ဖို႔အတြက္ Google Play Store လည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အသံနဲ႔ ထိန္းခ်ဴပ္ခိုင္းေစႏိုင္ဖို႔အတြက္ Remote control မွာ Google Assistant button ကို ထည့္သြင္း တပ္ဆင္ေပးထားပါတယ္။

VU ရဲ႕ ေျပာဆိုခ်က္မ်ားအရ အဆိုပါ TV ႀကီးဟာ MPEG, H.264 နဲ႔ H.265 စတဲ့ Video formats ေတြကို USB ကေန တစ္ဆင့္ ၾကည့္တဲ့အခါမွာလည္း 4K Resolution ႐ုပ္ထြက္ေတြကို ၾကည့္ရႈခံစားႏိုင္မယ္လို႔ သိရပါတယ္။ ႀကိဳးမဲ့ ခ်ိတ္ဆက္ႏိုင္မယ့္ Bluetooth နဲ႔ Wi-Fi ပါရွိမွာ ျဖစ္ၿပီး Media Streaming လုပ္ဖို႔အတြက္ Chromecast ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ HDMI 2.0 ၃ေပါက္နဲ႔ USB 3.0 ၂ေပါက္ ကိုလည္း ထည့္သြင္း တပ္ဆင္ထားပါေသးတယ္။ VU 100 4K TV ႀကီးကို အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ အိႏၵိယေငြ ၂,၀၀၀,၀၀၀ ႐ူပီး (ျမန္မာေငြ သိန္းေပါင္း ၄၂၀ ဝန္းက်င္) ျဖစ္ပါတယ္။

Ref: gadgets.ndtv

Unicode

လက်မ ၁၀၀ ရှိတဲ့ အလန်းစား 4K တီဗွီကြီးကို မိတ်ဆက်လိုက်တဲ့ VU

VU အနေနဲ့ လက်ရှိစျေးကွက်ထဲမှာ အကြီးဆုံးအရွယ်အစား ဖြစ်တဲ့ 4K TV ကြီးကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ TV ကြီးဟာ 4K LCD Display အမျိူးအစားဖြစ်တဲ့အတွက် Resolution က 3840 x 2160 pixels ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် HDR10 နဲ့ WCG (Wide Color Gamut) တို့ကို ထောက်ပံ့ပေးနိုင်ပြီး Dynamic Contrast, Local Dimming, Ultra Smooth Motion Control နဲ့ MPEG noise reduction စတဲ့ Features တွေ ပါဝင်မှာပါ။ Audio အပိုင်းအတွက် JBL Speakers တွေကို အသုံးပြုထားတဲ့ Sound bar ပါရှိမှာ ဖြစ်ပြီး Dolby Atmos နဲ့ DTS တို့ရဲ့ အသံပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

VU 100 4K TV ကြီးရဲ့ Operating System အပိုင်းအတွက် Android 8.0 Oreo ကို ထည့်သွင်း မောင်းနှင်ပေးထားမှာ ဖြစ်ပါတယ်။ Quad-core CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 2.5GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 16GB ထည့်သွင်းပေးထားပါတယ်။ ရေပန်းစားနေတဲ့ မီဒီယာ Apps တွေဖြစ်တဲ့ Netflix, Amazon Prime Video နဲ့ Hotstar Apps တွေကို အရံသင့် ထည့်သွင်းပေးထားပြီး မိမိ ကြိုက်နှစ်သက်ရာ Apps များကို Download ပြုလုပ်နိုင်ဖို့အတွက် Google Play Store လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသံနဲ့ ထိန်းချူပ်ခိုင်းစေနိုင်ဖို့အတွက် Remote control မှာ Google Assistant button ကို ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။

VU ရဲ့ ပြောဆိုချက်များအရ အဆိုပါ TV ကြီးဟာ MPEG, H.264 နဲ့ H.265 စတဲ့ Video formats တွေကို USB ကနေ တစ်ဆင့် ကြည့်တဲ့အခါမှာလည်း 4K Resolution ရုပ်ထွက်တွေကို ကြည့်ရှုခံစားနိုင်မယ်လို့ သိရပါတယ်။ ကြိုးမဲ့ ချိတ်ဆက်နိုင်မယ့် Bluetooth နဲ့ Wi-Fi ပါရှိမှာ ဖြစ်ပြီး Media Streaming လုပ်ဖို့အတွက် Chromecast ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် HDMI 2.0 ၃ပေါက်နဲ့ USB 3.0 ၂ပေါက် ကိုလည်း ထည့်သွင်း တပ်ဆင်ထားပါသေးတယ်။ VU 100 4K TV ကြီးကို အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယငွေ ၂,၀၀၀,၀၀၀ ရူပီး (မြန်မာငွေ သိန်းပေါင်း ၄၂၀ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: gadgets.ndtv