Tesla Cybertruck ပိုင်ရှင်တွေက ကားရဲ့ Stainless Steel ကိုယ်ထည်ဟာ သံလိုက်နဲ့ ထိတွေ့ရင် ပျက်ဆီးသွားတယ်လို့ မကျေမနပ် ပြောနေကြပါတယ်။
ဒီပြဿနာကို Cybertruck Owners Club Forum မှာ “cybertooth” အမည်နဲ့ User က စတင် ပြောကြားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကားမှာ သိသာထင်ရှားစွာ သံချေးတက်နေတဲ့ ဓါတ်ပုံတွေကို မျှဝေထားပါတယ်။
အဲဒီ ကံဆိုးသူ Tesla Cybertruck ပိုင်ရှင်က “ ကျွန်တော် ငတုံးတစ်ယောက်လို ခံစားလိုက်ရပါတယ်။ ကျွန်တော့် ကားမှာ ကြော်ငြာ သံလိုက်ကို ကပ်ထားမိပါတယ်။ တစ်လ ကြာပြီးတော့ ကားကို သန့်ရှင်းရေးလုပ်ဖို့ ခွာလိုက်တဲ့အခါမှာ ကျွန်တော့် နှလုံးသားတွေ ကွဲကြေသွားပါတယ်။ ကားဟာ သံချေးတက်ပြီး ပျက်ဆီးနေပါတယ်။ “ လို့ ရေးသားထားပါတယ်။
ကံကောင်းတာက သူဟာ သံချေး အများစုကို ရှင်းလင်းနိုင်ခဲ့ပေမယ့် အားလုံးကိုတော့ မရှင်းလင်းနိုင်ခဲ့ပါဘူး။ သူက ကားမှာ အဖြူရောင် အစက်လေးများစွာ ကျန်ခဲ့တယ်လို့ ပြောပါတယ်။
သူတင်မကပါဘူး။ တခြား Cybertruck ပိုင်ရှင်များစွာကလည်း အဲဒီပြဿနာ ဖြစ်တယ်လို့ ပြောနေကြပါတယ်။
ဘာကြောင့် ဒီလို ဖြစ်တယ်ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ ဘာပဲ ပြောပြော Cybertruck ရဲ့ Stainless Steel ဟာ ပြဿနာ ရှိနေတာ သေချာပါတယ်။
Tesla က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။
Ref : yahoo