စက်ရုပ် ကုမ္ပဏီ Figure က OpenAI ရဲ့ ChatGPT နည်းပညာ ထည့်သွင်းထားတဲ့ လူတူ စက်ရုပ်ဟာ လူတစ်ယောက်လို စကားပြောနိုင်တာကို မကြာခင်က သရုပ်ပြသခဲ့ပါတယ်။ လူသားတွေလို သဘာဝကျကျ စကားပြောနိုင်၊ အလုပ်လုပ်နိုင်တဲ့ စက်ရုပ်တွေ ပေါ်ထွက်လာဖို့ နီးစပ်လာနေပြီဆိုတာကို သက်သေပြလိုက်တာပါ။

humanoid robot

Figure ရဲ့ ဘက်စုံသုံး Figure 01 စက်ရုပ်ဟာ အလုပ်တွေကို အလိုအလျှောက် လုပ်ပေးနိုင်ပါတယ်။ Figure နဲ့ OpenAI တို့ဟာ ဒီနှစ် ဇန်နဝါရီလမှာ ပူးပေါင်းခဲ့ပြီး စက်ရုပ်တွေမှာ AI နည်းပညာ ထည့်သွင်းကြမှာပါ။ အခု မျှဝေလိုက်တဲ့ ဗီဒီယိုမှာ AI စက်ရုပ်ရဲ့ စွမ်းရည်တွေကို ပြသထားပါတယ်။

OpenAI ရဲ့ Language Models ကနေ Figure 01 ဟာ ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို သိနားလည်ပြီး လူတွေနဲ့ စကားပြောနိုင်ပါတယ်။ ဗီဒီယိုမှာ စက်ရုပ်ဟာ အရာဝတ္ထုတွေကို ခွဲခြားနိုင်ပြီး လူတွေ အမိန့်ပေးတဲ့အတိုင်း လုပ်နိုင်ပါတယ်။ သူ့ အရှေ့မှာ ပန်းသီး ၁ လုံးချထားပြီး လူ ၁ ယောက်က အစားအစာ တောင်းတဲ့အခါ သူက ပန်းသီးကို စားစရာ အဖြစ် သိကာ တောင်းတဲ့ လူကို ပေးလိုက်ပါတယ်။

သူဟာ ဒီထက်ပိုပြီး နားလည်မှု စွမ်းရည်မြင့်မားပါတယ်။ အမိန့်ပေးလိုက်တာနဲ့ ပန်းကန်အလွတ်ကို ခြင်းထဲ သိမ်းပေးပါတယ်။

Figure ဟာ အဲဒီစက်ရုပ်ကို ရောင်းချဖို့ ရည်မှန်းထားပေမယ့် ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ OpenAI နဲ့ ပူးပေါင်းလိုက်တာဟာ စက်ရုပ်ကို စောစောစီးစီး ရောင်းချဖို့ ပိုနီးစပ်လာပါတယ်။ ကုမ္ပဏီ ၂ ခုက အလုပ်လုပ်နိုင်ရုံသာမက လူသားတွေနဲ့ စကားပြောကာ အလုပ်အတူတူ လုပ်နိုင်မယ့် စက်ရုပ်တွေကို တီထွင်ဖို့ ရည်မှန်းထားပါတယ်။

Ref : gizchina