Samsung ဟာ အခုနောက်ပိုင်းမှာ Galaxy A Series ဖုန်းတွေကိုလည်း Flagship ဖုန်းတွေအတိုင်းပဲ သေချာအာရုံစိုက်ပြီး ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိထားတဲ့သတင်းတွေအရ Samsung ဟာ Galaxy A Series ဖုန်းတွေကို လာမယ့် ၂၀၂၂ ခုနှစ်မှာ အဆင့်မြှင့်တင်မှုတွေအများအပြား ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အဆင့်မြှင့်တင်မှုတွေထဲမှာ High Refresh Rate Display ၊ Camera Sensor အသစ်တွေအပြင် တခြားသော Feature အသစ်တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ Samsung ဟာ Budget A Series ဖုန်းတွေအတွက်ပါ Water Resistance Rating ကို ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

ယခုသတင်းကိုတော့ The Elec Media ကနေ ဖော်ပြထားတာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ အနည်းဆုံး Galaxy A Series ဖုန်း ၄ မျိုးခန့် Water Resistance Feature ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကျိန်းသေတာကတော့ Galaxy A73 နဲ့ A53 ဖုန်းတွေက Water Resistance ပါဝင်မှာဖြစ်သလို Galaxy A33 လည်း Water Resistance ပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy A33 စမတ်ဖုန်းဟာ လာမယ့်နှစ်မှာ စျေးအသက်သာဆုံး Water Resistance Rating ပါဝင်တဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ ဒါက အားသာချက်တစ်ခုဖြစ်ပေမယ့်လည်း နောက်ဆုံးသိရတဲ့သတင်းတွေအရ Samsung Galaxy A33 ဖုန်းဟာ 3.5mm Headphone Jack လည်းပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့်လည်း မနှစ်တုန်းက Galaxy A32 5G ဖုန်းလိုမျိုးပဲ ဒေါ်လာ ၃၀၀ အောက်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Android Authority