အခုအချိန်မှာ စမတ်ဖုန်းတွေကို အားသွင်းမယ်ဆိုရင် ကြိုးနဲ့ပဲ အားသွင်းနေရတုန်းပဲဖြစ်ပါတယ်။ Wireless Charging စနစ်တွေကနောက်ပိုင်းမှာ ခေတ်စားလာတယ်ဆိုပေမယ့် ကြိုးနဲ့အားသွင်းတာထက် ပိုပြီး အချိန်ပေးနေရပြီး Wireless Charging Pad ပေါ်မှာပဲ တင်ထားပြီး အားသွင်းရတဲ့အတွက် Wireless Charging စနစ်က အခုထိ မအောင်မြင်သေးပါဘူး။

ဒါပေမယ့် ဒီအချက်တွေကပြောင်းလဲသွားတော့မှာဖြစ်ပြီး FCC ကနေ Wireless Charging ကုမ္ပဏီတစ်ခုဖြစ်တဲ့ WattUp ကို အကွာအဝေး ၃ ပေကနေ Wireless Charger ကိုထားပြီး ဘေးနားမှာရှိတဲ့ Mobile Devices တွေကို အားပြန်သွင်းနိုင်တဲ့ နည်းပညာကို ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် WattUp ကုမ္ပဏီကနေ “WattUp Mid Field Transmitter” အမည်ရတဲ့ Transmitter အသစ်ကို ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ အဆိုပါ Transmitter ဟာ Mobile Phone တွေတင်မကပဲ အခြားသော Devices တွေကိုပါ ၃ ပေအကွာအဝေးမှာ ထားရုံနဲ့တင် အားသွင်းနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်နှစ်မှာတော့ ရုပ်ရှင်ဇတ်ကားတွေထဲကလို စားပွဲပေါ်ကို ဖုန်းတင်လိုက်တာနဲ့ အလိုအလျောက်အားသွင်းပေးတဲ့ နည်းပညာတွေကို လက်တွေ့အသုံးပြုနိုင်တော့မှာပါ။