[Zawgyi]

မၾကာေသးမီက သတင္းမီဒီယာမ်ား၌ Red Dot လုပ္ငန္း ျမန္မာႏိုင္ငံတြင္ ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားေနျခင္းႏွင့္ပတ္သက္၍ ေဈးကြက္အတြင္း မိုဘိုင္းေငြေၾကးက႑၏ တည္ၿငိမ္မႈႏွင့္ ကိုယ္စားလွယ္မ်ားျဖင့္ လုပ္ကိုင္လည္ပတ္လ်က္ရွိေသာ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ား၏ လုပ္ငန္းမ်ားအေပၚ စိုးရိမ္ပူပန္မႈမ်ားရွိလာႏိုင္ေၾကာင္း ကြၽႏု္ပ္တို႔အေနျဖင့္ သိရွိနားလည္ၿပီးျဖစ္ပါသည္။

Red Dot ႏွင့္ မတူညီဘဲ Wave Money သည္ မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ လိုင္စင္ခ်ထားေပးေသာ လုပ္ငန္းျဖစ္ ပါသည္။ ၎ စည္းမ်ဥ္းစည္းကမ္းမ်ားတြင္ပါဝင္ေသာ အဓိကအခ်က္မွာ ကိုယ္စားလွယ္မ်ားႏွင့္ သုံးစြဲသူမ်ား၏ ေငြေၾကးမ်ားကို ကာကြယ္ထိန္းသိမ္းရန္ျဖစ္ပါသည္။ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ၎ေငြေၾကးမ်ား၏ ၁၀၀ ရာခိုင္ႏႈန္းအား ႐ိုးမဘဏ္တြင္ trust account ေငြစာရင္းအျဖစ္ ထိန္းသိမ္းထားပါသည္။ ထိုေၾကာင့္ အာမခံ ကိုယ္စားလွယ္မ်ားႏွင့္ သုံးစြဲသူမ်ား၏ ေငြေၾကးမ်ားမွာ အျပည့္အဝ ကာကြယ္ထားၿပီးျဖစ္ပါသည္။

Wave Money သည္ ျမန္မာႏိုင္ငံတြင္ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းက႑တြင္ အလ်င္ျမန္ဆုံး တိုးတက္ေနသည့္ ဦးေဆာင္လုပ္ငန္းတစ္ခုျဖစ္သည္။ Telenor လုပ္ငန္းစု ၊ ႐ိုးမဘဏ္ အစရွိသည့္ ရင္းႏွီးႏိုင္မႈအားေကာင္းၿပီး ယုံၾကည္စိတ္ခ်ရေသာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားမွ ေက်ာေထာက္ေနာက္ခံ ျပဳထားေသာ လုပ္ငန္းတစ္ခုျဖစ္ပါသည္။ ကြၽန္ုပ္တို႔၏ ကိုယ္စားလွယ္မ်ားႏွင့္ သုံးစြဲသူမ်ားအေပၚ အျပည့္အဝတာဝန္ယူပါသည္။ တာဝန္ခံမႈရွိေသာ စီးပြားေရး လုပ္ငန္းအေလ့အထမ်ားႏွင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏စည္းမ်ဥ္းစည္းကမ္းမ်ားအား လိုက္နာက်င့္သုံးေသာ အားျဖင့္ ကြၽႏု္ပ္တို႔၏ ကိုယ္စားလွယ္မ်ားႏွင့္ သုံးစြဲသူမ်ားအား အျပည့္အဝကာကြယ္ေစာင့္ေရွာက္ေပးလ်က္ ရွိပါသည္။ သုံးစြဲသူမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္ေသာ လုပ္ငန္းရွင္ပါတနာမ်ားအေနျဖင့္ သိရွိလိုသည္မ်ားကို အခ်ိန္မေ႐ြး call centre မွတဆင့္ ေမးျမန္းႏိုင္ပါသည္။

[Unicode]

RED DOT အရေးကိစ္စနှင့် ပတ်သက်ပြီး WAVE MONEY မှ ထုတ်ပြန်ကြေညာချက်

မကြာသေးမီက သတင်းမီဒီယာများ၌ Red Dot လုပ်ငန်း မြန်မာနိုင်ငံတွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားနေခြင်းနှင့်ပတ်သက်၍ ဈေးကွက်အတွင်း မိုဘိုင်းငွေကြေးကဏ္ဍ၏ တည်ငြိမ်မှုနှင့် ကိုယ်စားလှယ်များဖြင့် လုပ်ကိုင်လည်ပတ်လျက်ရှိသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းများအပေါ် စိုးရိမ်ပူပန်မှုများရှိလာနိုင်ကြောင်း ကျွနု်ပ်တို့အနေဖြင့် သိရှိနားလည်ပြီးဖြစ်ပါသည်။

Red Dot နှင့် မတူညီဘဲ Wave Money သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လိုင်စင်ချထားပေးသော လုပ်ငန်းဖြစ် ပါသည်။ ၎င်း စည်းမျဉ်းစည်းကမ်းများတွင်ပါဝင်သော အဓိကအချက်မှာ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများ၏ ငွေကြေးများကို ကာကွယ်ထိန်းသိမ်းရန်ဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းများအရ ၎င်းငွေကြေးများ၏ ၁၀၀ ရာခိုင်နှုန်းအား ရိုးမဘဏ်တွင် trust account ငွေစာရင်းအဖြစ် ထိန်းသိမ်းထားပါသည်။ ထိုကြောင့် အာမခံ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများ၏ ငွေကြေးများမှာ အပြည့်အဝ ကာကွယ်ထားပြီးဖြစ်ပါသည်။

Wave Money သည် မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် အလျင်မြန်ဆုံး တိုးတက်နေသည့် ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သည်။ Telenor လုပ်ငန်းစု ၊ ရိုးမဘဏ် အစရှိသည့် ရင်းနှီးနိုင်မှုအားကောင်းပြီး ယုံကြည်စိတ်ချရသော ရင်းနှီးမြှုပ်နှံသူများမှ ကျောထောက်နောက်ခံ ပြုထားသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများအပေါ် အပြည့်အဝတာဝန်ယူပါသည်။ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အထများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏စည်းမျဉ်းစည်းကမ်းများအား လိုက်နာကျင့်သုံးသော အားဖြင့် ကျွနု်ပ်တို့၏ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများအား အပြည့်အဝကာကွယ်စောင့်ရှောက်ပေးလျက် ရှိပါသည်။ သုံးစွဲသူများနှင့် ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်းရှင်ပါတနာများအနေဖြင့် သိရှိလိုသည်များကို အချိန်မရွေး call centre မှတဆင့် မေးမြန်းနိုင်ပါသည်။