အမေရိကန်ဟာ TikTok အပြင် နောက်ထပ် Ban နိုင်သေးတဲ့ App တစ်ခုရှိနေပြီး ဒါဟာ WeChat ဖြစ်တယ်လို့ Apple သတင်းတွေကို အစဉ်တစိုက် လေ့လာရေးသားနေသူ Ming-Chi Kuo က ဆိုပါတယ်။ ဒါပေမယ့် WeChat ကို တကယ်သာ Ban ဖြစ်သွားမယ်ဆိုရင်အရင်ဆုံးထိခိုက်ရမှာက Apple ဖြစ်လာနိုင်ပါတယ်။

အကယ်၍ WeChat ကို App Store ကနေ ဖယ်ရှားမယ်ဆိုရင် ကမ္ဘာတစ်လွှား iPhone ရောင်းအားဟာ 25% ကနေ 30% ကြား ကျဆင်းသွားမယ်လို့ Ming ရဲ့ အဆိုကို ကိုးကားပြီး MacRumors က ပြောပါတယ်။ WeChat ဟာ ဆက်သွယ်ရေး၊ ငွေပေးချေမှု၊ e-Commerce, လူမှုဆော့ဖ်ဝဲ၊ သတင်းဖတ်ရှုခြင်းနဲ့ Productivity function တွေကို ပေါင်းစည်းထားတာဖြစ်ပြီး တရုတ်သုံးစွဲသူတွေအတွက် အရေးပါတဲ့ App တစ်ခု ဖြစ်ပါတယ်။

အကယ်၍သာ WeChat ကို Ban ဖြစ်သွားမယ်ဆိုရင် လာမယ့် ခရစ္စမတ်ကာလ iPhone ရောင်းအားဟာ ထုနဲ့ထည်နဲ့ ကျဆင်းသွားနိုင်ခြေရှိပါတယ်။ တစ်နွယ်ငင်၊ တစ်စင်ပါ ဆိုသလို၊ Apple ရဲ့ အခြားထုတ်ကုန်တွေဖြစ်တဲ့ AirPods, iPad, Apple Watch နဲ့ Mac ကွန်ပျူတာတွေရဲ့ရောင်းအားကလည်း 15% ကနေ 25% ကြား ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းတွက်ချက်မှုတွေအရ သိရပါတယ်။

အကယ်၍သာ WeChat ကို U.S. က App Store မှာပဲ Ban မယ်ဆိုရင်တော့ iPhone ရောင်းအားရဲ့ 3% ကနေ 6% ကိုပဲ သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းပြီး အခြား Apple ထုတ်ကုန်တွေရဲ့ ရောင်းအားကတော့ 3% အောက်ပဲ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

Ref: GSM Arena