အမေရိကန်ရဲ့ တရုတ် App တွေပိတ်ပင်မယ့် စာရင်းထဲမှာ WeChat လည်းပါဝင်လာပါပြီ။ ထရမ့်ဟာ Tencent ကပိုင်ဆိုင်တဲ့ WeChat App ကို ဘယ်အချိန်မှာ တရားဝင် ပိတ်ပင်မလဲမသိပေမယ့် လက်ရှိအချိန်မှာတော့ Download ဆွဲယူမှုပမာဏက သိသိသာသာကို မြင့်တက်လာတယ်လို့ Reuters က ရေးသားဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး ရုတ်တရက် Download ဆွဲယူမှုမြင့်မားလာရခြင်းဟာ သုံးစွဲသူတွေအနေနဲ့ ဒီ App ကို App Store တွေပေါ်ကနေ တရားဝင်ဖယ်ထုတ်လိုက်တာမျိုးမဖြစ်ခင် ကြိုတင်ရယူထားခြင်းမျိုး ဖြစ်တယ်လို့ Reuters က သုံးသပ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံမှာ Download ဆွဲယူမှု ပိုများနေတယ်လို့လည်း သိရပါတယ်။

အစီရင်ခံစာတွေအရ WeChat app download ဆွဲယူမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်နဲ့နှိုင်းယှဉ်ရင် အမေရိကန်ပြည်ထောင်စုမှာ ခြောက်ရက်အတွင်း ပျမ်းမျှ ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန်မှာ WeChat ကို ပိတ်မယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် ပြောင်းလဲသွားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပြောစရာရှိလာတာကတော့ Signal App ကို အမေရိကန် App store တွေမှာ Download ပြုလုပ်မှု ၃၀% နဲ့ တရုတ် App store တွေမှာ ၉၀% တိုးလာတယ်ဆိုတာပါပဲ။ Sensor Tower analyst ရဲ့ အဆိုအရ WhatsApp နဲ့ Telegram တွေကို တရုတ်မှာ တရားဝင်ပိတ်ပင်လိုက်မယ်ဆိုရင်တောင် Signal က အားသာချက်အဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။ အခြားတစ်ဘက်မှာတော့ WeChat သုံးစွဲသူတွေဟာ QQ လို Tencent ပိုင် အခြား Chat app တွေဆီပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

Ref: Gizmochina