အခုလို နည်းပညာတွေ တရှိန်ထိုး တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ လူတွေရဲ့ နေ့စဉ် နေထိုင်မှုဘဝပုံစံတွေ ပြောင်းလဲလာတာနဲ့အတူ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Digital Platform တွေပေါ် မှာ ပိုပြီးမှီတည်လာပြီး အရောင်းအဝယ်တွေ တွင်တွင်ကျယ်ကျယ်ပိုလုပ်လာတာကိုတွေ့ရပါတယ်။ လူတွေအနေနဲ့လည်း အပြင်မှာ ပတ်ပြီး စျေးဝယ်ထွက်ရတာထက် အိမ်မှာ အေးဆေးလေး အွန်လိုင်းကနေဈေးဝယ်လို့ရတဲ့ စနစ်ကိုပိုပြီး သဘောကျလာ ကြပါတယ်။

အွန်လိုင်းကနေ ဈေးဝယ်တယ်လို့ပြောလိုက်ရင် Online Shop Page တွေမှာ ဝယ်တာ၊ Live Sale တွေမှာဝယ်တာ၊ Tik Tok မှာ ဗီဒီယိုတင်တာတွေကြည့်ပြီး ဝယ်တာမျိုးတွေအပြင် E-Commerce Website တွေ App တွေမှာ ဝယ်တာမျိုးတွေပါ ပါဝင်ပါတယ်။ ဒီတစ်ခါမှာတော့ စာဖတ်သူတွေအတွက် E-Commerce တွေမှာ ဈေးဝယ်တာက အပြင်ဆိုင်တွေမှာ ဈေးဝယ်တာထပ် ဘယ်လိုအားသာချက်တွေ ပိုရှိမလဲဆိုတာကို အောက်ပါ အချက်တွေအရ ပြောပြပေးချင်ပါတယ်။

အချိန်ကုန်သက်သာခြင်း

E-Commerce တွေမှာ စျေးဝယ်ခြင်းရဲ့ အဓိကအားသာချက်တစ်ခုကိုပြောရရင် ဝယ်ယူသူတွေအနေနဲ့ အိမ်မှာရှိနေတာပဲဖြစ်ဖြစ် ရုံးမှာရှိနေတာပဲဖြစ်ဖြစ် ဘယ်နေရာကမဆို သက်သောင့်သက်သာနဲ့ စျေးဝယ်နိုင်တာပါပဲ။
လိုချင်တာ ရဖို့အတွက် Physical Store တွေကို တကူးတကသွားစရာ မလို၊ တန်းစီစောင့်ဆိုင်းစရာတွေလည်း မလိုတော့တာကြောင့် အချိန်ကုန်လည်း သက်သာစေပါတယ်။ အထူးသဖြင့် အလုပ်များတဲ့ သူတွေအတွက် သီးသန့် Shopping ထွက်ဖို့ အချိန်ပေးနေစရာမလိုတော့ဘဲ ဖုန်းလေးရှိရုံနဲ့တင် ဈေးဝယ်လို့ရတာဆိုတော့ အတော်အဆင်ပြေပါတယ်။

24/7 စျေးဝယ်နိုင်ခြင်း

အချိန်အခါ မရွေး စျေးဝယ်နိုင်တာကလည်း E-Commerce တွေရဲ့ အားသာချက်တစ်ခုပါပဲ။
Shopping Mall တွေ၊ ဈေးတွေ၊ ဆိုင်ခန်းတွေဆိုရင် နေ့စဉ် ဖွင့်ချိန် ပိတ်ချိန်တွေရှိနေတော့ သတ်မှတ်ချိန်အတွင်း
သွားရတာမျိုးတွေရှိပါတယ်။ E-Commerce မှာ ဈေးဝယ်ရင်တော့ အင်တာနက်လေးရှိရုံနဲ့ ၂၄ နာရီပတ်လုံး ကြိုက်တဲ့အချိန်ဝင်ဝယ်ရုံပဲဆိုတော့ ဆိုင်ဖွင့်ချိန် ဆိုင်ပိတ်ချိန်တွေလည်း ထည့်တွက်စရာမလိုတော့ပါဘူး။

ရွေးချယ်စရာ အစုံအလင်ရှိခြင်း

ဘာပဲလိုလိုတစ်နေရာတည်းမှာ ဝယ်လို့ရတဲ့ နေရာကိုပြပါဆိုရင်တော့ E-Commerce တွေလို့ပြောရမှာပါပဲ။
ဖုန်းတွေ gadgets တွေနဲ့ electronics ပစ္စည်းတွေကစလို့ cosmetics တွေ skincare တွေအပြင် အဝတ်အထည်တွေ fashion accessories တွေ ဘာပဲလိုလို ပစ္စည်းအစုံရှိပါတယ်။ တစ်ခါတစ်လေဆိုရင် Social Media မှာ trend နေတဲ့ ပစ္စည်း တိုလီမုတ်စလေးတွေကအစ ရှာလို့ရပါသေးတယ်။ အပြင်ဆိုင်တွေမှာ ဝယ်မယ်ဆိုရင် လိုတာတွေအကုန်ရဖို့ တစ်နေရာပြီး တစ်နေရာ သွားလာနေရသေးတယ်။ E-Commerce တွေမှာဆိုရင်တော့ Search Bar လေးကပဲ လိုတာလေးတွေကို ရှာလိုက်ရုံပါပဲ။

In Stock Items များရှိခြင်း

ပုံမှန် Online Shop တွေမှာဈေးဝယ်တာဆိုရင် ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခုရှိရင် ကြိုပြီး Pre-Order မှာရတာမျိုးတွေ ရှိပြီး Pre-Order အတွက် အနည်းဆုံး (၂) ပတ်လောက်ကနေ အများဆုံး (၁)လလောက်အထိ ကြာတတ်ပါတယ်။ E-Commerce တွေမှာဝယ်မယ်ဆိုရင်တော့ ဆိုင်တွေက in stock ရှိတဲ့ ပစ္စည်းတွေကိုပဲ ရောင်းချပေးတာဆိုတော့ လိုချင်တာကို Product အမည်ရှာပြီး ဝယ်လိုက်ရုံပါပဲ။ ပစ္စည်းရဖို့ အချိန်အကြာကြီးလည်း စောင့်နေစရာမလိုတော့ဘူးပေါ့။

လျှော့ဈေးအစီအစဉ်များရှိခြင်း

အွန်လိုင်းကနေ ဈေးဝယ်ယူတာတွေ ပိုပြီးခေတ်စားလာတာနဲ့ အမျှ ဝယ်ယူသူတွေ စိတ်ဝင်စားအောင် အပြိုင်အဆိုင်ကို လျှော့ဈေးချပေးတာ၊ Discount ကူပွန်တွေပေးတာမျိုးနဲ့၊ ပရိုမိုးရှင်း ကန်ပိမ်းတွေကို ရာသီအလိုက် မရိုးနိုင်အောင် လုပ်ပေးတာတွေကိုလည်း တွေ့လာရပါတယ်။ တစ်ခါတစ်လေဆိုရင် အပြင်ဆိုင်တွေမှာတောင်မရဘဲ E-Commerce တွေမှာ ဝယ်မှ ရတဲ့ သီးသန့် လျှော့ဈေးအစီအစဉ်တွေတောင် ရှိပါသေးတယ်။ ဝယ်ယူသူတွေဘက်က ကြည့်ရင်လည်း မိမိစိတ်ကြိုက် Brand တွေ Product တွေအလိုက် တစ်ဆိုင်နဲ့ တစ်ဆိုင် ဈေးနှုန်းတွေ နှိုင်းယှဉ်နိုင်ပြီး လျှော့ဈေးအစီအစဉ်တွေနဲ့ ဝယ်ယူနိုင်တာဆိုတော့ Budget Save ပြီးသားလည်းဖြစ်ပါတယ်။

အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း

E-Commerce တွေအနေနဲ့ နိုင်ငံအနှံ့ ပို့ဆောင်ရေးမိတ်ဖက်တွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဈေးဝယ်တဲ့အခါ မိမိ ထည့်သွင်းထားတဲ့ လိပ်စာအတိုင်း ဝယ်ယူထားတဲ့ ပစ္စည်းကို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတာဖြစ်တဲ့အတွက် မြို့ကြီးတွေမှာ ရှိတဲ့သူတွေမှသာ ဝယ်ယူနိုင်တာ မဟုတ်ဘဲ နယ်ဝေးကနေပါ အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်တိုင်အတွက်ပဲ ဝယ်မလား၊ ဒါမှမဟုတ် ချစ်ရသူစီကို Surprise လက်ဆောင်ပဲ ပို့မလား၊ အိမ်အထိ ပို့ဆောင်ပေးတာမို့ အဆင်ပြေလွယ်ကူပါတယ်။

Return/ Refund စနစ်များ ပါဝင်ခြင်း

အကယ်လို့ မိမိ ဝယ်ယူလိုက်တဲ့ ပစ္စည်းမှာ error ပါလာတဲ့အခါမျိုးတို့၊ မှားယွင်းပို့ဆောင်လိုက်တဲ့ အခါမျိုးတို့ဆိုရင်လည်း
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း အချက်အလက်တွေဖြည့်သွင်းပြီး ပြန်အမ်းငွေတောင်းဆိုတာမျိုးတွေ လုပ်လို့ရပါတယ်။ ရောင်းချသူဘက်ကနေ ပစ္စည်းကို လာရောက်ယူဆောင်ပေးမှာဖြစ်ပြီး ပြန်အမ်းငွေကိုလည်း သက်ဆိုင်ရာ ချိတ်ဆက်ထားတဲ့ payment channel တွေကနေ ပြန်လည်ပေးသွားမှာပဲဖြစ်ပါတယ်။

ကဲ ဒါကတော့ E-Commerce တွေမှာ ဈေးဝယ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပေါ့ဗျာ။ E-Commerce Platform တွေအများကြီးထဲမှာမှ ကျွန်တော် သုံးဖူးသလောက် အပေါ်က ပြောပြတဲ့ အချက်တွေအားလုံးရနိုင်တဲ့ အကြိုက်ဆုံး E-Commerce ကိုပြောပါဆိုရင်တော့ KBZPay Market ကိုပဲ ညွှန်းပေးပါရစေ။ KBZPay Market ဆိုတာက KBZPay App ထဲမှာ ရှိနေတဲ့ online marketplace လေးတစ်ခုဖြစ်ပြီး သုံးရတာတော်တော်လေး အဆင်ပြေတယ်။ KBZPay နဲ့ပဲ ငွေချေရတာဆိုတော့ စိတ်ချလုံခြုံမှုလည်း ရှိတာပေါ့ဗျာ။ စာဖတ်ပရိသတ်ကြီး အားလုံးလည်း E-Commerce တွေမှာ ဈေးဝယ်တဲ့ ကောင်းကျိုးကိုသိသွားပြီဆိုတော့ E-Commerce အသုံးပြုပြီး ဈေးဝယ်ချင်သူတွေအတွက် KBZPay Market မှာ သွားဝယ်ကြည့်လိုက်ဖို့ recommend ပေးပါတယ်။

media release: KBZ