Zawgyi Font Version

အသံထြက္တဲ့ Digital ပစၥည္းေတြျဖစ္တဲ့ Mp3, Bluetooth Speaker, Bluetooth Headphones, PC Sound Cards, Home Theater, Smartphone စတဲ့ ပစၥည္းေတြအကုန္လံုးမွာ DAC ဆိုတဲ့ အရာေလးပါ ပါတယ္။ DAC ကဘာလုပ္ေပးလဲဆိုေတာ့ Digital Audio File ေတြကို Analog Signal ေတြအျဖစ္ေျပာင္းေပးပါတယ္။ Digital Audio File ေတြျဖစ္တဲ့ Mp3, AAC, FLAC အစရွိတဲ့ ကိုယ့္ဖုန္း ရဲ႕ File Manager ေတြထဲမွာျမင္ေတြ႔ႏိုင္တဲ့ Audio File မွန္သမွ်က Digital File ေတြပါ။

Digital File ေတြကိုတိုက္ရိုက္ နားေထာင္လို႔မရပဲ Speaker, Headphones, Earphones အစရွိတဲ့ အသံျပန္ထုတ္ေပးတဲ့ ပစၥည္းေတြမွာ အသံၾကားရဖို႔အတြက္ Analog Format ျပန္ေျပာင္းေပးရပါတယ္။ အဲ့ဒီ Process ကို DAC ကလုပ္ေဆာင္ေပးပါတယ္။ “Digital to Analog Coverter” လို႔ အမည္ရတဲ့ DAC ဟာ ဖုန္းတိုင္းမွာပါ ပါတယ္။ ဖုန္းတစ္လံုးရဲ႕ အသံထြက္ ေကာင္းမေကာင္းကို DAC ကဆံုးျဖတ္ေပးပါတယ္။ ဖုန္းတစ္လံုးမွာ DAC အျပင္ Amplifier ဆိုတဲ့ DAC ကလာတဲ့ အသံကိုျပန္ခ်ဲ႕ေပးတဲ့ ပစၥည္းေလးလဲပါရျပီး ဖုန္းတစ္လံုး အသံက်ယ္မက်ယ္ကိုေတာ့ အဆိုပါ Amplifier နဲ႔ဆိုင္သြားပါတယ္။

External DAC လို႔ေခၚတဲ့ Smartphone ေတြ PC ေတြ နဲ႔ တြဲဖက္သံုးလို႔ရတဲ့ DAC ေတြလည္းရွိပါတယ္။ External DAC ေတြဟာ အရြယ္အစားအားျဖင့္ အနည္းငယ္ၾကီးမားတဲ့ အတြက္ လြယ္အိတ္ေတြဘာေတြမပါရင္ အလြယ္တကူသယ္သြားလို႔ေတာ့ အဆင္မေျပပါဘူး။ External DAC ေတြရဲ႕ အားသာခ်က္ကေတာ့ Built-in DAC ေတြထက္ အရည္အေသြးပိုေကာင္းျပီး ေတာ္ရံုတန္ရံုသီခ်င္းနားေထာင္တက္တဲ့ သူေတြအသံုးမျပဳၾကပဲ Audio Quality ကိုမွ အရူးအမူးျဖစ္တဲ့ သူေတြအတြက္ ထုတ္ထားတာပါ။

Snapdragon နဲ႔ Mediatek Smartphone SoC အကုန္လံုးနီးပါးမွာ DAC တစ္ပါတည္းပါဝင္ပါတယ္။ ဒါေပမယ့္ LG ရဲ႕ ေနာက္ပိုင္း Flagship ေတြမွာ အရည္အေသြးပိုျမင့္တဲ့ နာမည္ၾကီး DAC ေတြကို ထပ္ျပီးထည့္သြင္းတပ္ဆင္လာပါတယ္။ Snapdragon ရဲ႕ DAC ေတြကို Aqstic လို႔ေခၚျပီး Xiaomi ဖုန္း ေတြနဲ႔ OnePlus ဖုန္းေတြမွာ အသံထြက္အရည္အေသြးေကာင္းတာ Aqstic DAC ေၾကာင့္ပါပဲ။ Mediatek DAC ေတြကေတာ့ Aqstic ေတြေလာက္မေကာင္းပဲ သာမာန္အရည္အေသြးသာရွိပါတယ္။ Snapdragon နဲ႔ယွဥ္ႏိုင္တဲ့ SoC ေတြကေတာ့ Huawei ရဲ႕ အျမင့္ပိုင္း Kirin SoC ေတြပါ။ Samsung SoC ေတြမွာေတာ့ DAC တစ္ပါတည္းပါဝင္ျခင္းမရွိပဲ နာမည္ၾကီး DAC ကုမၸဏီ Cirrus ရဲ႕ DAC ေတြကိုထည့္သြင္းအသံုးျပဳထားတဲ့အတြက္ Premium အသံထြက္မ်ိဳးရရွိပါတယ္။

Unicode Version

အသံထွက်တဲ့ Digital ပစ္စည်းတွေဖြစ်တဲ့ Mp3, Bluetooth Speaker, Bluetooth Headphones, PC Sound Cards, Home Theater, Smartphone စတဲ့ ပစ္စည်းတွေအကုန်လုံးမှာ DAC ဆိုတဲ့ အရာလေးပါ ပါတယ်။ DAC ကဘာလုပ်ပေးလဲဆိုတော့ Digital Audio File တွေကို Analog Signal တွေအဖြစ်ပြောင်းပေးပါတယ်။ Digital Audio File တွေဖြစ်တဲ့ Mp3, AAC, FLAC အစရှိတဲ့ ကိုယ့်ဖုန်း ရဲ့ File Manager တွေထဲမှာမြင်တွေ့နိုင်တဲ့ Audio File မှန်သမျှက Digital File တွေပါ။

Digital File တွေကိုတိုက်ရိုက် နားထောင်လို့မရပဲ Speaker, Headphones, Earphones အစရှိတဲ့ အသံပြန်ထုတ်ပေးတဲ့ ပစ္စည်းတွေမှာ အသံကြားရဖို့အတွက် Analog Format ပြန်ပြောင်းပေးရပါတယ်။ အဲ့ဒီ Process ကို DAC ကလုပ်ဆောင်ပေးပါတယ်။ “Digital to Analog Coverter” လို့ အမည်ရတဲ့ DAC ဟာ ဖုန်းတိုင်းမှာပါ ပါတယ်။ ဖုန်းတစ်လုံးရဲ့ အသံထွက် ကောင်းမကောင်းကို DAC ကဆုံးဖြတ်ပေးပါတယ်။ ဖုန်းတစ်လုံးမှာ DAC အပြင် Amplifier ဆိုတဲ့ DAC ကလာတဲ့ အသံကိုပြန်ချဲ့ပေးတဲ့ ပစ္စည်းလေးလဲပါရပြီး ဖုန်းတစ်လုံး အသံကျယ်မကျယ်ကိုတော့ အဆိုပါ Amplifier နဲ့ဆိုင်သွားပါတယ်။

External DAC လို့ခေါ်တဲ့ Smartphone တွေ PC တွေ နဲ့ တွဲဖက်သုံးလို့ရတဲ့ DAC တွေလည်းရှိပါတယ်။ External DAC တွေဟာ အရွယ်အစားအားဖြင့် အနည်းငယ်ကြီးမားတဲ့ အတွက် လွယ်အိတ်တွေဘာတွေမပါရင် အလွယ်တကူသယ်သွားလို့တော့ အဆင်မပြေပါဘူး။ External DAC တွေရဲ့ အားသာချက်ကတော့ Built-in DAC တွေထက် အရည်အသွေးပိုကောင်းပြီး တော်ရုံတန်ရုံသီချင်းနားထောင်တက်တဲ့ သူတွေအသုံးမပြုကြပဲ Audio Quality ကိုမှ အရူးအမူးဖြစ်တဲ့ သူတွေအတွက် ထုတ်ထားတာပါ။

Snapdragon နဲ့ Mediatek Smartphone SoC အကုန်လုံးနီးပါးမှာ DAC တစ်ပါတည်းပါဝင်ပါတယ်။ ဒါပေမယ့် LG ရဲ့ နောက်ပိုင်း Flagship တွေမှာ အရည်အသွေးပိုမြင့်တဲ့ နာမည်ကြီး DAC တွေကို ထပ်ပြီးထည့်သွင်းတပ်ဆင်လာပါတယ်။ Snapdragon ရဲ့ DAC တွေကို Aqstic လို့ခေါ်ပြီး Xiaomi ဖုန်း တွေနဲ့ OnePlus ဖုန်းတွေမှာ အသံထွက်အရည်အသွေးကောင်းတာ Aqstic DAC ကြောင့်ပါပဲ။ Mediatek DAC တွေကတော့ Aqstic တွေလောက်မကောင်းပဲ သာမာန်အရည်အသွေးသာရှိပါတယ်။ Snapdragon နဲ့ယှဉ်နိုင်တဲ့ SoC တွေကတော့ Huawei ရဲ့ အမြင့်ပိုင်း Kirin SoC တွေပါ။ Samsung SoC တွေမှာတော့ DAC တစ်ပါတည်းပါဝင်ခြင်းမရှိပဲ နာမည်ကြီး DAC ကုမ္ပဏီ Cirrus ရဲ့ DAC တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် Premium အသံထွက်မျိုးရရှိပါတယ်။