Vivo က နေ Vivo V9 စမတ်ဖုန်းအသစ်ကို မကြာခင်ရက်ပိုင်းအတွင်း မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ အဲ့ဒီအတွက် မြန်မာပြည်က Vivo ကြိုက်သူတွေအတွက်တော့ နှစ်သစ်မှာ ဖုန်းသစ်လဲနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။

ဘယ် Brand ပဲဖြစ်ဖြစ် Model သစ် ဖုန်းတစ်လုံးထွက်လာတိုင်း Model ဟောင်းထက် ပိုပြီးကောင်းတဲ့ Experience တွေကို ပေးလေ့ရှိပါတယ်။ ဖုန်းဝယ်မယ့်သူတွေကလည်း၊ ပိုကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ကိုပဲ မျှော်လင့်ကြပါတယ်။ အဲ့ဒီအတွက် မြန်မာပြည်ဈေးကွက်ထဲကို ရောက်လာတော့မယ့် Vivo V9 ကနေ ဘယ်လိုမျိုး Feature အသစ်တွေကို မျှော်လင့်ထားနိုင်မလဲ။
တကယ်တော့ V9 ကို တခြား အရှေ့တောင်အာရှဈေးကွက်အတော်များများမှာ ဖြန့်ချိပြီးပါပြီ။ မြန်မာနိုင်ငံမှာပဲ မရသေးတာပါ။ ဒီတော့လည်း တစ်ချို့အရာတွေကို သိပြီးသား ဖြစ်ပါလိမ့်မယ်။

အသွင်အပြင်ကို ကြည့်ပြီးတာနဲ့ V9 ဆိုရင်တော့ ပိုကျယ်တဲ့ မျက်နှာပြင်နဲ့ ပိုပြီးကျဉ်းမြောင်းတဲ့ ဘောင်တွေနဲ့ ဖုန်းတစ်လုံးအဖြစ် သုံးစွဲရမယ်လို့ မျှော်လင့်ထားလို့ရပါတယ်။ Display မှာ Notch ပါဝင်လာဖို့ရှိနေတဲ့အတွက် ပိုပြီး Immersive ဖြစ်တဲ့ ရုပ်ထွက်အရည်အသွေးကိုလည်း မျှော်လင့်ထားလို့ ရမယ်လို့ ယူဆထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအရတော့ V9 ကို Qualcomm Snapdragon 626 octa-core processor သုံးထားတယ်လို့ ဆိုပါတယ်။ Graphic ကလည်း Adreno 506 GPU ဆိုတော့လည်း မဆိုးပါဘူးလို့ပဲ ပြောရမယ်ထင်တယ်။

ပြောင်းလဲသွားတာ တစ်ခုကတော့ အရင်လို ဘယ်လောက် MP selfie ဆိုပြီး ပြောထားတာ မတွေ့ရတာပဲ။ အဲဒီအစား AI Selfie ဆိုပြီးတော့ သုံးထားတာကို တွေ့ရတယ်။ ထပ်ပြီးလေ့လာကြည့်တော့ AI power ကို အတော်လေးကို သုံးထားတာလည်း တွေ့ရပါတယ်။ ဒါကိုတော့ လက်တွေ့စမ်းသပ်ကြည့်မှပဲသိနိုင်မှာပါ။ ဒီတော့လည်း AI experience ကို မျှော်လင့်ထားလို့ရတယ်လို့ ပြောရဦးမှာပါပဲ။

နောက်ဆုံးကတော့ ဈေးနှုန်းပါ။ ခန့်မှန်းခြေအရတော့ လေးသိန်းစွန်းစွန်းလို့ ယူဆရပြီးတော့ လောလောဆယ်တော့ ဈေးနှုန်းနဲ့ ကိုယ်ပြန်ရလိုက်တဲ့ စွမ်းဆောင်ရည်၊ အသုံးဝင်မှုနဲ့ User Experience တွေက တန်တယ်လို့ ပြောလို့ရမလားကတော့ ဆက်ပြီးစောင့်ကြည့်ဦးမှာပါ။ ဒ