Data တွေအကူးအပြောင်း ပြုလုပ်ရာမှာ အဓိကကျတဲ့ Universal Serial Bus (USB) ဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ထဲကစတင်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် ကွန်ပျူတာတွေတင်မကပဲ Mobile Devices တွေ၊ ပြီးခဲ့တဲ့နှစ်တွေက စတင်မိတ်ဆက်ခဲ့တဲ့ USB Type C ဟာဆိုရင်လည်း Display Port တွေ၊ Laptop ကွန်ပျူတာတွေအတွက် Charging စနစ်နဲ့ အခြားသောအရာတွေအနေနဲ့ပါ အသုံးပြုလာနိုင်နေပြီပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ USB Type C ကိုပဲ အခြေခံလာတဲ့ USB 3.2 စနစ်ကို ထုတ်ဖော်ပြသလိုက်ပြီး လက်ရှိမှာ အမြန်ဆုံးဖြစ်တဲ့ USB 3.1 Gen 2 ထက်တောင် ၂ ဆမြန်တဲ့နှုန်းနဲ့ Data တွေကို သယ်ယူပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

USB 3.2 ဟာ USB Type C အသုံးပြုထားတဲ့ နောက်ဆုံးထွက် USB 3.1 Gen 2 Cable တွေနဲ့လည်း အလုပ်လုပ်မှာဖြစ်တဲ့အတွက် USB 3.2 ကို ကွန်ပျူတာတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေက အသုံးပြုလာခဲ့ရင် Cable ထပ်ဝယ်စရာမလိုပဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် USB 3.1 Gen 1 Cable နဲ့ USB 3.0 Cable တွေနဲ့အသုံးပြုမယ်ဆိုရင်တော့ USB 3.0 ရဲ့ အမြန်နှုန်းဖြစ်တဲ့ 5 Gbps နဲ့ပဲ လုပ်ဆောင်မှာဖြစ်ပါတယ်။

USB 3.2 ကို အခုလို အလွန်မြန်တဲ့ 20 Gbps Data Transfer Speed ကို ဘယ်လိုရရှိခဲ့သလဲဆိုရင် လက်ရှိ USB 3.1 ဟာ အမြင့်ဆုံးအနေနဲ့ 10 Gbps Speed နဲ့ လမ်းကြောင်း ၂ ခုယူပြီး လမ်းကြောင်းတစ်ခုစီမှာ 5 Gbps နှုန်းနဲ့ Data တွေကို သယ်ဆောင်တာဖြစ်ပါတယ်။ အခု USB 3.2 မှာတော့ လမ်းကြောင်း ၂ ခုပဲ ဆက်လက်အသုံးပြုနေပေမယ့် လမ်းကြောင်းတစ်ခုစီရဲ့ အမြန်နှုန်းကို 10 Gbps အထိ တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် USB Type C 3.2 ရဲ့ အမြန်နှုန်းကို ရရှိဖို့ဆိုရင် အသုံးပြုနေတဲ့ Connector တွေနဲ့ Hardware တွေအကုန်လုံးက USB 3.2 ကို Support ပြုလုပ်ဖို့လိုအပ်မှာပါ။