Captioning နဲ့ Transcription တွေဟာ အသုံးဝင်တဲ့အရာတွေဖြစ်ပြီး ရှိလည်းရှိသင့်တဲ့အရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူတွေလက်ထဲကို ရောက်ရှိဖို့ခက်ခဲနေခဲ့တာ အတော်လေးကို အချိန်ကြာမြင့်တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာကုမ္ပဏီကြီးတွေကတော့ အသုံးဝင်လွန်းတဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးတော့ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင် ကြိုးစားနေကြတာကို တွေ့မြင်နိုင်ပါတယ်။

Artificial intelligence (ဉာဏ်ရည်တု) ဟာ Voice mail apps အချို့မှာ Auto-generated transcriptions နဲ့ YouTube ဗီဒီယိုတွေမှာ Captions တွေ ထည့်ပေးနိုင်ပါတယ်။ Google ဆိုရင်လည်း Live Caption တွေ ပြုလုပ်ခွင့်ပေးနိုင်ပြီ ဖြစ်ပါတယ်။ WhatsApp မှာလည်း အသုံးဝင်လွန်းတဲ့ Voice message transcriptions ကို ထောက်ပံ့လာဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

WABetaInfo ရဲ့ ဖော်ပြချက်အရ WhatsApp မှာ Transcript ကို စမ်းသပ်နေကြောင်း သိရပါတယ်။ လက်ရှိအချိန်တွေ့ရတာကတော့ Pre-beta အနေနဲ့ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုအရ WhatsApp မှာ Voice message ကို iOS ရဲ့ Speech data processing ဆီပို့ဆောင်ပြီး Transcript လုပ်နိုင်ကြောင်း တွေ့မြင်ရတာ ဖြစ်ပါတယ်။

ပြောစရာရှိတာက ဒီ Data တွေကို WhatsApp ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Facebook ဆီပေးပို့တာမဟုတ်ဘဲ Apple ဆီ ပေးပို့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Live Transcribe လိုမျိုး သီးခြား App တွေကိုမှီခိုစရာမလိုဘဲ Voice message transcriptions ရရှိလာတာကတော့ အများကြီးအသုံးဝင်ပါတယ်။ Facebook နဲ့ Google တို့ဟာ တစ်ခုခုလုပ်ဖို့ရှိနေကြပုံပဲလို့ ခန့်မှန်းရပေမဲ့ ဘာလဲဆိုတာတော့ အခုထိသဲလွန်စမရသေးဘူး ဖြစ်ပါတယ်။

Ref: Android Police