Unicode

WhatsApp ဟာ လက်ရှိမှာ Facebook Messenger နဲ့ Telegram လိုမျိုးပဲ အောင်မြင်တဲ့ Chat Messaging App တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ WhatsApp ကနေ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒါကတော့ WhatsApp Application ကို Version အနိမ့် စမတ်ဖုန်းတွေနဲ့ Mobile Devices တွေမှာ အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ ကြေညာလိုက်တာပါ။ အဲ့ဒီအတွက် Android Device တွေအနေနဲ့ဆိုရင် Android 4.0.3 (Ice Cream Sandwich) အနိမ့်ဆုံးရှိဖို့လိုအပ်မှာဖြစ်ပြီး iOS Device တွေအနေနဲ့ကတော့ iOS 9 နဲ့အထက်ရှိမှ WhatsApp ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

WhatsApp ရဲ့ တရားဝင်ကြေညာချက်အရတော့ ဒီ Version အနိမ့် Android နဲ့ iOS Device တွေမှာ WhatsApp က လာမယ့် ဖေဖော်ဝါရီလ ၂၀၂၀ ကြရင် လုံးဝရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အဲ့ဒီအချိန်ကြရင် Version အမြင့် Mobile Device တွေကို ပြောင်းလဲအသုံးပြုဖို့လိုအပ်မှာဖြစ်ပြီး အခုအချိန်မှာထဲက အဆိုပါ OS Version တွေအတွက် Develop ပြုလုပ်ခြင်းမရှိတော့တဲ့အတွက် ဒီကြားထဲမှာ တချို့သော Feature တွေရပ်ဆိုင်းနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ WhatsApp ကို Windows Phone တွေမှာ အသုံးပြုနေသေးတယ်ဆိုရင်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ၂၀၁၉ နောက်ပိုင်းက စတင်ပြီး အသုံးပြုလို့ရမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ Microsoft ကိုယ်တိုင်ကလည်း Windows Phone တွေကို တရားဝင် Support ပြုလုပ်ခြင်းမရှိတော့တဲ့အတွက် ဒီသတင်းကတော့ Android နဲ့ iOS Version အနိမ့်တွေလောက် အရေးမကြီးဘူးလို့ ပြောလို့ရပါတယ်။

Ref – GSM Arena

Zawgyi

WhatsApp ဟာ လက္ရွိမွာ Facebook Messenger နဲ႔ Telegram လိုမ်ိဳးပဲ ေအာင္ျမင္တဲ့ Chat Messaging App တစ္ခုျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ WhatsApp ကေန ေၾကညာခ်က္တစ္ခုကို ထုတ္ျပန္လိုက္ပါတယ္။

ဒါကေတာ့ WhatsApp Application ကို Version အနိမ့္ စမတ္ဖုန္းေတြနဲ႔ Mobile Devices ေတြမွာ အသုံးျပဳႏိုင္မွာမဟုတ္ေတာ့ဘူးလို႔ ေၾကညာလိုက္တာပါ။ အဲ့ဒီအတြက္ Android Device ေတြအေနနဲ႔ဆိုရင္ Android 4.0.3 (Ice Cream Sandwich) အနိမ့္ဆုံးရွိဖို႔လိုအပ္မွာျဖစ္ၿပီး iOS Device ေတြအေနနဲ႔ကေတာ့ iOS 9 နဲ႔အထက္ရွိမွ WhatsApp ကို အသုံးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။

WhatsApp ရဲ႕ တရားဝင္ေၾကညာခ်က္အရေတာ့ ဒီ Version အနိမ့္ Android နဲ႔ iOS Device ေတြမွာ WhatsApp က လာမယ့္ ေဖေဖာ္ဝါရီလ ၂၀၂၀ ၾကရင္ လုံးဝရပ္ဆိုင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ အဲ့ဒီအခ်ိန္ၾကရင္ Version အျမင့္ Mobile Device ေတြကို ေျပာင္းလဲအသုံးျပဳဖို႔လိုအပ္မွာျဖစ္ၿပီး အခုအခ်ိန္မွာထဲက အဆိုပါ OS Version ေတြအတြက္ Develop ျပဳလုပ္ျခင္းမရွိေတာ့တဲ့အတြက္ ဒီၾကားထဲမွာ တခ်ိဳ႕ေသာ Feature ေတြရပ္ဆိုင္းႏိုင္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ WhatsApp ကို Windows Phone ေတြမွာ အသုံးျပဳေနေသးတယ္ဆိုရင္လည္း ဒီဇင္ဘာလ ၃၁ ရက္ေန႔ ၂၀၁၉ ေနာက္ပိုင္းက စတင္ၿပီး အသုံးျပဳလို႔ရမွာမဟုတ္ေတာ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ Microsoft ကိုယ္တိုင္ကလည္း Windows Phone ေတြကို တရားဝင္ Support ျပဳလုပ္ျခင္းမရွိေတာ့တဲ့အတြက္ ဒီသတင္းကေတာ့ Android နဲ႔ iOS Version အနိမ့္ေတြေလာက္ အေရးမႀကီးဘူးလို႔ ေျပာလို႔ရပါတယ္။

Ref – GSM Arena