WhatsApp Messenger App ဟာ Viber၊ Line ၊ Facebook Messenger အစရှိတဲ့ Messenger Application တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ အသုံးပြုသူတွေလည်း များပြားတဲ့ Application တစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာ Google Play Store မှာ WhatsApp နဲ့ တထပ်ထဲတူညီတဲ့ “Update WhatsApp Messenger” ဆိုတဲ့ Application အတုပေါ်ထွက်နေပါတယ်။ အဆိုပါ Application ဟာဆိုင် Developed by နေရာမှာလည်း အစစ်လိုမျိုး “WhatsApp Inc.” လို့ ရေးသားထားတဲ့အတွက်လူတွေက သေချာမသိပဲ Download ဆွဲမိတာဖြစ်မှာပါ။

ပိုဆိုးတာက အခု Application အတုကို Download ဆွဲပြီးအသုံးပြုနေတဲ့သူပေါင်း ၁ သန်းကျော်ရှိနေပြီပဲဖြစ်ပါတယ်။ Google အနေနဲ့ အခုလိုမျိုး Application အတုတစ်ခုကို Play Store ပေါ်ကို ဘာလို့ ပေးတင်ခဲ့လဲမသိပေမယ့် ဒီဖြစ်ရပ်က Google Play Store ကနေ Download ပြုလုပ်မယ်ဆိုရင်လည်း ရာနှုန်းပြည့်မယုံလိုက်ဖို့ သတိထားရမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Application အတုကနေ အသုံးပြုသူတွေရဲ့ Data တွေကို ခိုးယူနေတယ်လို့တော့မကြားရသေးပါဘူး။