Google ရဲ့ Android Auto ကို အဓိကယှဉ်ပြိုင်နေတဲ့ Automotive Platform ဖြစ်တဲ့ Apple ရဲ့ CarPlay က အခုအချိန်မှာ အသုံးဝင်တဲ့ Feature Update တစ်ခုရရှိလာခဲ့ပါတယ်။

အခု Feature Update ကတော့ လူသုံးများတဲ့ Messaging Application တစ်ခုဖြစ်တဲ့ WhatsApp ကနေ Apple CarPlay ကို Support ပြုလုပ်လာတာဖြစ်ပြီးတော့ အခုလိုမျိုး Support ပြုလုပ်တာက Third-party Application တွေထဲမှာ ပထမဆုံး Apple CarPlay ကို စတင် Support ပြုလုပ်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး CarPlay နဲ့ ချိတ်ဆက်နိုင်ဖို့ကို WhatsApp Application ကို Version 2.18.20 အထိ Update တင်ရမှာဖြစ်ပြီးတော့ Update ပြုလုပ်ပြီးတဲ့အချိန်မှာ CarPlay ကို ချိတ်ဆက်လိုက်တာနဲ့ ပုံမှန် Messaging App ပုံစံ ပေါ်လာပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ WhatsApp ထဲကို ဝင်ရောက်လာတဲ့ Messages တွေကိုလည်း Siri ကနေ ဖတ်ပြပေးသွားမှာဖြစ်ပြီး iCulture ရဲ့ ပြောကြားချက်အရတော့ WhatsApp နဲ့ Apple ရဲ့ iMassage တို့ရဲ့ ကွာခြားချက်က WhatsApp မှာ Message List ကို Scroll ပြုလုပ်နိုင်ခြင်းမရှိတာပဲလို့ သိရပါတယ်