Zawgyi





Ref – Phone Arena

Unicode

အခုနောက်ပိုင်းမှာ Facebook Messenger အပါအဝင် Messaging App တွေတော်တော်များများက ပေးပို့ပြီးတဲ့ Message တွေကို ပြန်ပြီး Unsend ပြုလုပ်နိုင်တဲ့ Feature တွေကို ထည့်သွင်းလာကြပါတယ်။ နာမည်ကြီး Messaging App တစ်ခုဖြစ်တဲ့ WhatsApp မှာလည်း Unsend Message Feature က ပါဝင်ပြီးဖြစ်သလို အခုအချိန်မှာလည်း နောက်ထပ် Feature အသစ်တစ်ခုကိုစမ်းသပ်နေတယ်လို့ သိရပါတယ်။

အခု WhatsApp ကနေ စမ်းသပ်နေတဲ့ Feature ကတော့ Disappearing Messages Feature ပဲဖြစ်ပြီးတော့ WABetaInfo ကနေ WhatsApp Android App Version 2.19.275 မှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အခု Feature ဟာ လောလောဆယ်မှာတော့ အစောပိုင်းစမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးပြီးတော့ တကယ့် Final အနေနဲ့ကတော့ ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ WhatsApp ရဲ့ Disappearing Messages Feature ဟာ ၅ စက္ကန့် ဒါမှမဟုတ် ၁ နာရီဆိုပြီး အချိန်သတ်မှတ်ပေးထားနိုင်ပြီးတော့ အဆိုပါအချိန်သတ်မှတ်ချက်ပြီးသွားတာနဲ့ ပေးပို့ထားတဲ့ Message က အလိုအလျောက်ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အခု Option ၂ ခုအပြင် စိတ်ကြိုက်အချိန်တွေကိုလည်း သတ်မှတ်နိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ အခုလိုမျိုး Disappearing Messages လိုမျိုး Secret Chat Feature ကို Telegram နဲ့ Facebook Messenger လိုမျိုး App တွေကလည်း ပြုလုပ်နေပြီးဖြစ်တဲ့အတွက် WhatsApp အနေနဲ့ နောက်ကျနေပြီလို့တောင် ပြောလို့ရပါတယ်။

Ref – Phone Arena