Reactions တွေဟာ ဒီနေ့မှာ အရာရာကို ကိုယ်စားပြုနေပါတယ်။ ဥပမာအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဆက်သွယ်ပြောဆိုရာမှာ ကိုယ်ကြိုက်နှစ်သက်ကြောင်းကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်နဲ့ အထိရောက်ဆုံးတုံ့ပြန်ဖို့က Reactions လေးတစ်ခုပဲ လိုအပ်တာပါ။

Reactions တွေကိုအသုံးပြုတာဟာ စကားလုံးတွေကိုအသုံးပြုရတာထက် အချိန်ကုန်သက်သာသလို၊ Group Chat လိုနေရာမျိုးမှာ နားလည်မှုလွဲမှားခြင်းတွေကိုလည်း တားဆီးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် Messaging Apps တွေမှာ Reactions တွေဟာ မရှိမဖြစ်အနေနဲ့ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

WhatsApp လည်း Reactions တွေကို ထပ်ဖြည့်နေတာကို တွေ့ရပါတယ်။ ကုမ္ပဏီရဲ့ ဖြည့်တင်းမှုတွေက ပြီးပြည့်စုံနေတာမဟုတ်ပေမဲ့ အခုနောက်ဆုံးထွက် Beta update မှာတော့ ပိုကောင်းအောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Album reactions တွေရလာမဲ့အကြောင်းကို သိခဲ့ကြရတာပါ။ အခုတော့ နောက်ဆုံးထွက် Beta မှာပါဝင်လာတာပဲ ဖြစ်ပါတယ်။

WhatsApp ရဲ့ Reactions အသစ်တွေအကြောင်းကို ဗားရှင်း 2.22.12.14 မှာတွေ့မြင်ရကြောင်း Screen Shot နဲ့အတူ တွေ့မြင်လာရတာပါ။ Previews ကို လွဲချော်သွားမယ်ဆိုရင် ဒီပြောင်းလဲမှုက Album ကို ဖွင့်စရာမလိုဘဲ Gallery ထဲက ရုပ်ပုံတစ်ခုချင်းစီတိုင်း၊ ဒါမှမဟုတ် ဗီဒီယိုတိုင်းရဲ့ Specific reactions တွေကို လူတိုင်းက မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Update ဟာ Beta အဆင့်ပဲရှိနေသေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားရင်တော့ WhatsApp ရဲ့ Beta program အတွက် လျှောက်ထားပြီး လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ စမ်းသပ်သူတိုင်းက ဒီလုပ်ဆောင်ချက်ကို ရရှိမယ်၊ မရရှိဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref: Android Police