စမတ်ဖုန်းအသစ်တွေက နေ့တိုင်းကို ထွက်နေတာဖြစ်ပြီးတော့ ထွက်တိုင်းလည်း လိုချင်စရာဖြစ်နေတာမျိုး ကြုံဖူးပါသလား? ကိုယ့်ဖုန်းကလည်း ကောင်းနေသေးတော့ ဘယ်အချိန်မှာ ဖုန်းပြောင်းဝယ်ရမလဲဆိုတာက စဉ်းစားရခက်နေတယ်ဆိုရင် အခုအချက် ၅ ချက်နဲ့ ဆုံးဖြတ်ကြည့်ပါ။

(၁) သာမန်ကိစ္စတွေအတွက်တောင် ဖုန်းက နှေးနေပြီလား?

ဖုန်းလဲသင့်ပြီလားဆိုတဲ့ မေးခွန်းအတွက် အကောင်းဆုံးအဖြေကတော့ သင့်ဖုန်းက ဖုန်းတောင်ကောင်းကောင်းပြောလို့မရတော့လောက်အောင် နှေးနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။ တကယ်လို့ အင်တာနက်သုံးဖို့၊ Message ပို့ဖို့ကိုတောင်မှ နှေးကွေးနေရင်တော့ ဖုန်းအသစ်ဝယ်သင့်နေပါပြီ။

(၂) Version က အရမ်းနိမ့်နေပြီ

Android ဖုန်းအများစုဟာ ဝယ်ယူပြီးနောက်တစ်နှစ်လောက်ပဲ System Update ရတာများပါတယ်။ အဲ့ဒီအတွက် ဖုန်းတစ်လုံးကို ၃ နှစ်လောက်သုံးနေပြီဆိုရင် Android Version ကလည်း ဒိတ်အောက်သွားတတ်ပြီး အသုံးပြုရတာနှေးလာတတ်ပါတယ်။

(၃) Battery အရမ်းအကုန်မြန်နေပြီ

စမတ်ဖုန်းတွေရဲ့ Battery ဟာ သူရဲ့ အားပြန်သွင်းနိုင်တဲ့ သက်တမ်းရှိပြီးသားပါ။ အဆိုပါ သက်တမ်းကို ကျော်လွန်ပြီးတော့ သုံးလိုက်တယ်ဆိုရင် ဖုန်းက ဘယ်လောက်အားပြန်သွင်းသွင်း အားခံမှာမဟုတ်တော့ပါဘူး။

(၄) Storage က မလောက်တော့ဘူး

Storage ကလည်း အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာပဲ Storage တွေက 64GB လောက်ကို ထည့်သွင်းလာကြတာဖြစ်ပြီးတော့ အရင်တုန်းက ဖုန်းအတော်များများက 8GB ၊ 16GB လောက်ပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Storage မလောက်တော့ရင်လည်း ဖုန်းအသစ်လဲသင့်ပါတယ်။

(၅) ကင်မရာက တခြားဖုန်းတွေနဲ့ ယှဉ်ရင် ပုံထွက်ကျလာတယ်

ကိုယ့်ဖုန်းကင်မရာက ဝယ်လိုက်တဲ့အချိန်တုန်းကတော့ အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာတဲ့အချိန်မှာ တခြား Mid Range ဖုန်းကင်မရာတွေက ကိုယ့်ဖုန်းထက်တောင်ပိုကောင်းနေတာ ကြုံဖူးမှာပါ။ အဲ့ဒီအချိန်ကြရင်တော့ ဖုန်းအသစ်ပဲပြေးဝယ်လိုက်ပါ။