NFT တွေဟာ တစ်ကမ္ဘာလုံးမှာ ရေပန်းစားလာတဲ့အတွက် လူမှုကွန်ရက်က ထင်ပေါ်ကျော်ကြားသူတွေဟာ NFT နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။ စင်ကာပူက Instagram ကြယ်ပွင့်  Irene Zhao ဟာ အဲဒီအထဲက ၁ ယောက် ဖြစ်ပြီး သူမ ဓါတ်ပုံတွေကို NFT အဖြစ် ရောင်းချကာ ဒေါ်လာ ၅ သန်းကျော် ရနေပါပြီ။

Zhao’s first NFT “proof of concept” collection did much better than expected. Photo: @b1gqing/Instagram

အသက် ၂၈ နှစ်အရွယ် သူမဟာ မော်ဒယ်ဘဝကနေ Cryptocurrency နယ်ပယ်ထဲကို ဝင်ရောက်လာတာပါ။ သူမဟာ ၂၀၀၈ ခုနှစ်မှာ တရုတ်ကနေ စင်ကာပူကို ရွှေ့ပြောင်းအခြေချလာတာ ဖြစ်ပြီး National University of Singapore မှာ Communication နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် သူမဟာ Instagram မှာ ဖက်ရှင်နဲ့ ကိုယ်လက်ကြံ့ခိုင်မှု ပုံတွေတင်ပြီး နာမည်ကြီးလာတာ ဖြစ်ပါတယ်။

Zhao says she knows her followers don’t always like it when she posts sponsored content. Photo: @b1gqing/Instagram

အခုတော့ သူမရဲ့ နာမည်ကျော်ကြားလူသိများမှုကို အခွင့်ကောင်းယူကာ NFT တွေကို ရောင်းချနေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ Zhao ဟာ IreneDAO အမည်ရ သူမရဲ့ ပထမဆုံး NFT Collection ကို ရောင်းချခဲ့ပါတယ်။ Cryptocurrency နယ်ပယ်က နာမည်ကျော်ကြားတဲ့ စကားလုံးတွေ ထည့်သွင်းထားတဲ့ သူမရဲ့ ဓါတ်ပုံတွေကို NFT အဖြစ် ရောင်းချနေတာပါ။

Zhao ရဲ့ NFT ပိုင်ဆိုင်သူတွေဟာ Decentralised Autonomous Organisation လို့ခေါ်တဲ့ သူမရဲ့ DAO မှာ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး သူမရဲ့ အနာဂတ် NFT စီမံကိန်းတွေမှာ သူတို့ဟာ မဲပေးနိုင်၊ ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ IreneDAO ရဲ့ အဖွဲ့ဝင်တွေထဲမှာ သူမရဲ့ NFT ကို ဒေါ်လာ ၂၆၈,၀၀၀ နဲ့ ဝယ်ယူခဲ့တဲ့ နာမည်ကြီး YouTuber Logan Paul နဲ့ Mike Novogratz လို ဘီလီယမ်နာ ရင်းနှီးမြှပ်နှံသူတွေ ပါဝင်ပါတယ်။

Ref : scmp