အခုရက်ပိုင်းမှာ Apple iPhone အသုံးပြုသူတွေကြားမှာ ဂယက်ရိုက်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပွားနေပြီးတော့ iPhone တွေကို သုံးတာကြာလာတဲ့အချိန်မှာ Apple ကနေ ကိုယ့် iPhone ရဲ့ စွမ်းဆောင်ရည်ကို CPU Clock Speed ကို နှိမ့်ချလိုက်တဲ့အတွက် ဝယ်ယူတုန်းကနဲ့ယှဉ်ရင် နှေးကွေးသွားတာပဲဖြစ်ပါတယ်။

အခုအကြောင်းအရာဟာ လက်ရှိ Apple iPhone သုံးစွဲသူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်နေပြီးတော့ အချို့သော Twitter အသုံးပြုသူတွေဟာဆိုရင် သူတို့ရဲ့ iPhone တွေကို Geekbench လိုမျိုး CPU Benchmarking Software တွေနဲ့ပါ တူညီတဲ့ iPhone အသစ်နဲ့ အသုံးပြုတာကြာပြီဖြစ်တဲ့ iPhone ၂ ခုကို ယှဉ်ပြီး CPU Speed ကွာခြားနေကြောင်းကိုပါ တင်ထားကြတာဖြစ်ပါတယ်။

ဘာကြောင့်အခုလိုမျိုး ဖြစ်ပွားနေရတာလဲ? 

Apple က အခုကိစ္စအတွက် ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပြီး အခုလို Twitter လို Social Media တွေမှာ CPU Speed ကွာခြားတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ အခုလိုမျိုး အသုံးပြုတာကြာသွားတဲ့ iPhone တွေကို Software Update ကနေတစ်ဆင့် CPU Speed ကို တမင်လျော့ချခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Apple ရဲ့ အခုထုတ်ပြန်ချက်ဟာ iPhone အသုံးပြုသူတွေအတွက် အပေါ်ယံကြည့်ရင် စိတ်ပျက်စရာဖြစ်ပေမယ့် ဒါက Apple ရဲ့ ပါးနှပ်တဲ့လုပ်ရပ်တစ်ခုလို့ပြောရမှာပါ။

ဘာဖြစ်လို့လည်းဆိုရင် iPhone ပဲဖြစ်ဖြစ် Android ဖုန်းပဲဖြစ်ဖြစ် စမတ်ဖုန်းတွေက အချိန်ကြာလာတာနဲ့အမျှ ဖုန်းမှာပါဝင်တဲ့ Battery တွေက သက်တမ်းအားနည်းလာတဲ့အတွက် စွမ်းဆောင်ရည်ကျဆင်းလာတာက ပုံမှန်ဖြစ်ရပ်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ Apple ကတော့ iPhone တွေမှာ ပါဝင်တဲ့ Li-Ion Battery တွေက အကြိမ်ရေ ၅၀၀ ခန့်အားသွင်းပြီးရင် Battery ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာတတ်တယ်လို့ ပြောထားပါတယ်။  အဲ့ဒီအတွက် အသုံးပြုတာကြာလာလို့ iPhone တွေမှာ တပ်ဆင်ထားတဲ့ Li-Ion Battery တွေရဲ့ စွမ်းဆောင်ရည်ကျဆင်းလာပြီး အခြားသော အစိတ်အပိုင်းတွေကို ထိခိုက်မှာကို ကာကွယ်ဖို့အတွက် အခုလိုမျိုး Software Update တွေနဲ့ CPU Speed ကို အနည်းငယ်လျော့ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အနည်းငယ်လျော့သွားပေမယ့် နှစ်နဲ့ချီပြီး iPhone တွေကို အသုံးပြုနိုင်နေတာဖြစ်ပါတယ်။

Apple ကနေ အခုလိုမျိုး Software Update နဲ့ CPU Speed ကို ထိန်းညှိပြီးတော့လည်း ပြီးခဲ့တဲ့ iOS 10.2.1 Update မှာ iPhone 6 နဲ့ iPhone 6S တွေမှာဖြစ်ပွားခဲ့တဲ့ ရုတ်တရက် Reboot ကျတဲ့ Error ကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ Apple ကတော့ iPhone အသုံးပြုနေတဲ့သူတွေကို အကောင်းဆုံးသော User Experience ကို ရရှိဖို့အတွက် အခုလို Software Update တွေနဲ့ နောက်ပိုင်းမှာလည်း ထိန်းညှိသွားမယ်လို့ သိရပါတယ်။

ကိုယ့် iPhone က စွမ်းဆောင်ရည်ကျဆင်းနေလား ဆိုတာကို ဘယ်လို သိနိုင်မလဲ? ဘယ်လိုမျိုး ဖြေရှင်းကြမလဲ? 

Apple ရဲ့ အခုလိုထုတ်ပြန်ချက်က iPhone နောက်ဆုံးပေါ်မော်ဒယ်မဟုတ်ပဲ ယခင် iPhone တွေကို ကိုင်ဆောင်ထားတဲ့ iPhone အသုံးပြုသူတွေအတွက်လည်း အခွင့်ကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အသုံးပြုတာကြာသွားတဲ့ iPhone တွေ သုံးရတာနှေးလာတာက စက်ရဲ့စွမ်းဆောင်ရည်ကျဆင်းသွားတာကြောင့်မဟုတ်ပဲ Apple ကနေ Battery အားနည်းနေတဲ့အတွက် CPU Speed ကို နှိမ့်ချလိုက်လို့ဆိုတာ သေချာသွားလို့ပါ။

ဒါပေမယ့် သေချာအောင် ဘယ်လိုမျိုး စစ်ဆေးကြမလဲ? App Store ကနေ Benchmarking Application တစ်ခုဖြစ်တဲ့ Geekbench App ကို ၀.၉၉ ဒေါ်လာနဲ့ ဝယ်ယူပြီးတော့ ကိုယ့် iPhone ရဲ့ CPU Speed က ရောင်းချတုန်းကအတိုင်း အမြန်နှုန်းပဲလား… နှေးသွားလားဆိုတာကို ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။

တကယ်လို့ ကိုယ်က CPU Speed တွေနဲ့ မရင်းနှီးလို့ပဲဖြစ်ဖြစ်၊ စစ်ဆေးဖို့ တစ်ခုထဲနဲ့ Geekbench App ကို မဝယ်ယူချင်ဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ Apple Service တစ်ခုခုမှာ စစ်ဆေးတဲ့နည်းလမ်းရှိမှာပါ။

အဲ့တော့ ကိုယ်အသုံးပြုနေတဲ့ iPhone က စွမ်းဆောင်ရည်ကျနေပြီလားဆိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အခမဲ့စစ်ဆေးပေးနေတဲ့ မြန်မာနိုင်ငံက Apple Services တွေထဲမှာလည်း နာမည်ရပြီး စိတ်ချရတဲ့ iSure ကို ညွန်းပေးပါရစေ။ တကယ်လို့ ကိုယ့်ရဲ့ ဝယ်ထားတာကြာပြီဖြစ်တဲ့ iPhone က သုံးရတာလေးနေပြီ၊ စွမ်းဆောင်ရည်ကျဆင်းနေပြီဆိုရင်လည်း နောက်ဆုံးပေါ် iPhone ကို ဈေးကြီးပေးပြီး အသစ်လဲမယ့်အစား iSure မှာပဲ Battery အသစ်လဲလှယ်လိုက်ရုံနဲ့တင် ကိုယ့် iPhone ရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

iSure (NAKZ Service Center)

One-Stop Apple Service Center
❖ Address : No.111,Botahtaung Pagoda Road,Botahtaung Tsp,Ygn.
❖ Find us on Google Map: https://goo.gl/XM0CGN
❖ Open Daily: 10 AM to 7 PM
❖ Hotline: 09954420049 / 09264441607 / 09264441608