ကမ္ဘာ့နာမည်ကြီး iProducts တွေက US က ထုတ်တာမှန်းသိပြီးသားဖြစ်ကြပါတယ်။ ဒါပေမယ့် ဘူးအခွံမှာ iPad တချို့ရဲ့ နောက်ကျောမှာ Assembled in China ဆိုတာ တွေ့ရမှာပါ။ iDevice တိုင်းမှာတော့ မတွေ့ရပါဘူး။ ဒါပေမယ့် သင့်ရဲ့ iPhone အသစ်စက်စက်ကြီးမှာများ in China ဆိုတာလေး တွေ့ခဲ့ရင် လန့်မသွားပါနဲ့။

iPhone ရဲ့ အစိတ်အပိုင်းအကုန်လုံးက California ကပါ။ ဒါပေမယ့် တပ်ဆင်တဲ့အပိုင်းကိုတော့ တရုတ်စက်ရုံတွေက တာဝန်ယူထားတာဖြစ်ပါတယ်။ ဒါက သိပ်မဆန်းပါဘူး။ တချို့တော့ Designer’s Brand တွေဖြစ်တဲ့ Coach, Guess တို့ဟာလည်း မြန်မာနိုင်ငံက စက်ရုံတွေမှာ ထုတ်ကြပါတယ်။ တရုတ်နိုင်ငံမှာ တပ်ဆင်တယ်လို့ သိရတော့ အမေရိကန်နိုင်ငံသားတွေလည်း အတော်လေး အံ့သြခဲ့ရပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့ ပန်းသီးတည်ထောင်သူ စတိဗ်ဂျော့တို့ ညစာစားပွဲတစ်ခုမှာ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ပြောဖြစ်ခဲ့ကြပါတယ်။ New York Times သတင်းစာကလည်း ဒီအကြောင်းကို မေးမြန်းကြည့်တဲ့အခါမှာ ပန်းသီးလေးရဲ့ ပြောရေးဆိုခွင့်ရှိသူတချို့အပါအဝင် စတိဗ်ကလည်း ဒီလိုဖြေခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ iProduct တွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အကုန်လုံးက US Made တွေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ Product ကို အချိန်မီ ဖြန့်နိုင်ဖို့ တပ်ဆင်ရတဲ့အခါ တရုတ်နိုင်ငံက စက်ရုံတွေမှာ အလုပ်သမားများတော့ မြန်မြန်ပြီးနိုင်တယ်လေ။ US မှာ တပ်ဆင်ရင် ခြောက်လလောက်ကြာမှာ။ ဒါပေမယ့် တရုတ်နိုင်ငံက စက်ရုံတွေမှာ တပ်ဆင်ရင် ၁၅ ရက်တည်းနဲ့ပြီးပါတယ်။ တပ်ဆင်ခကလည်း အများကြီး သက်သာနေတော့ US က ပစ္စည်းတွေအကုန် China မှာ တပ်ဆင်ရခြင်း ဖြစ်ပါတယ်။ iProducts တွေအကုန်လုံးဟာ China Made တစ်ခုမှ မပါပါဘူး” လို့ ဖြေခဲ့ပါတယ်။

Apple Product တွေကို တပ်ဆင်တဲ့ Company နာမည်ကိုတော့ Foxconn လို့သိရပါတယ်။