Tesla ဟာ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး မကြာသေးခင်ကပဲ သူ့ရဲ့ ရှယ်ယာရှင်တွေအတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက Tesla နဲ့ပတ်သက်ပြီး ကတိကြီးကြီးမားမားပေးခဲ့တဲ့ Elon Musk က သူ့ရဲ့ ရှယ်ယာတွေကို စတင်ရောင်းချနေတာ ဖြစ်ပါတယ်။

Elon Musk ဟာ ရက်သတ္တပတ်အတွင်းမှာပဲ ဒေါ်လာ ၃.၅ ဘီလီယံကျော်တန်ဖိုးရှိ ရှယ်ယာတွေကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ Twitter ကို ဝယ်ပြီးတဲ့နောက် ဆိုရှယ်မီဒီယာဘက်ကို အာရုံပြောင်းခဲ့တဲ့ Musk ဟာ Tesla အတွက် မမျှော်လင့်ထားတဲ့ ရွှေ့ကွက်တွေကို ပြုလုပ်လာနိုင်တာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် US Securities and Exchange Commission (SEC) ရဲ့ ဒေတာကို လေ့လာသုံးသပ်ချက်အရ Musk ဟာ တစ်ပတ်အတွင်း Tesla ရှယ်ယာ ၂၂ သန်းကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ၂၅ ရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်တဲ့ Musk ဟာ Tesla ကနေ ထွက်ခွာတော့မှာလားလို့ မေးချင်စရာဖြစ်နေပါတယ်။ ဒါပေမဲ့ ၂ နှစ်အတွင်း Tesla ရဲ့ စတော့ရှယ်ယာတွေကို ထပ်ပြီးရောင်းချမှာမဟုတ်ဘူးလို့ Musk က ပြောခဲ့ကြောင်း Reuters က ရေးသားဖော်ပြထားပါတယ်။

Musk ဟာ Tesla မှာ ဘာလုပ်ချင်နေလဲဆိုတာ မသိရသေးပါဘူး။ မကြာသေးခင်ကတော့ Musk ဟာ Tesla ရဲ့ CEO ရာထူးကနေ နုတ်ထွက်တော့မယ်ဆိုပြီး ကောလာဟလ ထွက်လာပါသေးတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း Musk ဟာ Twitter ရဲ့ CEO နေရာအတွက် လူသစ်တစ်ယောက်ကို ရှာဖွေနေတယ်လို့ သတင်းထွက်ခဲ့ပြန်ပါသေးတယ်။ ဒီသတင်းနှစ်ခုစလုံးဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်တာတော့ သေချာနေပါတယ်။

Twitter CEO ရာထူးကနေ နုတ်ထွက်မှာဖြစ်လို့ Tesla အပေါ် ပြန်ပြီးအာရုံစိုက်တော့မယ်လို့ ထင်မှတ်ထားကြချိန်မှာ အခုလိုမျိုး Tesla CEO ရာထူးကနေပါ နုတ်ထွက်မယ်လို့ သတင်းထပ်ထွက်လာတာကြောင့် Musk ရဲ့ အတွေးတွေကို နားမလည်နိုင် ဖြစ်နေကြမယ်လို့ ယုံကြည်ရပါတယ်။ သတင်းတွေအရတော့ Tesla China ရဲ့ မန်နေဂျာ Tom Zhu Xiaotong ဟာ လုပ်ငန်းတစ်ခုလုံးရဲ့ CEO အသစ် ဖြစ်လာမယ်လို့လည်း သိရပါတယ်။

Ref: Gizchina