Asus ရဲ့ Gaming Smartphone ဖြစ်တဲ့ the ROG Phone ရဲ့ အတွင်းပိုင်းကို စပြောရရင်  2.96Ghz Snapdragon 845 Chipset နဲ့ 8GB RAM ကိုသုံးထားလို့ Processing ပိုင်းမှာ တော်တော်လေးသွက်တာကို ခံစားရမှာပါ။ Storage အနေနဲ့ဆိုရင် 128GB နဲ့ 512GB ဆိုပြီး Version နှစ်မျိုးရှိမှာဖြစ်ပါတယ်။ 4000mAh Battery ဖြစ်ပြီး USB Type-C, 20W Fast Charging Support ဆိုတော့ Gaming Phone တစ်လုံးဖြစ်ဖို့ စံချိန်မှီတယ်လို့ ဆိုရမှာပါ။

Source: androidauthority.com

Screen ကိုကြည့်မယ်ဆိုရင် 6.0-inch ကို 2160×1080 Pixels Resolution နဲ့ AMOLED 90Hz Refresh Rate Display ကိုသုံးထားတော့ Display ပိုင်းမှာ သာမန်ထက်ပိုကောင်းတယ်ဆိုတဲ့ အရသာမျိုး ရရှိစေမှာပါ။ Camera ပိုင်းအနေနဲ့တော့ 8MP Front Camera နဲ့ 12MP+8MP (120-Degree Wide-Angle) Rear Camera ကိုသုံးထားပါတယ်။ Weight ကလဲ 200g ဆိုတော့ ပေါ့ပေါ့ပါးပါးကိုင်ရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

Source: androidauthority.com

Gaming ပိုင်းကို တခြား Support ပေးထားတာတွေကတော့ AirTrigger Ultrasonic Touch Sensors ၂ခု ထည့်ပေးထားပြီး Speakers ကတော့ Dual Front-Facing Stereo Speakers with Smart Amplifier ဆိုတော့ အသံပိုင်းကိုလည်း အကြိုက်တွေ့ကြမယ်ထင်ပါတယ်။

Source: androidauthority.com

ဒီ Gaming Phone ဖြစ်တဲ့ The ROG Phone မှာ တခြား Gaming Phone တွေလိုပဲ X Mode လည်းပါလာဦးမှာပါ။ Accessories Suitcase ကလည်း Phone နဲ့ တစ်ပါတည်းပါလာမယ်လို့ Asus က အတည်ပြုပေး ထားပါတယ်။ ဈေးနှုန်းကတော့ အခုထိ သေချာ မသိရသေးပါဘူး။ ကဲ ပရိတ်သတ်ကြီးရေ Asus ရဲ့ ပထမဆုံး Gaming Smartphone ဖြစ်တဲ့ The ROG Phone ကတော့ ပြိုင်ဘက်တွေဖြစ်တဲ့ Xiaomi ရဲ့ Black Shark တို့ the Razer Phone တို့ထက် ပိုလူကြိုက်များမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။