Vivo ကနေ မကြာခင်ပြသတော့မယ့် Consumer Electronic Show (CES 2018) ပွဲမှာ Vivo X20 Plus စမတ်ဖုန်းကို ပြသသွားမှာဖြစ်ပြီးတော့ အခုတရုတ်နိုင်ငံမှာရှိတဲ့ 3C Certification အရ အဆိုပါ စမတ်ဖုန်းဟာ စိတ်ဝင်စားစရာ နည်းပညာတစ်ခုပါဝင်နေပါတယ်။

အဲ့ဒါကတော့ အဆိုပါ 3C Certification မှာ Vivo X20 Plus ဆိုတဲ့ နာမည်အပြင် “UD” ဆိုတဲ့ စာလုံးပါဝင်နေတာဖြစ်ပြီး အဲ့ဒါက Vivo X20 Plus စမတ်ဖုန်းမှာ Under Display Fingerprint များပါဝင်လာမလားဆိုပြီး ယူဆစေတဲ့အချက်ပဲဖြစ်ပါတယ်။

Fingerprint Sensor တွေကို ထုတ်လုပ်သူဖြစ်တဲ့ Synaptics ကနေ အခုနှစ်မှာကျင်းပမယ့် CES 2018 ပွဲမှာ ပထမဆုံး Under Display Fingerprint ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို တွေ့လာရမယ်လို့ ပြောကြားခဲ့သလို Vivo ကလည်း မနှစ်တုန်းက CES ပွဲမှာလည်း Under Display Fingerprint နည်းပညာကို ထုတ်ပြခဲ့ဖူးတဲ့အတွက် အခု ကြေငြာမယ့် Vivo X20 Plus စမတ်ဖုန်းဟာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

Vivo ကပဲ ပထမဆုံး Under Display Fingerprint Sensor ပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်နိုင်မလား? ဒါမှမဟုတ် ဘယ်စမတ်ဖုန်းက အရင်ဆုံးထုတ်မယ်လို့ ယူဆပါသလဲ?