Windows 11 ရဲ့ နောက်ထပ်စိတ်ဝင်စားစရာ Feature တွေထဲကတစ်ခုဟာ Android အတွက် Subsystem လို့ ဆိုနိုင်ပါတယ်။ Subsystem ဟာ အသုံးပြုသူတွေအနေနဲ့ စက်ရဲ့ Hardware ပေါ်မူတည်ပြီး သူတို့ရဲ့ Android app တွေကို Windows ပေါ်မှာ Natively ဒါမှမဟုတ် X86 emulation ကတစ်ဆင့် Run နိုင်တာပဲ ဖြစ်ပါတယ်။

အခုတော့ Microsoft ဟာ Android အတွက် Subsystem ရဲ့ အလုံးစုံအသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးတဲ့ Windows Insider ချန်နယ်တွေအားလုံးအတွက် Update တစ်ခုထုတ်ပြန်ခဲ့ပြီး Developer တွေနဲ့ အသုံးပြုသူတွေအတွက် အလားတူ Feature သစ်အချို့ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ ကွန်ရက်ချိတ်ဆက်ခြင်းအတွက် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ထားပါတယ်။ ဒါဟာ အဆင့်မြင့်ကွန်ရက်ချိတ်ဆက်ခြင်းကို မိတ်ဆက်တာ မဟုတ်ပါဘူး။ ARM ကွန်ပျူတာတွေအတွက် Local network devices တွေဆီ App တွေ ဝင်ရောက်ခွင့်ကိုပေးစွမ်းနိုင်ပြီး App တွေကို ဒီလုပ်ဆောင်ချက်ကတစ်ဆင့် အခွင့်ကောင်းယူခွင့်ပြုတာပါပဲ”

“ကျွန်ုပ်တို့အနေနဲ့ IPv6 နဲ့ VPN ချိတ်ဆက်မှုကိုလည်းဖွင့်ထားပြီး စနစ်ခွဲရဲ့ ကွန်ရက်လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ထားပါတယ်။” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Subsystem ရဲ့ ကွန်ရက်ချိတ်ဆက်မှုရွေးချယ်စရာတွေအတွက် ပိုပြီးအသေးစိတ်ထိန်းချုပ်မှုကို အခုအခါ Android settings app နဲ့ Account အတွက် Advanced networking မှာ Offer လုပ်ထားပြီး ဒါဟာ Advance networking အတွက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Subsystem နဲ့ Windows machine ဟာ IP address တူညီပါလိမ့်မယ်။ ကနဦးတုန်းကတော့ ကွဲပြားခြားနားတဲ့ Address တွေ သတ်မှတ်ပေးခဲ့တာပါ။

အခြား Update ပါဝင်မှုတွေကတော့ System kernels, improved apps နဲ့ Performance stability စတာတွေနဲ့ Android မှာ ပါဝါသုံးစွဲမှုပိုကောင်းစေအောင်ကူညီပေးတဲ့ Battery-specific features တွေပဲ ဖြစ်ပါတယ်။

Ref: GSM Arena