လုံခြုံစိတ်ချမှုအပြည့်ရှိသည့် စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုများအား ကမ္ဘာတစ်ဝန်းတွင် ဦးဆောင်ပေးအပ်လျက်ရှိသည့် Rakuten Viber သည် ကမ္ဘာတစ်ဝန်းမှ ဘောလုံးချစ်သူများ အတွက် Chatbot၊ AR Lenses၊ စတစ်ကာများ၊ နိုင်ငံတကာနှင့် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ၏ နောက်ဆုံးရ သတင်းများအား ဖတ်ရှုသွားနိုင်မည့် အားကစားချန်နယ်များ စသည့် ဘောလုံးအားကစားနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်အသစ် အများအပြားအား မိတ်ဆက်သွားမည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အသစ်များအား နိုဝင်ဘာလအတွင်း၌ မိတ်ဆက်သွားမည် ဖြစ်ပြီး Viber အသုံးပြုသူများအနေနှင့် မကြာမီ ရောက်ရှိလာတော့မည့် ကမ္ဘာ့နာမည် အကျော်ကြားဆုံး ဘောလုံးပြိုင်ပွဲကြီး များနှင့် အမှတ်ပေး ဘောလုံးပြိုင်ပွဲများမှစတင်၍ စတင်သုံးစွဲသွား နိုင်တော့မည် ဖြစ်သည်။

ဘောလုံးအားကစားသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘီလီယံနှင့်ချီသော ပရိသတ်ပမာဏအား ပိုင်ဆိုင်ထားသည့် လူကြိုက်အများဆုံး အားကစားဖြစ်ပြီး အလားတူပင် မြန်မာနိုင်ငံတစ်ဝှမ်းတွင်လည်း ဘောလုံး အားကစားကြိုက်နှစ်သက်သူ ပရိတ်သတ်ပေါင်း သန်းပေါင်းများစွာအား ပိုင်ဆိုင်ထားလျက်ရှိသည်။ သို့ဖြစ်၍ ကမ္ဘာတစ်ဝန်းမှ နိုင်ငံများအား စုစည်းပေးနိုင်သည့် ဘောလုံးအားကစားအား ဂုဏ်ပြုကြိုဆိုသည့် အနေနှင့် Viber အနေနှင့် ဘောလုံးအားကစားနှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများအား ဖတ်ရှုနိုင်မည့် အပြင် ကိုယ်တိုင် ပါဝင် ချိတ်ဆက်နိုင်မည့် ကမ်ပိန်းတစ်ခုအား စတင်ခဲ့ခြင်း ဖြစ်သည်။

Viber ၏ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘောလုံးကမ်ပိန်းနှင့်အတူ Viber ၏ သန်းနှင့်ချီသော အသုံးပြုသူ များ အနေနှင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုရာတွင်ဖြစ်စေ (သို့) အုပ်စုဖွဲ့ စကားပြောဆိုရာတွင် ဖြစ်စေ ဘောလုံးပွဲစဉ်များ၏ ပွဲပြီးရလဒ်များအား အပျော်တမ်း ကြိုတင်ခန့်မှန်းသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် မိမိအားပေးသည့် အသင်းအပေါ်လိုက်၍ အဆိုပါ ပွဲကြိုခန့်မှန်းရလဒ်များအား နိုင်ငံတကာ Global Leaderboard တွင် လည်း ဖော်ပြပေးသွားမည် ဖြစ်ပြီး ဒေသအလိုက် အပေါ်မူတည်၍ စိတ်လှုပ်ရှားဖွယ် ဆုမဲများကိုလည်း ရရှိ ပိုင်ဆိုင်သွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Viber မှ အခြားသော လုပ်ဆောင်ချက် အသစ်များကိုလည်း အသုံးပြုသူများထံ မိတ်ဆက်ပေးခဲ့သည်။

  • AR Lenses –အသင်းတစ်သင်းမှ ဂိုးသွင်းယူသည့်အချိန်တွင် ဂုဏ်ပြုအားပေးနိုင်သည့် AR Lenses အသစ် ၂ ခု၊ ဘောလုံးအားကစား နှင့်ပတ်သက်သည့် Themed Frames များ နှင့် အခြားသော လုပ်ဆောင်ချက်များ
  • Gamified Lenses– အသုံးပြုသူများကိုယ်တိုင် ဝင်ရောက် ပါဝင်ဆော့ကစားနိုင်မည့် ဂိုးသွင်းယူမှုနှင့် ဘောလုံးအား ခေါင်းတိုက်ကစားမှု တို့နှင့် ပတ်သက်သည့် Gamified Lenses အသစ် ၂ ခု
  • စတစ်ကာများ – အင်္ဂလိပ် ဘာသာစကားနှင့် အခြားသော ဘာသာစကား ၁၈ မျိုးတို့ဖြင့် ရယူ အသုံးပြုနိုင်မည့် စတစ်ကာများ
  • ချန်နယ်များ– နိုင်ငံအလိုက် အသင်းများ၏ နောက်ဆုံးရသတင်းများအား ရယူဖတ်ရှုနိုင်မည့် အားကစား မီဒီယာ ချန်နယ် ၉ ခု

ထို့အပြင် မြန်မာနိုင်ငံမှ Viber အသုံးပြုသူများ အနေနှင့် ဘောလုံးနှင့် ပတ်သက်သည့် အကြောင်းအရာများ အား တစ်နေရာတည်းတွင် ကြည့်ရှုသွားနိုင်မည့် Football 360 – ဘောလုံးကမ္ဘာ Viber ချန်နယ် သို့ ဝင်ရောက်၍လည်း ကမ္ဘာတစ်ဝန်းမှ နာမည်အကျော်ကြားဆုံး ဘောလုံးပြိုင်ပွဲကြီးများနှင့် အမှတ်ပေး ဘောလုံး ပြိုင်ပွဲများ၏ နောက်ဆုံးရ သတင်းများ၊ အကြောင်းအရာများကိုလည်း အလွယ်တကူ ကြည့်ရှု သွားနိုင်မည် ဖြစ်သည်။

“ကမ္ဘာတစ်ဝန်းမှာ ဘောလုံးအားကစားကို အရူးအမူး ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေများစွာရှိပြီး Viber အနေနဲ့လည်း ကမ္ဘာတစ်ဝန်းမှာ အသုံးပြုသူပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်မှုတွေကို ပေးအပ်သွားဖို့အတွက် ဒီကမ်ပိန်းကို စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းကနေ တဆင့် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မတူညီတဲ့ ဆုမဲတွေနဲ့ အပြန်အလှန် ချိတ်ဆက်နိုင်မည့် အစီအစဉ်တွေကို ယူဆောင်ပေးသွားဖို့ တစ်ကယ့်ကို စိတ်လှုပ်ရှားနေပါပြီ။” ဟု Rakuten Viber ၏ Senior Director Growth Top Markets ဖြစ်သူ Atanas Raykov မှပြောကြားခဲ့သည်။ “Viber အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ နိုင်ငံအလိုက် ဘောလုံးအသင်းတွေရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အားပေးသွားနိုင်မှာပါ။ နောက်တစ်ခါ Viber အက်ပလီကေးရှင်းပေါ်ကနေတဆင့် သူတို့ရဲ့ ပွဲကြို ရလဒ်ခန့်မှန်းမှုတွေ၊ ပွဲစဉ်တွေရဲ့ နောက်ဆုံး ရလဒ်တွေနဲ့အတူ Global Leaderboard ပေါ်မှာ သူတို့ရဲ့ ခန့်မှန်းမှုရလဒ်တွေအတွက် ရပ်တည်မှုတွေကိုပါ အလွယ်တကူ လက်တစ်ကမ်းမှာပဲ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။”

အသုံးပြုသူများ အနေနှင့် ဤ ကမ်ပိန်းနှင့် ပတ်သက်သည့် chatbotsSticker packs,  Lens for football challengeLens for cheering goalsLens for football elements, နှင့် national sports media channel များအား ဖော်ပြပါ Link များမှတဆင့် ဝင်ရောက်ရယူကြည့်ရှုသွားနိုင်မည် ဖြစ်သည်။

Press Release – viber