Blackview က အကြမ်းခံ စမတ်ဖုန်း အသစ်ကို မကြေညာတာ ၂ နှစ်နီးပါးရှိနေပါပြီ။ အခုတော့ ကမ္ဘာ့ ပထမဆုံး အကြမ်းခံ 5G Gaming စမတ်ဖုန်းဖြစ်တဲ့ Blackview BL5000 ကို ကြေညာလိုက်ပါတယ်။ Gaming စွမ်းဆောင်ရည်ဟာ ထိပ်တန်း ပြိုင်ဖက်တွေကို ယှဉ်ပြိုင်နိုင်ပြီး Genshin Impact လို နာမည်ကြီး 3D Games ပေါင်းများစွာကို Run နိုင်ပါတယ်။

Blackview BL5000

7nm Octa-core MediaTek Dimensity 700 Chipset , 8GB LPDDR4X RAM , UFS 2.2 128GB ROM , HyperEngine နဲ့ 60Hz Refresh Rate တွေ ထည့်သွင်းထားပြီး Graphics မြင့်တဲ့ Game တွေကို အထစ်အငေါ့ မရှိ ကစားနိုင်ပါတယ်။

၆.၃၆ လက်မ 1080x2300p FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 400ppi Density ထောက်ပံ့ထားပါတယ်။ MediaTek MiraVision Display-enhancing နည်းပညာ ပါလာတဲ့အတွက် ရုပ်ထွက် အရမ်း ကောင်းမွန်မှာပါ။ အသံပိုင်းကို ပြောရရင် 1217 Ultra-linear Speaker တပ်ဆင်ထားပြီး အသံအရည်အသွေးနဲ့ အသံထွက် အမြင့်ဆုံးဖြစ်စေဖို့ Smart PA (Power Amplifier) ထောက်ပံ့ထားပါတယ်။

BL5000 ရဲ့ အနောက်ဘက်မှာ Laser နဲ့ ထွင်းထားတဲ့ Texture ပါလာပြီး လက်နဲ့ ကိုင်ရင် မြဲမြံစေပါတယ်။ အပူချိန် လျှော့ချပေးတဲ့ 3D Copper Pipe Liquid Cooling နည်းပညာ ထည့်သွင်းထားတဲ့အတွက် CPU စွမ်းအင် အရမ်းသုံးတဲ့ Game တွေ ကစားရင်တောင် တုန့်ဆိုင်းမှု မရှိပါဘူး။

BL5000

Blackview ဖန်တီးထားတဲ့ Doke OS 2.1 မောင်းနှင်ထားပြီး Game Mode က Calls , Popups တွေကို ပိတ်ထားပေးနိုင်သလို Game ကစားနေစဉ်မှာ မတော်တဆ ထိမိမှုတွေကို ကာကွယ်ပေးပါတယ်။ Gamers တွေအတွက် Game-theme UI နဲ့ Wallpapers တွေ ထည့်သွင်းပေးထားပါတယ်။

ဘက်ထရီက 4,980mAh ဖြစ်ပြီး MediaTek 5G UltraSave Mode က ဘက်ထရီစားတာ သက်သာစေပါတယ်။ Game အရမ်း ကစားရင်တောင် ၁ ရက်လောက် အေးအေးဆေးဆေး အသုံးခံပြီး 30W Fast Charge က ၇၈ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။

IP68 , IP69K နဲ့ MIL-STD-810G စံနှုန်းတွေ ပါတဲ့အတွက် ရေအောက်ထဲမှာ အသုံးပြုလို့ရသလို အမြင့်က ပြုတ်ကျတာလည်း ခံနိုင်ပါတယ်။ IceMode က -၃၀ ဒီဂရီမှာတောင် ဖုန်း အလုပ်ကောင်းကောင်း လုပ်စေပြီး ဆိုးရွားတဲ့ ရာသီဥတု ဒဏ်ကို ခံနိုင်ပါတယ်။

BL5000

အနောက်ဘက်မှာ 16MP 125 Degree Ultra-wide , 12MP Sony IMX362 နဲ့ 16MP Samsung S5K3P9SP ကင်မရာတွေ တပ်ဆင်ထားပြီး အရည်အသွေးမြင့်တဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Closed-loop VCM , Dual Pixel Autofocus နဲ့ 10fps Burst Shooting တွေ ထောက်ပံ့တဲ့အတွက် စက္ကန့်ပိုင်းအတွင်း လျှပ်တပြက် ဓါတ်ပုံများစွာ ဖမ်းယူပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP Samsung S5K3P9SP ကင်မရာ ထည့်သွင်းထားပြီး Low-light ဓါတ်ပုံတွေအတွက် Tetracell နည်းပညာ ပါလာပါတယ်။ HDR 2.0 , Night Mode 2.0 , PortraitColor , Underwater Mode နဲ့ တခြား ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

BL5000

Blackview BL5000 မှာ လက်ဗွေရာ ကိရိယာကို ညာဘက်က ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပြီး Multifunctional NFC က Google Payments နဲ့ File Sharing တွေကို လွယ်ကူစွာ ပြုလုပ်ပေးပါတယ်။ အစောပိုင်း ဝယ်ယူသူတွေအတွက် ဒေါ်လာ ၂၀၀ လျှော့ပေးထားပြီး ဒေါ်လာ ၃၀၀ နဲ့ ရမှာပါ။  မြန်မာငွေနဲ့တွက်ရင် ၄ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

Ref : gizchina