Elon Musk ရဲ့ X ဟာ YouTube TV ကို ယှဉ်ပြိုင်မယ့် App တစ်ခုကို  စမတ်တီဗီတွေအတွက် နောက်တစ်ပတ်မှာ ထုတ်ဝေမယ်လို့ သတင်းထွက်လာပါတယ်။

From Twitter to X: Elon Musk faces major trademark challenges following sudden rebrand - World Trademark Review

Musk ရဲ့ ရည်မှန်းချက်က အရွယ်ကြီး Screen မှာ ရှည်လျားတဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ X ကို Everything App အဖြစ် ဖန်တီးချင်တဲ့ သူ့ရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သတင်းတွေက သူဟာ YouTube ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး X ရဲ့ ဗီဒီယို App ကို အစောပိုင်းမှာ Amazon နဲ့ Samsung စမတ်တီဗီတွေအတွက် ဖြန့်ချိမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

YouTube TV ကို ၂၀၁၇ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ရုပ်သံလိုင်းတွေကို ယှဉ်ပြိုင်တဲ့ အခပေး အင်တာနက် တီဗီ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အဲဒီမှာ Fox News, ABC, CBS, NBC နဲ့ ESPN အပါအဝင် နာမည်ကြီး ရုပ်သံလိုင်း ၇၀ ကျော် ပါတဲ့အပြင် ရုပ်ရှင်နဲ့ တီဗီရှိုးတွေ ထည့်သွင်းထားပါတယ်။

Elon Musk's long obsession with the letter X | Fortune

X ဟာ စာသား ပို့စ်တွေကနေ ဗီဒီယို အသားပေး ပလက်ဖောင်းအဖြစ် ပြောင်းလဲမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးနောက်မှာ စမတ်တီဗီအတွက် App ထုတ်လုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လူ ၁၀ ယောက်မှာ ၈ ယောက်ဟာ X မှာ ဗီဒီယိုတွေ ကြည့်ကြတယ်လို့ သိရပါတယ်။

နှစ်များစွာကြာ အင်တာနက် ဗီဒီယို ပလက်ဖောင်းလောကမှာ သရဖူဆောင်းထားတဲ့ YouTube ကို Elon Musk ရဲ့ X က ယှဉ်ပြိုင်နိုင်မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : newyorkpost