Xiaomi Mi Mix 2S စမတ်ဖုန်းဟာ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ တရားဝင်ထုတ်ဖော်ပြသသွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Mi Mix 2S စမတ်ဖုန်းအတွက် ကြော်ငြာအသစ် ၂ ခုကို ထပ်မံထုတ်လုပ်ပြီး ကြော်ငြာလိုက်ပါတယ်။

Xiaomi ရဲ့ ကြော်ငြာတွေက Pacific Rim 2 ရုပ်ရှင်နဲ့ ဆက်စပ်ထားတာဖြစ်ပြီးတော့ Mi Mix 2S စမတ်ဖုန်းရဲ့ အရှေ့ဘက်ဒီဇိုင်းကိုပါ တွေ့မြင်လာရပါတယ်။ တရုတ်ဘာသာစကားနဲ့ ကြော်ငြာတာဖြစ်ပေမယ့်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ကြော်ငြာတစ်ခုလို့ပြောလို့ရပါတယ်။

Xiaomi Mi Mix 2S စမတ်ဖုန်းရဲ့ ဒုတိယကြော်ငြာမှာတော့ Mi Mix 2S စမတ်ဖုန်းမှာ အသစ်ပါဝင်လာမယ့် Face Unlock စနစ်အကြောင်းကို ဖော်ပြသွားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi Mix 2S စမတ်ဖုန်းမှာ လက်ရှိ Android စမတ်ဖုန်းမှာပါဝင်တဲ့ Face Unlock စနစ်တွေထက် ပိုကောင်းတဲ့ စနစ်တစ်ခုကို တွေ့လာရမှာပဲဖြစ်ပါတယ်။

Xiaomi Mi Mix 2S စမတ်ဖုန်းဟာ 6″ 18:9 Full HD+ Display နဲ့ Qualcomm Snapdragon 845 Processor ၊ RAM 8GB နဲ့အတူ Storage 256GB ပါဝင်လာမယ်လို့ သိရပါတယ်။