Xiaomi က 12 Series ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး Xiaom 12 , Xiaomi 12 Pro နဲ့ Xiaomi 12X တို့ ပါဝင်ပါတယ်။ Xiaomi 12 Series ကို ဥရောပ၊ အရှေ့တောင်အာရှ၊ အရှေ့ အလယ်ပိုင်းနဲ့ လက်တင် အမေရိကတို့မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Xiaomi 12

Xiaomi 12 နဲ့ 12 Pro တို့ကို တရုတ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပေမယ့် Xiaomi 12X ကတော့ အသစ် ဖြစ်ပါတယ်။ 12X မှာ စွမ်းရည်သင့် Snapdragon 870 Chip သုံးထားတဲ့အတွက် ဈေးနှုန်းက သင့်တင့် ချိုသာပါတယ်။

Xiaomi 12 Pro price

Xiaomi 12 Pro 8/256GB ကို ဒေါ်လာ ၁,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၇၈၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ 12/256GB Version ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ Xiaomi 12 8/128GB ကို ၇၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၃၃၀,၀၀၀ ဝန်းကျင်ကျသင့်ပါတယ်။ 8/256GB Version ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Xiaomi 12X 8/128GB ကို ၆၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၁၅၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ 256GB Version ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Xiaomi 12

Xiaomi 12, 12 Pro နဲ့ 12X အတွက် အညို၊ ခရမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ရောင်းချထားတဲ့ Green Leatherette အရောင် မပါလာပါဘူး။ Xiaomi 12 Series ကို ဝယ်ယူသူတွေဟာ YouTube Premium နဲ့ YouTube Music Premium ကို ၃ လ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး ကြော်ငြာတွေ မမြင်ရသလို တချို့ ဗီဒီယိုတွေကို Offline ကြည့်ဖို့ Download လုပ်နိုင်မှာပါ။

Xiaomi 12

Ref : gizmochina