အခုနှစ်အတွက် Xiaomi နောက်ထပ် Flagship Series ဖုန်းတွေဖြစ်တဲ့ Xiaomi 12T နဲ့ 12T Pro တွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေဆက်တိုက်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Xiaomi ကနေ အဆိုပါ Xiaomi 12T Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် Xiaomi ဟာ လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ အရင်ဆုံးမိတ်ဆက်မှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတခြားသောနိုင်ငံစျေးကွက်တွေမှာပါ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Xiaomi ကနေ ယခု Event Poster ကို “Make Moments Mega” လို့ ခေါင်းစဥ်တပ်ထားပြီး ဒါကလည်း Xiaomi 12T Pro မှာ ပထဆုံးအနေနဲ့ 200MP Camera Sensor ကို အသုံးပြုလာမှာကို ရည်ရွယ်ပြီး ရေးသားထားတာဖြစ်နိုင်ပါတယ်။ အဆိုပါ Event မှာ Xiaomi 12T Series ဖုန်းတွေအပြင် Redmi Pad Tablet အသစ်နဲ့ Redmi TWS Earbuds အသစ်တွေကိုပါ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Xiaomi 12T Pro ဖုန်းမှာ အသုံးပြုလာမယ့် 200MP Camera Sensor ဟာ လုံးဝကမ္ဘာ့ပထမဆုံးတော့ ဖြစ်လာမှာမဟုတ်ဘဲ အစောပိုင်းတုန်းက Moto X30Pro/Edge 30 Ultra ဖုန်းမှာ အသုံးပြုထားတဲ့ Samsung ISOCELL HP1 Sensor ကိုပဲ အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena