Xiaomi ဟာ 200MP ကင်မရာ ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းက Xiaomi 12T Pro ဖြစ်ပါတယ်။ 12T Pro နဲ့အတူ 12T ကိုပါ ကြေညာမှာပါ။

Xiaomi 12T and 12T Pro specs and prices leak - slightly cheaper than the 12 series in Europe - GSMArena.com news

အဲဒီဖုန်း  ၂ လုံးစလုံးမှာ ၆.၆၇ လက်မ AMOLED 1220x2712p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ နဲ့ QHD+ အကြား ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားမှာပါ။

The Xiaomi 12T Pro (left) and 12T (right) differ mainly in the choice of chipset and main camera

တူညီတဲ့ 5,000mAh ဘက်ထရီ နဲ့ 120W Fast Charging ထည့်သွင်းထားမှာပါ။ Xiaomi 12T Pro မှာ 200MP ကင်မရာ ပါလာမှာ ဖြစ်ပြီး OIS ထောက်ပံ့ထားမှာပါ။ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8/12GB LPDDR5 RAM နဲ့ 256GB Storage ပါလာမှာပါ။

ရိုးရိုး Xiaomi 12T မှာ 108MP Main ကင်မရာ တပ်ဆင်ထားမှာပါ။ 12T နဲ့ 12T Pro ရဲ့ ကျန်တဲ့ ကင်မရာတွေက တူညီမှာ ဖြစ်ပြီး 8MP Ultrawide , 2MP Macro ကင်မရာတွေ ပါလာမှာပါ။

12T မှာ Qualcomm Chip အစား Dimensity 8100 Ultra ကို သုံးထားမှာဖြစ်ပြီး 8GB RAM , 128/256GB Storage တွေ ထုတ်လုပ်ထားမှာပါ။

Xiaomi 12T Pro ကို ဥရောပမှာ ၈၅၀ ယူရို၊ 12T ကို ၆၅၀ ယူရိုနဲ့ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi 12T ကို နောက်တစ်ပတ်မှာ ကြေညာနိုင်ပြီး Pro ဟာ 200MP ကင်မရာ ပါတဲ့ Moto Edge 30 Ultra ကို ယှဉ်ပြိုင်မှာပါ။

Ref : gsmarena