နှစ်သစ်ရောက်ဖို့ နီးလာတာနဲ့အမျှ ကုမ္ပဏီတွေဟာ စွမ်းရည်မြင့် ဖုန်း အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေကြပါတယ်။ အခုတော့ စွမ်းရည်မြင့် Xiaomi 13 Series ရဲ့ သတင်းအချက်အလက်တချို့ ပေါက်ကြားလာပါတယ်။

Xiaomi 13 series poster

Xiaomi 13 နဲ့ 13 Pro ရဲ့ အဓိက သတင်းအချက်အလက်တွေကို ဝီဘိုမှာ NoteBookCheck က မျှဝေထားပါတယ်။ Xiaomi CEO Lei Jun က Mi 11 Ultra လိုပဲ Ultra မော်ဒယ်အသစ်ကို ကြေညာမယ်လို့ အတည်ပြုထားပြီးပါပြီ။

ပေါက်ကြားသတင်းအရ Xiaomi 13 မှာ ၆.၃၈ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရပြီး Xiaomi 12 ရဲ့ ၆.၂၈ လက်မထက်  အနည်းငယ် ပိုကြီးလာမှာပါ။ Full HD+ Resolution ထောက်ပံ့ထားမှာပါ။ 13 Pro မှာတော့ 12 Pro နဲ့ တူညီတဲ့ ၆.၇၃ လက်မ QHD+ မျက်နှာပြင် ထည့်သွင်းထားမှာပါ။

Xiaomi 13 series projected to land with choices of flat or curved displays with new bezel-shrinking technology - NotebookCheck.net News

ဒီသတင်းဟာ မသေချာသေးတာကို သတိပြုပါ။ အရင်က သတင်းတွေအရ Qualcomm Snapdragon 8 Gen 2 SoC ကြေညာပြီးနောက် မကြာခင်မှာ Xiaomi 13 Series ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ Xiaomi ဟာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset တွေကို အစောဆုံး အသုံးပြုတဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း Xiaomi 13 Series မှာ Snapdragon 8 Gen 2 ကို ထည့်သွင်းထားနိုင်ပါတယ်။ Xiaomi ဟာ နောက်ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းတွေရဲ့ ကင်မရာတွေအတွက် Leica နဲ့ ပူးပေါင်းထားပါတယ်။

Ref : gizmochina