Xiaomi က 13 Series ကို ဖန်တီးနေပြီး နောက်ထွက်မယ့် စွမ်းရည်မြင့် Snapdragon 8 Gen 2 Chipset ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အရင်နှစ် ဒီဇင်ဘာလက Xiaomi ဟာ 12 Series ကို ကြေညာခဲ့ပြီး အခုတော့ Xiaomi ဟာ 13 Series ကို အရင်မျိုးဆက်ထက် စောကာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi 13 and Xiaomi 13 Pro to arrive sooner than expected -  NotebookCheck.net News

နာမည်ကြီး တရုတ် Tipster က Xiaomi 13 Series အကြောင်း သတင်းပေးလာပါတယ်။ ကုမ္ပဏီဟာ အရင်နှစ်က Xiaomi 12 , Xiaomi 12X နဲ့ Xiaomi 12 Pro ကို ကြေညာခဲ့ပြီး ဒီနှစ်မှာတော့ အနည်းဆုံး မော်ဒယ် ၂ မျိုးကို မိတ်ဆက်မှာ ဖြစ်ကာ အဲဒါတွေက Xiaomi 13 နဲ့ 13 Pro တို့ ဖြစ်ပါတယ်။

Early Xiaomi 13 and Xiaomi 13 Pro builds signify mid-Q4 2022 release -  NotebookCheck.net News

Xiaomi 13 Series ကို Android 13 နဲ့ စမ်းသပ်နေပြီး အရင်နှစ်ကထက် ၁ လ စောတဲ့အတွက် Xiaomi 13 Series ကို နိုဝင်ဘာလ ကြေညာနိုင်တယ်လို့ Tipster က ပြောပါတယ်။ Xiaomi 13 Series မှာ Snapdragon 8 Gen 2 Chipset ပါလာနိုင်တဲ့အတွက် Qualcomm ဟာ အဲဒီ Chipset ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Xiaomi 13 ရဲ့ လျှို့ဝှက်အမည်ဟာ Nuwa ဖြစ်ပြီး မော်ဒယ်နံပါတ်က 2211133C ဖြစ်ပါတယ်။ Xiaomi 13 Pro ရဲ့ လျှို့ဝှက်အမည်က Fuxi ဖြစ်ပြီး မော်ဒယ်နံပါတ်က 2210132C ဖြစ်ပါတယ်။

Xiaomi 13 ဟာ အရင်မျိုးဆက်လိုပဲ ကျစ်လစ်တဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်နိုင်ပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ ဘေးဘက်ကွေးညွှတ်တဲ့ OLED မျက်နှာပြင် ပါလာနိုင်ပြီး Punch Hole ကို မျက်နှာပြင် အထက် အလယ်မှာ တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာနိုင်ပြီး အနောက်ဘက်မှာ Leica ရဲ့ ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina