Xiaomi က အသစ်မိတ်ဆက်လိုက်တဲ့ 13 Series မှာ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာ ပါလာပါတယ်။

Xiaomi

အဲ့ဒါက Nano Skin နည်းပညာ အသစ်ဖြစ်ပြီး အဲဒီဒြပ်ထုကို ဖုန်း အနောက်ဘက်မှာ အသုံးပြုထားပါတယ်။ Nano Skin နည်းပညာက သန့်ရှင်းရေးလုပ်ရင် လွယ်ကူစေပြီး ဖုန်မကပ်အောင် ကူညီပေးပါတယ်။

Xiaomi 13 Series Pre-orders Initiated Without an Official Launch - WhatMobile news

တရားဝင် Teaser Video မှာ ဖုန်း အနောက်ဘက်ကို ဆေးရောင်စုံ သုတ်လိမ်းထားတာ မြင်ရပါတယ်။ အဲဒီ ဆေးတွေကို စက္ကူနဲ့ လွယ်ကူစွာ ရှင်းလင်းနိုင်တာကို တွေ့ရပါတယ်။ အဲဒီအတွက် Xiaomi 13 Series ဟာ ဒီဇိုင်းလှပရုံသာမက သန့်ရှင်းရေးလုပ်ရတာလည်း လွယ်ကူမှာ ဖြစ်ပါတယ်။

Xiaomi 13 Series မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး Pro မော်ဒယ်မှာ 50MP ၁ လက်မ ဆန်ဆာနဲ့ 75mm Leica Telephoto Lens ပါပါတယ်။ Xiaomi က 13 Series ကို ဒီဇင်ဘာလ ၁ ရက်နေ့ ကြေညာဖို့ မူလက စီစဉ်ထားပေမယ့် ဒီဇင်ဘာလ ၁၁ရက်နေ့ကျမှပဲ မိတ်ဆက်နိုင်ခဲ့တာပါ။

Ref : gizmochina