Xiaomi က တရုတ်မှာ Xiaomi 14 နဲ့ 14 Pro ကို ကြေညာလိုက်ပါတယ်။ Xiaomi 14 ဟာ အရွယ်အစား ပိုသေးငယ်ပြီး စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ Module က နည်းနည်းတော့ထူပါတယ်။ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အလယ်မှာ သတ္တု ဖရိမ် တပ်ဆင်ထားပါတယ်။

Xiaomi 14 မှာ TCL နဲ့ Xiaomi တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Huaxing C8 AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 6.36” 1.5K မျက်နှာပြင် ဖြစ်ပြီး 120Hz LTPO Refresh Rate ထောက်ပံ့ထားပါတယ်။ လက်ရှိ စမတ်ဖုန်း မျက်နှာပြင်တွေထဲမှာ အမြင့်ဆုံး 3,000 Nits Peak Brightness ပါပါတယ်။ မျက်နှာပြင်ဟာ HDR 10+ , HLG နဲ့ Dolby Vision ထောက်ပံ့ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

Leica ရဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Hunter 900 Main (OIS), 50MP Ultrawide နဲ့ 50MP Telephoto (OIS) တို့ ဖြစ်ပါတယ်။ Variable Aperture လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Dolby Atmos စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားပြီး ဗီဒီယို ရိုက်တဲ့ အခါ ၃၆၀ ဒီဂရီ အသံ ဖမ်းယူနိုင်တဲ့ မိုက်ကရိုဖုန်း ၄ လုံး ပါပါတယ်။

Snapdragon 8 Gen 3 Processor မောင်းနှင်ထားပြီး 16GB LPDDR5x RAM နဲ့ 1TB UFS 4 Storage အထိ ရွေးချယ်နိုင်ပါတယ်။ အပူစုပ်ယူတဲ့ စနစ် ထည့်သွင်းထားပါတယ်။ 90W Wired, 50W Wireless နဲ့ 10W Reverse Wireless Charging ထောက်ပံ့တဲ့ 4,610mAh Battery ပါပါတယ်။ Android 14 အခြေပြု Xiaomi ရဲ့ OS အသစ် ဖြစ်တဲ့ HyperOS မောင်းနှင်ထားပါတယ်။

Black , White, Pink နဲ့ Rock Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8GB+256GB ကို ၃,၉၉၉ ယွမ် (၅၄၆ ဒေါ်လာ)၊ 12GB+256GB ကို ၄,၂၉၉ ယွမ်နဲ့ 16GB+512GB ကို ၄,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ စွမ်းရည် အမြင့်ဆုံး 16GB+1TB ကို ၄,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gizmochina