Xiaomi 14 နဲ့ Qualcomm  Snapdragon 8 Gen 3 ရဲ့ သတင်းတွေ ထွက်လာပါတယ်။ Snapdragon 8 Gen 3 ကို Xiaomi 14 Series နဲ့အတူ မိတ်ဆက်မယ်လို့ သိရပါတယ်။

Xiaomi 14 series to be revealed very soon, the design of Xiaomi 14 Pro is finalized! - xiaomiui

Qualcomm က အောက်တိုဘာလမှာကျင်းပမယ့် Snapdragon Summit 2023 မှာ နောက်မျိုးဆက်စွမ်းရည်မြင့် Chipset ကို ကြေညာမှာပါ။ အဲဒီပွဲပြီးနောက်မှာ Xiaomi က Android 14 အခြေပြု MIUI 15 ကို မိတ်ဆက်မှာ ဖြစ်ပြီး Xiaomi 14 Series အကြောင်းကို ပြောမှာပါ။

Xiaomi 14 Series ကို အကြို မိတ်ဆက်မယ့်ပုံပေါ်ပါတယ်။ Xiaomi 14 ကို နိုဝင်ဘာလမှာ တကယ် ကြေညာမှာ ဖြစ်ပြီး အဲဒီဖုန်းတွေမှာ Stable MIUI 15 ပါလာမှာပါ။

Apple ရဲ့ iPhone အသစ်ကို စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်တဲ့အတွက် Qualcomm ရဲ့ Chipset အသစ်ကို အောက်တိုဘာလမှာ မိတ်ဆက်ဖို့ကောင်းပါတယ်။

အဲဒီနောက် နိုဝင်ဘာလမှာ Xiaomi 14 ကို ကြေညာမှာပါ။ အဲဒီနောက်မှာ Snapdragon 8 Gen 3 ပါတဲ့ vivo , OPPO , ZTE တို့ရဲ့ ဖုန်းတွေ ထွက်လာမှာပါ။

Xiaomi 14 Pro leak reveals Snapdragon 8 Gen 3, 5000mAh battery, & up to 120W fast charging - Gizmochina

ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းက Snapdragon 8 Gen 2 ပါတဲ့ ပထမဆုံးဖုန်းဟာ vivo X90 Pro+ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ iQOO  11, 11 Pro နဲ့ Xiaomi 13 Series တွေ ထွက်လာပါတယ်။

Snapdragon 8 Gen 3 ကိုတော့ Xiaomi 14 Series နဲ့ ကြေညာမှာပါ။ အဲဒီ Chipset မှာ Cortex-X4 Core ၁ လုံး၊ Cortex-A720 Core ၅ လုံးနဲ့ Cortex-A520 Core ၂ လုံး ထည့်သွင်းထားမှာပါ။

Ref : gizmochina