Xiaomi က 14 Series ကို ဒီလထဲ ကြေညာမယ်လို့ ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။ အဲဒီ ဖုန်းတွေမှာ Leica ကင်မရာတွေ တပ်ဆင်ထားမယ်လို့လည်း အသိပေးထားပြီး Leica က အဲဒီ ဖုန်းတွေအတွက် အရည်အသွေး အကောင်းဆုံး Summilux Lens တွေ တပ်ဆင်ပေးထားမှာပါ။

Xiaomi 14 series is arriving this month, partnership with Leica confirmed

Xiaomi 14 Series မှာ Image Sensor အသစ် ထည့်သွင်းထားမှာ ဖြစ်ပေမယ့် ဘယ်ဖုန်းမှာ ထည့်ပေးထားမလဲ ဆိုတာနဲ့ ရည်ရွယ်ချက်ကို မသိရသေးပါဘူး။

Xiaomi 14 series coming this month, partnership with Leica confirmed -  GSMArena.com news

Xiaomi 14 Series မှာ Snapdragon 8 Gen 3 Chipset အသစ်ကို ထည့်သွင်းထားနိုင်ပါတယ်။ Lei Jun ဟာ Snapdragon Chip အသစ်တွေကို ကြေညာတဲ့ ဟာဝိုင်အီက Qualcomm Summit မှာ တက်ရောက်စကားပြောလေ့ ရှိပါတယ်။ သူဟာ Xiaomi နဲ့ Qualcomm တို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပြောလေ့ ရှိပြီး နောက်မျိုးဆက် စွမ်းရည်မြင့် Xiaomi ဖုန်းတွေ ကြေညာမယ့် အချိန်ကိုလည်း အသိပေးလေ့ ရှိပါတယ်။

Xiaomi 14 Series မှာ Xiaomi 14 နဲ့ Xiaomi 14 Pro တို့ ပါလာနိုင်ပါတယ်။ အဲဒီ ဖုန်းတွေကို တရုတ်မှာ အရင်ဆုံး ရောင်းချနိုင်ပြီး HyperOS အသစ် ထည့်သွင်းထားနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena