တရုတ် ဖုန်း ကုမ္ပဏီတွေဟာ 5G ကနေ 6G ကို ပြောင်းလဲဖို့ ကြိုးစားနေကြပြီး အဓိက ခြေလှမ်း တစ်ခု ဖြစ်တဲ့ 5.5G (5G-A) ကို အသုံးပြုလာကြပါတယ်။ အခုတော့ တရုတ်က Xiaomi 14 Ultra မှာ 5.5G စွမ်းရည် ရသွားပါပြီ။

တရုတ် ဖုန်း ကုမ္ပဏီတွေဟာ China Telecom နဲ့ ပူးပေါင်းပြီး 5.5G နည်းပညာကို အဆင့်မြှင့်နေကြပါတယ်။ vivo X100 Pro နဲ့ OPPO Find  X7 Series မှာ ဧပြီလကစတင်ကာ 5.5G (5G-A) ကို ရကြမှာပါ။

China Mobile ရဲ့ စမ်းသပ်ချက်အရ Xiaomi 14 Ultra ဟာ 5132 Mbps အမြန်နှုန်း ရထားပါတယ်။ 5G နဲ့ နှိုင်းယှဉ်ရင် 5.5G နည်းပညာဟာ Speed ၊ Latency နဲ့ Energy Efficiency အပိုင်းမှာ အများကြီး တိုးတက်လာပါတယ်။ အင်တာနက် အမြန်နှုန်းဟာ ၁၀ ဆ ပိုကောင်းလာပါတယ်။

Xiaomi 14 Ultra ရဲ့ 5 Gbps Mobile Network ဟာ အထင်ကြီးစရာ ကောင်းပါတယ်။ Millisecond Level Latency ကို ထောက်ပံ့မှာ ဖြစ်ပြီး 10 Gigabit Download နဲ့ 1 Gigabit Upload ကို ရနိုင်ပါတယ်။

5.5G နည်းပညာကို တရုတ်က မြို့ အချို့နဲ့ ဖုန်း မော်ဒယ် အချို့မှာပဲ စမ်းသပ်နေတာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ 6G မရောက်ခင်မှာ 5.5G နည်းပညာဟာ အလွန် အကျိုးရှိလာမှာ ဖြစ်ပါတယ်။

Ref : gizmochina