Xiaomi 14 Ultra ရဲ့ သတင်းနဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပြီး အခုတော့ GSMChina က Xiaomi 14 Ultra မှာ မျက်နှာပြင်အောက်ကင်မရာ ပါလာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီဖုန်းအတွက် မော်ဒယ် ၂ မျိုးထုတ်လုပ်ထားနိုင်ပြီး ၁ မျိုးမှာ မျက်နှာပြင်အောက်ကင်မရာနဲ့ နောက် ၁ မျိုးမှာ ရိုးရိုး ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။

Xiaomi 14 Ultra Hands on -1

ရိုးရိုး ကင်မရာ မော်ဒယ်ရဲ့ လျှို့ဝှက်အမည်တွေက “Aurora” နဲ့ “Aurorapro” တို့ ဖြစ်ပြီး မျက်နှာပြင်အောက်ကင်မရာ မော်ဒယ်ရဲ့ လျှို့ဝှက်အမည်က “Xiaomi Suiren” ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒီအမည်ပါတဲ့ ဖုန်း ၁ လုံးကို မကြာခင်က Geekbench Database မှာတွေ့လာရပြီး Snapdragon 8 Gen 3 Processor ထည့်သွင်းထားပါတယ်။

အဲဒီဖုန်းဟာ နောက်ထွက်မယ့် Xiaomi Mix 5 လို့ ထင်ခဲ့ကြပေမယ့် မကြာခင်က သတင်းအရ ဒါဟာ Xiaomi 14 Ultra လို့ ပြောကြပါတယ်။ အဲဒီဖုန်းဟာ Single-core နဲ့ Multi-core Test မှာ ၂၃၃၆ နဲ့ ၆၈၃၇ မှတ် အသီးသီး ရထားပါတယ်။

Discover - Xiaomi Global Home

Digital Chat Station က Xiaomi 14 Ultra မှာ Variable Aperture ပါတဲ့ 50MP Main Sensor (Sony LYT 900 with OIS) ပါလာမယ်လို့ ပြောပါတယ်။ တခြား ကင်မရာတွေက 50MP Telephoto , 50MP Periscope နဲ့ 50MP Ultrawide တို့ ဖြစ်ပါတယ်။

Xiaomi 14 Ultra မှာ တိုက်တေနီယမ် ဖရိမ်နဲ့ အဆင့်မြှင့်ထားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး ပါလာနိုင်ပြီး 90W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,180mAh Battery ထည့်ထားနိုင်ပါတယ်။

Xiaomi 14 Ultra ကို ဧပြီလမှာ Xiaomi Pad 7 Series နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gizmochina