Xiaomi 14 Ultra ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ရပြီး အခုတော့ အဲဒီဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။

Xiaomi 14 Ultra's full specs leak with images

Xiaomi 14 Ultra မှာ Snapdragon 8 Gen 3 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB LPDDR5X RAM နဲ့ 512GB UFS 4.0 Storage ထည့်သွင်းထားမှာပါ။ 1TB မော်ဒယ်ကို နိုင်ငံတချို့မှာ ရောင်းချနိုင်ပါတယ်။

Xiaomi 14 Ultra's full specs leak with images

Xiaomi 14 Ultra မှာ 6.73” 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1440p Resolution နဲ့ 3,000 Nits Peak Brightness ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ HDR10+ Support ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားမှာပါ။

အနောက်ဘက်မှာ 50MP ကင်မရာ ၄ လုံးတပ်ဆင်ထားမှာ ဖြစ်ပြီး LEICA Branding ပါလာမှာပါ။ ၁ လက်မ ဆန်ဆာ၊ Ultrawide ၁ လုံး၊ Telephoto ၁ လုံး ( 3.2x Zoom) နဲ့ Periscope Telephoto ၁ လုံး (5x Zoom) တို့ဖြစ်ပါတယ်။

Xiaomi 14 Ultra မှာ 90W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,300mAh Battery ပါလာမှာပါ။ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အလူမီနီယမ် ဖရိမ် တပ်ဆင်ထားမှာပါ။ တိုက်တေနီယမ် ဖရိမ် ပါတဲ့ မော်ဒယ်လည်း ထုတ်လုပ်ထားမှာပါ။

Xiaomi 14 Ultra ရဲ့ 16GB/512GB မော်ဒယ်ကို ၁,၆၁၅ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena