3C လို့ လူသိများတဲ့ တရုတ် CCC မှာ Xiaomi ရဲ့ 55W fast charger အသစ်ကို Certified ပေးလိုက်တာကို တွေ့ရပါတယ်။ ဒီသတင်းကို နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station ကတော့ Redmi ဖုန်းတွေအတွက်ဖြစ်နိုင်သလို Xiaomi flagship အတွက်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Power adapter ရဲ့ မော်ဒယ်နံပါတ်ကတော့ MDY-12-EQ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ Brick ရဲ့ ဆင့်ကဲပြောင်းလဲမှုအဖြစ် တွေ့မြင်ရပါတယ်။ အမြန်အားသွင်းနှုန်းကိုတော့ 11V at 5A အဖြစ်တွေ့ရပါတယ်။ Xiaomi ဟာ Power adapter တွေနဲ့ပတ်သက်လာရင် ကျယ်ပြန့်တဲ့ ပမာဏရှိနေပြီး Standard အသစ်တွေရော၊ အဟောင်းတွေရော မျိုးစုံ ရှိနေတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Redmi flagship တွေမှာ အခုအချိန်အထိ 33W ထက်မြင့်တဲ့ Fast charger ကို မတွေ့ရသေးပါဘူး။ လက်ရှိ Redmi K30 Ultra ကတော့ ဒီအမှတ်တံဆိပ်ထဲမှာ ဦးဆောင်သူအဖြစ် ရှိနေတာပါ။ Mi 10 Pro ကလည်း 65W charger နဲ့ ဆိုပေမယ့် 50W charging ကိုပဲ ထောက်ပံ့တာ ဖြစ်ပါတယ်။

အခု 3C မှာမြင်တွေ့ရတဲ့ 55W fast charger ကို အသစ်လို့ပြောရတဲ့အကြောင်းရင်းက ပိုပြီးကျစ်လျစ်သလို၊ ပိုပြီးထိရောက်တဲ့ ဖြေရှင်းမှုလည်း လာမယ့် Flagship နဲ့အတူ တွေ့မြင်ရမယ်လို့ မျှော်လင့်တာကြောင့် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် 55W charger ကိုကြည့်ခြင်းအားဖြင့် ကုမ္ပဏီဟာ  အမြန်အားသွင်းနှုန်းနဲ့ပတ်သက်ပြီး နောက်ထပ်ခြေလှမ်းတစ်ခုကို လှမ်းနေပြီဆိုတာကိုတော့ ပြောနိုင်ပါတယ်။

Ref: GSM Arena