Zawgyi

မၾကာေသးခင္ကမွ Xiaomi ကေန Mi Mix 3 ကို မိတ္ဆက္ခဲ့ပါတယ္။ အရမ္းထူးျခားတဲ့ ဒီဇိုင္းနဲ႔ အျမင့္စား Spec ေတြေၾကာင့္ လူၾကိဳက္အရမ္းမ်ားခဲ့ပါတယ္။ အဆိုပါ Mi Mix 3 မိတ္ဆက္ပြဲမွာ Mi Mix 3 နဲ႔ အတူ တစ္ျခား စိတ္ဝင္စားစရာေကာင္းတဲ့ ပစၥည္းေလးတစ္ခုကိုပါ ထပ္မံမိတ္ဆက္ေပးလိုက္ပါတယ္။ အဲ့တာကေတာ့ AI Speaker ေလးပါ။ အရင္ထုတ္ထားတဲ့ Speaker ေလးကိုပဲ ထပ္မံ အဆင့္ျမွင့္တင္ေပးထားတာျဖစ္ျပီး ေစ်းႏွုန္းကေတာ့ စိတ္ဝင္စားစရာ ပါပဲ။ $7 ပဲရွိတဲ့ အတြက္ အေတာ္ေလး ေစ်းသက္သာတယ္လို႔ ေျပာႏိုင္ပါတယ္။

ဒီဇိုင္းပိုင္းကေတာ့ အရင္ထြက္ခဲ့တဲ့ Xiaomi Mini Bluetooth Speaker နဲ႔ အေတာ္ေလးဆင္တူျပီး အရြယ္အစားေရာ ပံုစံပါ ဆင္တူပါတယ္။ ဒါေပမယ့္ ဒီ Speaker မွာေတာ့ Artificial Intelligence လို႔ေခၚတဲ့ အသိဥာဏ္တု ပါဝင္လာျပီး အေလးခ်ိန္ကလည္း 52 grams ထိ ေလးလာပါတယ္။ အဆိုပါ Speaker ေလးရဲ႕ ကိုယ္ထည္ကို ABS + PC ဆိုတဲ့ ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ျပီး အဆင္းရာေတြ ေတာ္ရံုမထင္ေစပဲ အေရာင္အေသြးကိုလည္း ေတာက္ပေစပါတယ္။ ထူးျခားခ်က္တစ္ခုကေတာ့ အရြယ္အစားနဲ႔ မမွ်ေအာင္ အသံအရည္အေသြး အရမ္းေကာင္းတာပဲ ျဖစ္ပါတယ္။ Speaker တစ္ခုလံုးကို ပိုမိုၾကီးမားတဲ့ သံလိုက္လိုင္းေတြနဲ႔ ျပဳလုပ္ထားျပီး ပိုမို ေကာင္းမြန္လာတဲ့ DRC (Dynamic Compression Algorithm) လို႔ေခၚတဲ့ အသံေတြကို ခ်ိန္ညွိေပးတဲ့ စနစ္ပါဝင္လို႔ အသံထြက္ကို ပိုမို က်ယ္ေလာင္ေစပါတယ္။

ဒီ Xiaomi XiaoAi Bluetooth Speaker မွာ ပါဝင္တဲ့ အဓိက Feature ကေတာ့ AI လို႔ေခၚတဲ့ အသိဥာဏ္တု ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဆိုပါ Speaker မွာပါဝင္တဲ့ AI ဟာ တရုတ္စကား တစ္မ်ိဳးတည္းကိုပဲ နားလည္ႏိုင္လို႔ တရုတ္စကားအသံုးျပဳေျပာဆိုတဲ့ အာရွႏိုင္ငံ တစ္ခ်ိဳ႕အတြက္ပဲ ရည္ရြယ္ေရာင္းခ်မွာပါ။ AI လုပ္ေဆာင္ခ်က္ကို အသံုးျပဳဖို႔အတြက္ စမတ္ဖုန္းနဲ႔ Speaker ကို ခ်ိတ္ဆက္ထားရမွာျဖစ္ျပီး Speaker က AI ေခၚဆိုတဲ့ ခလုတ္ေလးႏွိပ္လိုက္ရင္ XiaoAi လို႔ေခၚတဲ့ Xiaomi ရဲ႕ ကိုယ္ပိုင္ AI လုပ္ေဆာင္ခ်က္ကို အသံုးျပဳႏိုင္ပါျပီ။ အဆိုပါ XiaoAi က ဖုန္းေခၚဆိုတာေတြ သီခ်င္းဖြင့္ေပးတာေတြ လုပ္ေပးႏိုင္ပါတယ္။ ဘက္ထရီ ပမာဏ 480mAh ပါဝင္ျပီး ေလးဆယ့္ငါးရက္ Standby ထားႏိုင္ျပီး ဆက္တုိက္ဆိုရင္ေတာ့ ေလးနာရီ တိတိ အသံုးျပဳႏိုင္ပါတယ္။

Ref: Xiaomi Today

Unicode

မကြာသေးခင်ကမှ Xiaomi ကနေ Mi Mix 3 ကို မိတ်ဆက်ခဲ့ပါတယ်။ အရမ်းထူးခြားတဲ့ ဒီဇိုင်းနဲ့ အမြင့်စား Spec တွေကြောင့် လူကြိုက်အရမ်းများခဲ့ပါတယ်။ အဆိုပါ Mi Mix 3 မိတ်ဆက်ပွဲမှာ Mi Mix 3 နဲ့ အတူ တစ်ခြား စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းလေးတစ်ခုကိုပါ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့တာကတော့ AI Speaker လေးပါ။ အရင်ထုတ်ထားတဲ့ Speaker လေးကိုပဲ ထပ်မံ အဆင့်မြှင့်တင်ပေးထားတာဖြစ်ပြီး ဈေးနှုန်းကတော့ စိတ်ဝင်စားစရာ ပါပဲ။ $7 ပဲရှိတဲ့ အတွက် အတော်လေး ဈေးသက်သာတယ်လို့ ပြောနိုင်ပါတယ်။

ဒီဇိုင်းပိုင်းကတော့ အရင်ထွက်ခဲ့တဲ့ Xiaomi Mini Bluetooth Speaker နဲ့ အတော်လေးဆင်တူပြီး အရွယ်အစားရော ပုံစံပါ ဆင်တူပါတယ်။ ဒါပေမယ့် ဒီ Speaker မှာတော့ Artificial Intelligence လို့ခေါ်တဲ့ အသိဉာဏ်တု ပါဝင်လာပြီး အလေးချိန်ကလည်း 52 grams ထိ လေးလာပါတယ်။ အဆိုပါ Speaker လေးရဲ့ ကိုယ်ထည်ကို ABS + PC ဆိုတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အဆင်းရာတွေ တော်ရုံမထင်စေပဲ အရောင်အသွေးကိုလည်း တောက်ပစေပါတယ်။ ထူးခြားချက်တစ်ခုကတော့ အရွယ်အစားနဲ့ မမျှအောင် အသံအရည်အသွေး အရမ်းကောင်းတာပဲ ဖြစ်ပါတယ်။ Speaker တစ်ခုလုံးကို ပိုမိုကြီးမားတဲ့ သံလိုက်လိုင်းတွေနဲ့ ပြုလုပ်ထားပြီး ပိုမို ကောင်းမွန်လာတဲ့ DRC (Dynamic Compression Algorithm) လို့ခေါ်တဲ့ အသံတွေကို ချိန်ညှိပေးတဲ့ စနစ်ပါဝင်လို့ အသံထွက်ကို ပိုမို ကျယ်လောင်စေပါတယ်။

ဒီ Xiaomi Xiaoai Bluetooth Speaker မှာ ပါဝင်တဲ့ အဓိက Feature ကတော့ AI လို့ခေါ်တဲ့ အသိဉာဏ်တု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Speaker မှာပါဝင်တဲ့ AI ဟာ တရုတ်စကား တစ်မျိုးတည်းကိုပဲ နားလည်နိုင်လို့ တရုတ်စကားအသုံးပြုပြောဆိုတဲ့ အာရှနိုင်ငံ တစ်ချို့အတွက်ပဲ ရည်ရွယ်ရောင်းချမှာပါ။ AI လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် စမတ်ဖုန်းနဲ့ Speaker ကို ချိတ်ဆက်ထားရမှာဖြစ်ပြီး Speaker က AI ခေါ်ဆိုတဲ့ ခလုတ်လေးနှိပ်လိုက်ရင် XiaoAi လို့ခေါ်တဲ့ Xiaomi ရဲ့ ကိုယ်ပိုင် AI လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါပြီ။ အဆိုပါ XiaoAi က ဖုန်းခေါ်ဆိုတာတွေ သီချင်းဖွင့်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဘက်ထရီ ပမာဏ 480mAh ပါဝင်ပြီး လေးဆယ့်ငါးရက် Standby ထားနိုင်ပြီး ဆက်တိုက်ဆိုရင်တော့ လေးနာရီ တိတိ အသုံးပြုနိုင်ပါတယ်။

Ref: Xiaomi Today